အနုပညာလုပ်ငန်းကို ကိုယ့်လူမျိုးတွေ တန်ဖိုးထားတတ်အောင် ဒီထက်ပိုပြီး မြှင့်တင်သွားမှာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲကြီးပြုလုပ်ပေးတဲ့အတွက်ကြောင့် လူငယ်တွေအတွက် ရှေ့ရေးလည်းကောင်းသလို ပညာလည်းရပါတယ်


Ministry of Information/ Naypyitaw / October 09, 2025
image_latest


မောင်အံ့ထူးကိုကို

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ၏ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲများကို အောက်တိုဘာ ၈ ရက်တွင် နေပြည်တော်ရှိ အမျိုးသားပြတိုက်၊ အမျိုးသား စာကြည့်တိုက်၊ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိအားကစားခန်းမတို့၌ အသီးသီးဆက်လက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -

မောင်သာတိုးအောင်

ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု

အဆင့်မြင့်ပညာအဆင့်

ဒုံမင်းအတီးပြိုင်ပွဲ

ဒုံမင်းအတီးပညာရပ်ဟာ လူတွေ သိပ်မသိကြတဲ့ ရှားပါးလာတဲ့ တူရိယာအမျိုးအစားဖြစ်တဲ့အတွက် ပျောက်ပျက်မသွားအောင် လက်ဆင့်ကမ်း ထိန်းသိမ်းတဲ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်၊၊ တိုင်းဒေသကြီးအဆင့် ဒုံမင်းအတီးပြိုင်ပွဲမှာကတည်းက ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ရွေးချယ်ခံခဲ့ရတာပါ၊၊ အခုပြိုင်ပွဲမှာတော့ မြိုင်ကြီးဟေမာသီချင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်၊၊ ဒုံမင်း တူရိယာကိုလည်း နှစ်သက်မြတ်နိုးတဲ့အတွက် ဆက်လက်ပြီးတော့ လေ့လာသင်ယူသွားမှာ ဖြစ်ပါတယ်၊၊ ပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိမယ်လို့တော့ မျှော်မှန်းထားပါတယ်၊၊

မောင်ဘုန်းမြတ်မော်

ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု

အဆင့်မြင့်ပညာ တယောအတီးပြိုင်ပွဲ

ကျွန်တော့်အနေနဲ့ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ အများကြီး လုပ်ဆောင်ခဲ့တဲ့အတွက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်၊၊ အရင်နှစ်က အဆင့်မြင့်ပညာအဆင့် တယောအတီးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဒုတိယဆုပဲ ရရှိခဲ့ပါတယ်၊၊ ဘုရားကျောင်းတွေမှာ တယောတီးခတ်မှုတွေ စတင်မြင်တွေ့ရကတည်းက တယောအတီးပညာရပ်ကို စိတ်ဝင်စားပြီး နည်းပြဆရာကောင်းတွေဆီမှာ စနစ်တကျလေ့လာ သင်ယူခဲ့ပါတယ်၊၊ မျိုးဆက်သစ်ညီအစ်ကိုမောင်နှမတွေကိုလည်း ကိုယ်တတ်ကျွမ်းသမျှ လက်ဆင့်ကမ်း ပေးသွားမှာပါ၊၊

စောအောင်ခွန်းသာ

ကရင်ပြည်နယ်ကိုယ်စားပြု

မဟာဂီတ(၁၀-၁၅)

ကျွန်တော်ယှဉ်ပြိုင်ခဲ့တဲ့ တေးသီချင်းကတော့ ဇမ္ဗူရောင်ကွန့်(ဘွဲ့) သီချင်းဖြစ်ပါတယ်၊၊ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး အားရကျေနပ်မှုရှိပါတယ်၊၊ တစ်ခါမှ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိခဲ့တဲ့ အတွက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်နယ်မှာ မဟာဂီတကို စတင်လေ့ကျင့်ကတည်းက ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရပါတယ်၊၊ မဟာဂီတ ဘာသာရပ်ကို မြန်မာ့မူ၊ မြန်မာ့ဟန် မပျောက်ပျက်သွားအောင် ထိန်းသိမ်းသင့်ပါတယ်၊၊ အခုပြိုင်ပွဲ ပြီးသွားရင် မဟာဂီတဘာသာရပ်ကို ဆက်လက်လေ့လာ သင်ယူသွားမှာ ဖြစ်ပါတယ်၊၊

မောင်ကျော်မင်းနိုင်

ကရင်ပြည်နယ်ကိုယ်စားပြု

အဆင့်မြင့်ပညာ

အက

နေပြည်တော်မှာတော့ အခုပထမဆုံးပြိုင်ဖူးတာပါ။ အနုပညာသက်တမ်းက နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ အခုလိုလာရောက်ယှဉ်ပြိုင်ရတဲ့အတွက် အလွန်စိတ်လှုပ်ရှားရသလို ပျော်ရွှင်ရပါတယ်။ အကပညာရပ်တွေကို ဆက်လက်လေ့လာ သင်ယူသွားပါမယ်။

မအေးစုငြိမ်း

ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

အခြေခံပညာ (၁၅-၂၀)

အက

မနှစ်ကတည်းက စတင်ပြီးယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတော့မရရှိခဲ့ပါဘူး။ ဒီနှစ်အတွက်လည်း အကောင်းဆုံး လေ့ကျင့်ပြင်ဆင်လာခဲ့ပြီး အ‌ကောင်းဆုံးလည်း ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပါတယ်။ အားရ မှုလည်းရှိပါတယ်။ ရှေ့ဆက်ပြီးတော့ အနုပညာလုပ်ငန်းတွေ အများကြီးလုပ်သွားဖို့ စိတ်ကူး ထားပါတယ်။ မင်းသမီးတွေထဲမှာ အားကျခဲ့တဲ့ ဆရာမတွေလည်း အများကြီးရှိပါတယ်။ ဗဟိုယှဉ် ပြိုင်မှုအတွက် အကောင်းဆုံး သင်ပေးခဲ့တဲ့ ဆရာမတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။

မဂင်္ဂါပုံပြင်

ချင်းပြည်နယ်ကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀)

အက

ဒီနှစ်မှ ပထမဆုံးအကြိမ် လာရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အခြေခံကဗျာလွတ်အက ကို စပြီးလေ့ကျင့်ခဲ့ပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲအတွက် သေသေချာချာ ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ အခုပြိုင်ခဲ့ပြီးတဲ့အပေါ်မှာလည်း အားရကျေနပ်မှုရှိပါတယ်။ ရှေ့ ဆက်ပြီးတော့လည်း ဆိုကရေးတီး ပြိုင်ပွဲကြီးမှာ ဆုမရမချင်း ယှဉ် ပြိုင်သွားမှာ ဖြစ်ပါတယ်။ အခြေခံပညာအဆင့် အောင်ပြီးသွားရင် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် ကို ဆက်တက်သွားမှာဖြစ်ပါတယ်။

မခတ္တာလှိုင်

မကွေးတိုင်းဒေသကြီးကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀)

အက

အရင်နှစ်ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီ ဖြစ်ပါတယ်။ ဆုတံဆိပ်တော့ ရရှိခဲ့ခြင်း မရှိသေးပါဘူး။ အခုသုံးကြိမ်မြောက်အတွက်ကိုလည်း အကောင်းဆုံး ပြင်ဆင်ထားခဲ့ပြီ ဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် မန္တလေးကို ဆက်လက်တက် ရောက်ပြီး သင်ယူလေ့လာသွားမှာ ဖြစ်ပါတယ်။

မလပြည့်ဝန်း

ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀)

အက

(၂၃)ကြိမ်မြောက်ကနေစပြီးတော့ အခု(၂၆)ကြိမ်မြောက်အထိ လေးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ (၂၄)ကြိမ်မြောက် မှာ အသက်(၁၀-၁၅)မှာ ငွေ တံဆိပ်ရရှိခဲ့ပါတယ်။ ဒီနှစ်အတွက်တော့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပါတယ်။ သမီးရဲ့ဧရာဝတီတိုင်း ဒေသကြီးဂုဏ်ကိုဆောင်နိုင်အောင် ဆရာမတွေနဲ့ သေချာသင်ယူခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အနုပညာလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သမီးတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ အနုပညာကို အသက်ကြီးတဲ့အထိ ဆက်ပြီးလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြိုင်ပွဲကြီးကိုကျင်းပနိုင်ဖို့ ဆောင်ရွက်ပေးကြတဲ့ သက်ဆိုင်ရာလူကြီးတွေကို ကျေးဇူးအများကြီးတင်ပါတယ်။

မောင်နန်းထိုက်ထွန်း

မွန်ပြည်နယ်ကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀)

ဆိုင်းတစ်ဦးချင်း

ဒါပထမဆုံးဗဟိုမှာ ယှဉ်ပြိုင်ဖူးတာပါ။ အချိန်က အနည်းငယ်ပဲ ရပေမယ့်ရှိသမျှအားတွေ အကုန်ထုတ်ပြီး လေ့ကျင့်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယှဉ်ပြိုင်ရတဲ့ သီချင်းမဲနှိုက်တဲ့အခါမှာလည်း ကိုယ်ကြိုက်တဲ့သီချင်းနဲ့ တစ်ထပ်တည်း ကျတဲ့အတွက် အားအလွန်ရခဲ့ပါတယ်။ ဆုရရှိဖို့လည်း မျှော်လင့်ပါတယ်။ အခုလို လာပြိုင်ရတဲ့အတွက် ရင်ခုန်ရပါတယ်။ စိတ်လည်း အလွန်လှုပ်ရှားပါတယ်။ ဒီလိုပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူ ပီတိဖြစ်ရပါတယ်။

မောင်ပိုင်ဇင်ဖြိုး

ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀)

ဆိုင်းတစ်ဦးချင်း

(၂၃)ကြိမ်မြောက်မှာ ‌ရွှေရခဲ့ပါတယ်။ (၂၄)ကြိမ်မြောက်မှာငွေ ရခဲ့ပါတယ်။ (၂၅)ကြိမ်မြောက်မှာ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီနှစ်အတွက်တော့ အားထည့်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီကိုလာပြီး ယှဉ်ပြိုင်ရတဲ့အတွက် ပျော်ပါတယ်။ စိတ်လည်းလှုပ်ရှားရပါတယ်။ ဒီပြိုင်ပွဲကြီးတွေကြောင့် နေပြည်တော်ကို ‌‌ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သုံးနှစ်သားကတည်းက စပြီးတော့ မောင်းကိုတီးခဲ့ပါတယ်။ ငါးနှစ်သားမှာ ဆိုင်းဝိုင်းကို စတီးခဲ့တာဖြစ်ပါတယ်။

မောင်ကောင်းခန့်ဇော်

မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀)

ဆိုင်းတစ်ဦးချင်း

(၂၃)ကြိမ်မြောက်မှာ ပတ္တလား အတီးကို ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး ငွေရရှိခဲ့ပါတယ်။ (၂၄)ကြိမ်မြောက် မှာ ပတ္တလားအတီးနဲ့ပဲ ရွှေရခဲ့ပါ တယ်။ ဒီနှစ်မှာလည်း ပတ္တလား အတီးရော ဆိုင်းတစ်ဦးချင်းပါ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးလည်း ပြင်ဆင်ထား ခဲ့ပါတယ်။ အခုလို လာ‌ရောက်ယှဉ် ပြိုင်ရတဲ့အတွက်လည်း ဝမ်းသာ ပီတိဖြစ်ရပါတယ်။

မောင်အံ့ထူးကိုကို

ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀)

ဆိုင်းတစ်ဦးချင်း

(၂၃)ကြိမ်မြောက်ကတည်းက စပြိုင်ခဲ့ပါတယ်။ အခု လေးကြိမ်မြောက် ပြိုင်ပွဲဝင်မှာ ဖြစ်ပါတယ်၊ (၂၃)ကြိမ်မြောက်မှာ ကြေးတံဆိပ် တစ်ဆု ရခဲ့ပါတယ်။ (၂၄)ကြိမ်မှာတော့ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်တစ်ခုရရှိခဲ့ပါတယ်။ (၂၅)ကြိမ်မှာလည်း ရွှေတံဆိပ်လေးခု ရရှိခဲ့ပါတယ်။ သုံးနှစ်သားကတည်းက စပြီးတော့အတီးကို ဝါသနာပါခဲ့ တာဖြစ်ပါတယ်။ အနုပညာလုပ်ငန်းကို ကိုယ့်လူမျိုးတွေ တန်ဖိုးထားတတ်အောင် ဒီထက်ပိုပြီး မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲကြီး ပြုလုပ်ပေးတဲ့အတွက်ကြောင့် လူငယ်တွေအတွက် ရှေ့ရေးလည်းကောင်းသလို ပညာလည်းရပါ တယ်။ ဆရာတွေအများကြီးနဲ့လည်း တွေ့ရတဲ့အတွက် အများကြီး လေ့လာခွင့်ရရှိခဲ့ပါတယ်။

မောင်ဇေယျာထွန်း

ကချင်ပြည်နယ်ကိုယ်စားပြု

အဆင့်မြင့်ပညာအက

ပထမဆုံးအကြိမ် ဗဟိုအဆင့်မှာ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ တစ်လကျော်ကျော်လောက် အကောင်းဆုံးပြင်ဆင် လေ့ကျင့်ခဲ့ပါတယ်။ ဒီပြိုင်ပွဲပြီးသွားရင် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေသွားဖို့ ရှိပါတယ်။ အခုလိုလာရောက်ယှဉ်ပြိုင်ရတဲ့အပေါ်မှာ စိတ်လှုပ်ရှားရသလို ပျော်ရွှင်ပီတိလည်း ဖြစ်ရပါတယ်။

သတင်းအဖွဲ့

Newspaper - 3312 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download