အပြုသဘောဆောင် အကောင်းမြင်စိတ်ဖြင့် အလုပ်သမားများအကျိုးဆောင်ရွက်


Ministry of Information/ Naypyitaw / June 08, 2025
image_latest


ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ဇွန်လ ၅ ရက်နေ့တွင်ပြုလုပ်သော မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်အား သက်ဆိုင်ရာနိုင်ငံမပါဘဲ တစ်ဖက်သတ် ချမှတ်ခဲ့သည်ကို ကြားသိကြရသဖြင့် မြန်မာနိုင်ငံအနေဖြင့် များစွာစိတ်ပျက်မိပါသည်။

အဆိုပါဆုံးဖြတ်ချက်မှာ ILO မျက်နှာစာမှတစ်ဆင့် မြန်မာနိုင်ငံအစိုးရအပေါ် အကောင်းမမြင်သည့်နိုင်ငံများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းမှုဆိုင်ရာ ကွန်ဗင်းရှင်းအမှတ်- ၈၇ နှင့် အဓမ္မစေခိုင်းမှုဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် - ၂၉ တို့ကို လိုက်နာမှုမရှိဟုအကြောင်းပြကာ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို မြန်မာနိုင်ငံက လိုက်နာ ဆောင်ရွက်စေရန်အတွက် တစ်ဖက်သတ်တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ခြင်းသည် ILO ဖွဲ့စည်းပုံနှင့် ကိုက်ညီခြင်းမရှိဘဲ မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးများကို သက်ဆိုင်သည့်နိုင်ငံမပါဝင်ဘဲ တစ်ဖက်သတ်ဆောင်ရွက်ခြင်းဖြစ်၍ ILO ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များပါဝင်သည့် သဘောသဘာဝအခြေအနေများကို ထိခိုက်စေပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် သမာသမတ်ကျမျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် လွဲမှားသည့် အကဲဖြတ်မှုဖြစ်သည်ကို တွေ့ရသည်။

ယင်းဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအတွင်း လူမှုရေးနှင့်အလုပ်သမားအခြေအနေကို အမှန်တကယ်ထိခိုက်စေမည့်ဘက်သို့ တွန်းပို့မည့်အစီအမံများ ဆောင်ရွက်ရန် အဆိုပြုထားခြင်းသည် ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ILO မျက်နှာစာမှ နိုင်ငံအချို့၏ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးဆောင်ရွက်ချက်များသည် အခြေခံလူတန်းစားအလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေပုံမှန်ရရှိမှုအပေါ် ခြိမ်းခြောက်မှုဖြစ်ပါသည်။ ထိုသို့ခြိမ်းခြောက်မှုကြောင့် အလုပ်သမား များ၏အခြေအနေ အသွင်ပြောင်းလဲလာနိုင်ခြင်းနှင့် ကောင်းကျိုးထက်ဆိုးကျိုး ပိုစေမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ကို သတိပြုသင့်ပါသည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)သို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစတင်၍ ဝင်ရောက်ခဲ့ပါသည်။ ILO အဖွဲ့ဝင်အဖြစ် အခြေခံကွန်ဗင်းရှင်း လေးခုတွင် လက်မှတ်ရေးထိုးပြီး ILO အဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများအပြင် မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အကျိုးစီးပွားကို တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် ILO အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် ကြိုးပမ်းဆောင်ရွက်မှုများကို လျစ်လျူရှုကာ မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်လာလျှင် တစ်ဖက်သတ်ဖိအားပေးမှုများကိုသာ ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် အခြေခံလူတန်းစားများအပေါ် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ပိုမိုသက်ရောက်စေနိုင်ပြီး မြန်မာနိုင်ငံရှိ အလုပ်သမားထုကြီးတစ်ခုလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ကြီး ILO အပေါ် ယုံကြည်အားထားစိတ် လျော့ပါးစေပါသည်။ မြန်မာနိုင်ငံအနေဖြင့် ILO ၏ မြန်မာ နိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (Col) အစီရင်ခံစာပါ အလုပ်သမားအကျိုးအတွက် အပြုသဘောဆောင်သော အကြံပြုတိုက်တွန်းချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးပို့အသိပေးလျက်ရှိသည်။ သို့သော် နိုင်ငံရေးရည်ရွယ်ချက်နှင့် ဖိအားများကြောင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင် ဆောင်ရွက်ချက်များကို အကောင်းမမြင်ဘဲ ဖိအားပေးလုပ်ဆောင်မှုများမှာ ဝမ်းနည်း စရာဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကွန်ဗင်းရှင်းအမှတ် - ၂၉ နှင့် ကွန်ဗင်းရှင်းအမှတ် - ၈၇ တို့ကို နိုင်ငံရှိ အလုပ်သမားနှင့် အလုပ်ရှင်များအကျိုးအတွက် မှန်မှန်ကန်ကန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အလုပ်သမားထုကြီး၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ တိုးတက်မှုရရှိရေး၊ လူမှုဘဝများဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးအတွက် ILO အဖွဲ့အပါအဝင် နိုင်ငံတကာအသိုက်အဝန်းများနှင့် ဆက်လက်ထိတွေ့လျက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို မထိပါးသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အစည်းအဝေးတွင် ကွန်ဗင်းရှင်းအမှတ် - ၂၉ နှင့် ကွန်ဗင်းရှင်းအမှတ် - ၈၇ တို့ကို အသုံးချ၍ နိုင်ငံရေးအရဖိအားပေးသော အာတီကယ် ၃၃ ကျင့်သုံးသည့် ဆုံးဖြတ်ချက်အဆို ချမှတ်မှုကို မြန်မာနိုင်ငံအနေဖြင့် စိတ်ပျက်ရပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ပါဝင်ပတ်သက်ခြင်းမရှိပါကြောင်း။   ။

Newspaper - 3187 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download