အစေ့ထုတ်ပြောင်းစိုက်မည့် နေရာများတွင် တောင်ယာခုတ်ထွင်မီးရှို့မှုကို ရှောင်ကြဉ်


Ministry of Information/ Naypyitaw / March 21, 2026
image_latest


မြန်မာ့ပြောင်း၏ အဓိကဝယ်လက်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ထိုင်း နိုင်ငံက တောင်ယာခုတ်ထွင်မီးရှို့ခြင်း မပြုလုပ်သည့်ဒေသများမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကိုသာ တင်သွင်းလျက်ရှိခြင်းကြောင့် အစေ့ထုတ်ပြောင်း(မိုး)စိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင် မီးရှို့ခြင်းမပြုလုပ်ရန် တောင်သူများအား အသိပေးတားမြစ်ထားသည်။ ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် မီးခိုးမြူနှင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး အစေ့ထုတ်ပြောင်း စိုက်ပျိုးမည့်နေရာများတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်း ရှိ မရှိကိုလည်း မိုးလေဝသဂြိုဟ်တုကဲ့သို့သော ခေတ်မီနည်းပညာများနှင့် စနစ်တကျစိစစ်သွားမည်ဖြစ်ရာ တောင်ယာခုတ်ထွင်မီးရှို့သည့်ဓလေ့ကို စွန့်ပယ်ကြရမည်ဖြစ်သည်။

 ပြောင်းကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စိုက်ပျိုးပြီး စိုက်ဧကအားဖြင့် တစ်သန်းကျော်ရှိကာ တန်ချိန် ၁ ဒသမ ၆ သန်းကျော်ထွက်သည်။ စိုက်ပျိုးထွက်ရှိသည့် ပြောင်းသုံးပုံနှစ်ပုံကို အဓိက ဝယ်ယူသူများဖြစ်သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ရေကြောင်းတို့မှတစ်ဆင့် တင်ပို့ရောင်းချသည်။ ပြောင်းတင်ပို့မှုမှရရှိသည့်ဝင်ငွေသည် မြန်မာ့လယ်ယာထွက်ကုန်များတွင် တတိယအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံနှင့် အနီးဆုံးစျေးကွက်ဖြစ်သည့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ရရှိရန် လိုအပ်လျက်ရှိရာ ပြောင်းစိုက်ဒေသများတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်း မပြုမှသာ ၎င်းထောက်ခံချက်ကို ရရှိနိုင်ကြမည်ဖြစ်သည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးထွက်ရှိသည့်ဒေသများတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်း ရှိ မရှိကို စင်ကာပူနိုင်ငံတွင်တည်ရှိသည့် အာဆီယံမိုးလေဝသဌာန (ASEAN Specialized Meteorological Centre - ASMC) မှပေးပို့သည့် fire hotspot ဖြစ်ပေါ်တွေ့ရှိမှုများကိုအခြေခံပြီး နောက်ကြောင်းပြန်စိစစ်သည့် အစီအစဉ်များဖြင့် စနစ်တကျစိစစ်၍ မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေး လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့က ထောက်ခံချက်များ ထုတ်ပေးနေခြင်းဖြစ်သည်။

မီးခိုးမြူငွေ့သည် တောင်ယာမီးနှင့် တောမီးကြောင့် အဓိကဖြစ်ပေါ်ခြင်းဖြစ်ပြီး နှစ်စဉ် မတ်လနှင့် ဧပြီလတို့တွင် မြန်မာ၊ ထိုင်း၊ လာအို နယ်စပ်ဒေသများ၌ လေထုညစ်ညမ်းမှုဒဏ်ကို ခံစားကြရ သည်။ PM2.5 အမှုန်အမွှားများကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ မျက်စိယားယံခြင်းနှင့် အဆုတ်ရောဂါတို့ ဖြစ်ပွားနိုင်ပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ဖြစ်ပေါ်နိုင်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် မီးလောင်ကျွမ်းသည့်နေရာ (fire hotspot) အရေအတွက် ပျမ်းမျှခြင်းအားဖြင့် ၃၇၀၀၀ ကျော်မှ ၅၆၀၀၀ ကျော်အထိ ဖြစ်ပေါ်လေ့ရှိသည်။ တောမီးလောင်ခြင်းနှင့် စိုက်ပျိုးမြေရှင်းလင်းခြင်း တစ်နည်းအားဖြင့် တောင်ယာခုတ်ထွင်မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် fire hotspot များကို ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးတွေ့ရှိရသည်ဟု သိရသည်။ မြန်မာနိုင်ငံအတွင်း fire hotspot ဖြစ်ပွားမှုအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၅၁၀၉၁ ခု ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၄၅၀၂၅ ခု တွေ့ရှိခဲ့ရာ ၆၀၆၆ ခု (၁၂ ရာခိုင်နှုန်း) လျော့နည်းသွားကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

မီးခိုးမြူငွေ့ လျော့နည်းသွားစေရန်အတွက် တောမီးလောင်ကျွမ်းမှုများ မဖြစ်ပွားစေရန် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်သလို ဒေသခံပြည်သူများသည်လည်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား ကွန်တို/တောင်စောင်း စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်း စနစ်ကျင့်သုံးခြင်း၊ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများနှင့် လူနေအိမ်များမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ မီးရှို့သည့်နည်းလမ်းအစား သဘာဝမြေသြဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်းတို့ကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာ၊ ထိုင်းနှင့် လာအို သုံးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် (Clear Sky Strategy 2024- 2030)ကို ရေးဆွဲထုတ်ပြန် အကောင်အထည် ဖော်လျက်ရှိသကဲ့သို့ ထိုင်းနိုင်ငံက မြန်မာ့ပြောင်းများ ဝယ်ယူရာတွင် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ကို တောင်းဆို၍ တောင်ယာခုတ်ထွင်မီးရှို့ခြင်းများ မပြုလုပ်ရန် အလေးအနက်ဆောင်ရွက်လာခြင်းဖြစ်ရာ တောင်သူများအနေဖြင့် အလေ့အထဟောင်းဖြစ်သည့် တောင်ယာမီးရှို့ခြင်းကို ရှောင်ကြဉ်ကြရန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ပါကြောင်း။ ။

Newspaper - 3476 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download