အနာဂတ်နိုင်ငံတည်ဆောက်နိုင်ရန် မဲရုံဆီသို့အတူတူသွားကြပါစို့


Ministry of Information/ Naypyitaw / December 28, 2025
image_latest


မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စနစ်အမျိုးမျိုးကျင့်သုံးခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ပြည်သူများတောင်းဆိုခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကလမ်းခင်း ပုံဖော်ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်ရွေးကောက်ပွဲတို့ကို လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့်အဓမ္မပြုလုပ်မှုများကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်ကို ခေတ္တရယူ၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ယနေ့(ဒီဇင်ဘာ ၂၈)ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင်ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ ရွေးကောက်ပွဲများ ကျင်းပနေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကိုအလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန်၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားများ မဲပေးနိုင်ရန် အစဉ်တစိုက်ဆောင်ရွက်ပေးခဲ့သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ပြီး ပြည်သူတစ်ရပ်လုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။

ဒီမိုကရေစီနိုင်ငံတွင် ရွေးကောက်ပွဲသည် အရေးကြီးသောကဏ္ဍဖြစ်သည်။ ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရသစ်တစ်ရပ်ကို ဖော်ဆောင်ပေးရသည်။ ရွေးကောက် ပွဲအား နိုင်ငံတော်ကို တာဝန်ယူထားသည့် အစိုးရက အကောင်အထည်ဖော်ပေးရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက “မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြီးဆုံးချိန်တွင် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းများနှင့် ပကတိအနေအထားများအရ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေမည့် နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာစောင့်ထိန်းနိုင်သူ၊ ဒေသနှင့်နိုင်ငံတော်အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံ့အကျိုးကို အမှန်တကယ်သယ်ပိုးဆောင်ရွက်နိုင်သူများကို မဲပေးရွေးချယ်သွားရန်လိုအပ်သည်။

လက်ရှိကာလတွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ခြင်းမရှိကြသည့် ပြည်တွင်း၊ ပြည်ပမှ အဖျက်သမားများက ရွေးကောက်ပွဲပျက်ပြားအောင် အမျိုးမျိုးအဖုံဖုံ နှောင့်ယှက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲမှ ပေါ်ပေါက် လာသော ဒီမိုကရေစီအခင်းအကျင်းဖြင့်သာ နိုင်ငံကို အကောင်းဆုံးတည်ဆောက် နိုင်သည်ကို မျက်ကွယ်ပြုပြီး လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် ဖျက်ဆီးနေကြသော်လည်း ဒီမိုကရေစီလုပ်ငန်းစဉ်များအား အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြပြီး နိုင်ငံတော်ကို တည်ဆောက်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် နှောင့်ယှက်သူများကို ဖယ်ရှားရှင်းလင်းပေးလျက်ရှိသည့်နည်းတူ မဲပေးခွင့်ရှိသူ နိုင်ငံသားများကလည်း ဆန္ဒမဲပေးခြင်းဖြင့် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်သော်လည်း မဲပေးနိုင် အောင်ဆောင်ရွက်ရေးမှာ အစိုးရ၏တာဝန်ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်အကျိုး စီးပွားကို အကောင်အထည်ဖော်နိုင်ရန် မဲပေးခြင်းဖြင့် ပါဝင်ကြရမည်ဖြစ်သည်။ ဆန္ဒမဲပေးရာတွင် လူရွေးချယ်မှု မှန်ကန်ရန်လိုအပ်ပြီး နိုင်ငံတော်မှ လျှောက်လှမ်းနေ သော ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်ပါက မဲစာရင်းတွင် ပါဝင်သူများအားလုံး ဆန္ဒမဲပေးကြရန်လိုသည်။ နိုင်ငံတော်အနေဖြင့် တရားမျှတပြီးလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်စေရန် လိုအပ်သည်များကို အတတ်နိုင်ဆုံးပြည့်စုံစေရန် ဆောင်ရွက်ပေးထားပြီး နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များလည်း လာရောက်လေ့လာနေကြပြီဖြစ်သည်။ မှန်ကန်သောရွေးကောက်ပွဲ၊ တရားမျှတသောရွေးကောက်ပွဲ၊ သိက္ခာရှိသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက် ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလိုလားသူ၊ နှောင့်ယှက်သူများက မည်သို့ပင် ဖျက်ဆီးနှောင့်ယှက်ကြသော်လည်း မိမိဒေသ၊ မိမိနိုင်ငံအနာဂတ် ကောင်းကျိုးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် ရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်အောင် နိုင်ငံတစ်ဝန်းရှိ မဲရုံများဆီသို့ မဲပေးခွင့်ရှိသူ ပြည်သူအားလုံး အတူတူသွားရောက်၍ မဲပေးကြခြင်းဖြင့် နိုင်ငံကောင်းကျိုးကို ဆောင်ကြဉ်းပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3393 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download