အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 27, 2025
ဘားအံ ဩဂုတ် ၂၇
ကရင်ပြည်နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ပြည်နယ် ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ Civil အသင်းနှင့် Mechanical အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပွဲကစားချိန်အတွင်း တစ်ဖက် (၂)ဂိုးစီဖြင့်သရေကျနေခဲ့ကာ အချိန်ပိုတွင် Mechanical အသင်းက အနိုင်ဂိုးသွင်း၍ (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ က ဂိုးသွင်းအများဆုံးဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုနှင့် နေရာအလိုက်အကောင်းဆုံးအား ကစားသမားဆုများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသော Civil အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ငွေသားဆုနှင့်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က အနိုင်ရဗိုလ်စွဲသွားသော Mechanical အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဆုရအားကစားသမားများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အားကစားသမားများအား ရင်းနှီး နွေးထွေးစွာတွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်မည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်အခမ်းအနားသို့တက်ရောက်မည့် ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ လက်ခံတွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့က တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့ကို လူမှုရေးရာဝန်ကြီးဦးဆောင်၍ အဖွဲ့ဝင် (၁၇)ဦး တက်ရောက်ကြမည်ဖြစ်ရာ နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံ အသိပညာဗဟုသုတများရရှိစေရန်နှင့် လူငယ်များအကြားခေါင်းဆောင်မှု၊စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်း ကျင်မှုအရည်အချင်းများမြှင့်တင်ရန်ဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့ဆွေးနွေး ရမည့်ဆွေးနွေးပွဲခေါင်းစဉ်မျာကိုလည်း ကြိုတင်လေ့ကျင့်ပြင်ဆင်ထားပြီးဖြစ်သည့်အတွက် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်အောင်ကြိုးစားဆွေးနွေးကြစေလိုကာ ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ့အနာ ဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ တွင်ရရှိသည့်အတွေ့အကြုံများကို မှတ်သားထားပြီး မိမိပြည်နယ်ရှိ လူငယ်များကို ထပ်ဆင့်လက်ဆင့်ကမ်း ပြန်လည်မျှဝေပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့အား ငွေကျပ် ၉၃၈၁၀၀ဝိ/-(ကိုးဆယ့်သုံးသိန်းရှစ်သောင်းတစ်ထောင်) ကျပ်ကို ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်အခမ်းအနားသို့တက်ရောက်မည့် ကရင်ပြည်နယ်လူငယ် ကိုယ်စားလှယ် အဖွဲ့အား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။
Newspaper - 3524 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
