အစဉ်အလာကြီးမားသည့် တပ်မတော်ကိုမြှင့်တင် ကမ္ဘာတည်သရွေ့ နိုင်ငံခိုင်မြဲရေးကြိုးပမ်း


Ministry of Information/ Naypyitaw / November 09, 2025
image_latest


မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အချက်အချာနေရာတွင် တည်ရှိနေသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံအကြားတွင် တည်ရှိနေသည့်အပြင် တောင်အာရှနှင့်အရှေ့တောင်အာရှကို ဆက်စပ်ပေးထားသည့် နေရာဒေသတွင်လည်း တည်ရှိနေသည်။ ကာကွယ်ရေးစွမ်းအားမြင့်မားသော နိုင်ငံများနှင့်လည်း ဆက်စပ်ပတ်သက်လျက်ရှိရာများသောအားဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းများနှင့် နီးကပ်စွာတည်ရှိနေသည်။ ပြည်တွင်းပထဝီအနေ အထားတွင်လည်း တောတောင်ထူထပ်ပြီး မြစ်ချောင်းအင်းအိုင်များ ပေါများစွာတည်ရှိနေသည့်အတွက် ကူးသန်းသွားလာရန် အကန့်အသတ်များရှိသည်ကို တွေ့ရသည်။

ပထဝီနိုင်ငံရေးနှင့် နိုင်ငံရေးပထဝီအခြေအနေအရပါ ထူးခြားသည့် အခြေအနေများ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသည် ယခုအချိန်ကတည်းက နိုင်ငံအတွက်ကောင်းကျိုးများ အပြည့်အဝရရှိခံစားအသုံးချနိုင်ရန် ကုန်းကြောင်း၊ ရေကြောင်းသာမက လေကြောင်းစွမ်းအားသည်လည်း မရှိမဖြစ်လိုအပ်သည့်အပြင် အင်အားကောင်းမွန်စေရန်၊ ခေတ်မီအဆင့်မြင့်စေရန် မဖြစ်မနေကြိုးပမ်းတည်ဆောက်ထားရမည်ဖြစ်သည်။ လေကြောင်းစွမ်းအား အရင်းအမြစ်များသည် နည်းပညာတိုးတက် ပြောင်းလဲမှုအပေါ် အဓိကတည်မှီနေသည်။ တပ်မတော်(လေ)အနေဖြင့် စွမ်းဆောင်ရည် အစဉ်ကောင်းမွန်နေစေရန် နည်းပညာတိုး တက်ပြောင်းလဲနေမှုကို မျက်ခြည်မပြတ် လေ့လာအကဲခတ်၍ ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။

“ရရှိပိုင်ဆိုင်ထားပြီးဖြစ်သည့် လေကြောင်းစွမ်းအားအရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချနိုင်စေရေး၊ စဉ်ဆက်မပြတ်လေ့ကျင့်ခြင်း၊ သုတေသနပြုစမ်းသပ် တီထွင်ထုတ်လုပ်ခြင်း၊ အလဟဿဆုံးရှုံးပျက်စီးထိခိုက်မှုမရှိအောင် အလေးထားလုပ်ဆောင်ခြင်းစသည့် လုပ်ငန်းစဉ်များကို ပျံသန်းရေး၊ စက်မှုလက်မှုနှင့်အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး (၃) ရပ် ပေါင်းစပ်ညှိနှိုင်းကာ တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ် စီမံလုပ်ဆောင်ကြရန်၊ တပ်မတော်၏ ကောင်းမြတ်သည့်အစဉ်အလာများကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်အောင် ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်သွားကြရန်” နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တိုက်တွန်းမှာကြားခဲ့သည်။

လတ်တလောကာလ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာမက ပြည်တွင်းတွင်ဖြစ်ပေါ်ကြုံ တွေ့ခဲ့ရသည့်အခြေအနေအရပ်ရပ်များတွင်ပါ လေယာဉ်/ရဟတ်ယာဉ်များ၊ ဒရုန်းနှင့် ယူအေဗွီများအပါအဝင် လေကြောင်းစွမ်းအားအရင်းအမြစ်များ မရှိမဖြစ်လိုအပ်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံအသီးသီးသည် လေတပ်အပါအဝင် လေကြောင်းစွမ်းအား ထုတ်လုပ်ဖြန့်ကြက်ပေးနိုင်သည့် တပ်ဖွဲ့အမျိုးမျိုးကို အင်အားတိုးတက်ရုံသာမက ခေတ်မီအဆင့်မြင့်စေရန်အတွက်ပါ တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်နေကြသည်။ တစ်ဖက်တွင်လည်း Non-State Actor များဖြစ်သည့် လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့အစည်းများ၊ ဝိသမစီးပွားရှာ လိုသည့် အဖွဲ့အစည်းများသည်လည်း လေကြောင်းဆိုင်ရာအရင်းအမြစ်များကို ပိုင်ဆိုင်အသုံးပြုလာနိုင်အောင် ကြိုးပမ်းနေကြသည်ကို လေ့လာတွေ့ရှိရသည်။

လက်ရှိကာလတွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအချို့သည် ၎င်းတို့လိုလားချက်အတိုင်း မဟုတ်သည့်အတွက် ရွေးကောက်ပွဲမဖြစ်မြောက်စေရန်၊ ပျက်ပြား စေရန် နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်လုပ်ဆောင် ဟန့်တားနေကြသည်ကိုတွေ့ရမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်နှင့်ပြည်သူ ပူးပေါင်းလက်တွဲချေမှုန်းမှုကြောင့် တဖြည်းဖြည်းအရေးနိမ့်လာသည်ကို တွေ့ရမည်။ ၎င်းတို့ခေတ္တစိုးမိုးထားသော နယ်မြေများကို တပ်မတော်ကတစ်ခုပြီးတစ်ခု ပြန်လည်ထိန်းချုပ်သိမ်းပိုက်လျက်ရှိပြီး ၎င်းတို့ခေတ္တ ထိန်းချုပ်ထားသည့် နယ်မြေများကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် နိုင်ငံပိုင်လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများ၊ ပြည်သူလူထု၏ နေအိမ်တိုက်တာနှင့် ပိုင်ဆိုင်မှုများကို တိုက်ခိုက်ဖျက်ဆီး လုယက်ယူဆောင်လျက်ရှိသည်။

ထို့ကြောင့် ပြည်တွင်းအကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုများကို ဟန့်တားချေမှုန်းရန် အထူးလိုအပ်ပြီး တပ်မတော်အနေဖြင့် ပြည်သူ လူထု၏ အကူအညီရယူကာ ဆက်လက်တိုက်ဖျက်ချေမှုန်းလျက်ရှိသည်။တပ်မတော်က တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်/ရဟတ်ယာဉ်များကို တပ်မတော်သားများက မြတ်နိုးတန်ဖိုးထားပြီး ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် ပျံသန်းကိုင်တွယ်အသုံးပြုထိန်းသိမ်းကာ စွမ်းရည်အဆင့်အတန်းမြင့်မားသော လေတပ်မတော်တစ်ရပ်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကမ္ပည်း မော်ကွန်းထိုး သက်သေထူပြကာ တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာများကို ဆက်လက်မြှင့်တင်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်အောင် ကြိုးပမ်းဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper - 3343 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download