အများပြည်သူဝန်ဆောင်မှုရှေးရှု သတ်မှတ်စည်းမျဉ်းများကိုလိုက်နာ
အများပြည်သူဝန်ဆောင်မှုရှေးရှု သတ်မှတ်စည်းမျဉ်းများကိုလိုက်နာ
Ministry of Information/ Naypyitaw / April 01, 2026
ပြည်သူများ နေ့စဉ်လူမှုစီးပွားဘဝ၌ ရှောင်လွှဲ၍မရနိုင်သောပစ္စည်းမှာ လက်ကိုင်ဖုန်းဖြစ်သည်။ လက်ကိုင်ဖုန်းအသုံးပြု၍ မိမိတို့၏လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့အောင် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ကိုင်တွယ်အသုံးပြုလျက်ရှိသည့် လက်ကိုင်ဖုန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့်တန်းတူ စနစ်တကျဖြစ်စေရန်နှင့် တရားဝင်အသိအမှတ်ပြုပြီး လုံခြုံစိတ်ချစွာ ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် မိုဘိုင်းလက်ကိုင်ဖုန်းစနစ်တွင် ကြိုတင်မှတ်ပုံတင်နိုင်ရန် အစောပိုင်းကတည်းက အသိပေးဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ မိုဘိုင်းလက်ကိုင်ဖုန်းများဖြင့် နိုင်ငံအတွင်း တရားဝင်ဆောင်ရွက်ပေးနေသော မိုဘိုင်းအော်ပရေတာများ၏ ဆင်းကတ်များဖြင့်အသုံးပြုပါက စနစ်အနေဖြင့် မှတ်ပုံတင်ထားခြင်းရှိ/မရှိ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ပြည်သူများအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း ဟန်းဆက်အသစ် ဝယ်ယူရာတွင်ဖြစ်စေ၊ အသုံးပြုဆဲ မိုဘိုင်းလက်ကိုင်ဖုန်း(ဟန်းဆက်အဟောင်း) အသုံးပြုရာတွင်ဖြစ်စေ စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်းဖြစ်လျှင် စနစ်၏ ရည်ရွယ်ချက်အတိုင်း အသုံးပြု၍မရစေရန်စနစ်မှ ပိတ်သိမ်းသွားမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမဖြစ်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက အဆင်ပြေချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင် မည့်နည်းလမ်းများကို ကြိုတင်အသိပေးလျက်ရှိသည်။
လက်ကိုင်ဖုန်းနှင့်ပတ်သက်၍ IMEI နံပါတ်သတ်မှတ်ရခြင်းရည်ရွယ်ချက်ကို သိရှိနားလည်ထားရန်လိုအပ်သည်။ IMEI နံပါတ်သည် မိုဘိုင်းလက်ကိုင်ဖုန်း စတင်ထုတ်လုပ်သည့်အချိန်ကတည်းက ပါရှိလာသည့် ဖုန်းနှင့်ပတ်သက်သည့် အချက်အလက်အမှတ်အသားများဖြစ်သည်။ ဖုန်းအတုထုတ်လုပ်ခြင်းကို နောက်ဆုံးထုတ်ပြန်ထားသည့်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ခွဲခြားနိုင်သည်။ ဖုန်းတွင်ဖော်ပြ ထားချက်များသည် မူရင်းထုတ်လုပ်သူ၏ ထုတ်လုပ်ခြင်းဟုတ်/မဟုတ် စနစ်ကစစ်ဆေးသွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချို့နိုင်ငံများတွင် ဖုန်းအဟောင်း အပျက်များမှ အစိတ်အပိုင်းအချို့ကိုထုတ်ယူ၍ ပြန်လည်ပြုပြင်ထုတ်လုပ်ကြသည်။ အချို့ဆိုလျှင် ဖုန်းအသစ်ကဲ့သို့ ထုတ်လုပ်ရောင်းချခြင်း၊ ဒီဇိုင်းအသစ်၊ နာမည်အသစ်ဖြင့် တရားမဝင်လမ်းကြောင်းမှ ဈေးကွက်အတွင်း ဖြန့်ချိရောင်းချခြင်းများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ယင်းတို့သည် ဖုန်းအတုများသာဖြစ်ပြီး အိုင်တီနည်းပညာဖြင့် မူရင်းဖုန်း သတ်မှတ်ချက်များကိုကျော်လွှားကာ အသုံးပြုနိုင်အောင် ဆောင်ရွက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဖုန်းဆင်းကတ်တစ်ခုတည်းဖြင့် IMEI အများဆုံး နှစ်သောင်းကျော်အထိ မှတ်ပုံတင်မှုရှိလာသည်ဟု သိရသည်။ IMEI ဆိုသည်မှာ မိုဘိုင်းဖုန်း၏ သီးခြားသတ်မှတ်ထားသည့် ကုတ်နံပါတ်ဖြစ်ပြီး မသမာသူများလက်ထဲသို့ ရောက်ရှိစေပြီး ထိုသို့ရောက်ရှိနေခြင်းသည် အွန်လိုင်းလိမ်လည်သူများမှတစ်ဆင့် ဆောင်ရွက်နေမှုများကို မသိနိုင်သကဲ့သို့ဖြစ်စေသည်။ တရားဝင် မိုဘိုင်းအော်ပရေတာကွန်ရက်ထဲတွင် IMEI နံပါတ်တူများရှိလာနိုင်ပြီး အသုံးပြုချိန်တွင် အဆင်မပြေမှုများ၊ ပြဿနာများရှိလာနိုင်သည်ကို အခြားနိုင်ငံများတွင်ပါ တွေ့လာခဲ့သည်။
ယင်းအခြေအနေများကြောင့် တိကျမှန်ကန်သောစနစ်များကို ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မတိုင်မီက ဖုန်းအတုများရှိခဲ့သော်လည်း ခြွင်းချက်ကာလအတွင်း ဆက်လက်အသုံးပြုနိုင်သည်။ ထိုကာလအတွင်း ခွင့်ပြုစာရင်းတွင် အလိုအလျောက်ထည့်သွင်းနေစဉ် တွေ့ရှိရသည့် စံချိန်မမီသော မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် ခြွင်းချက်အနေဖြင့် အသုံးပြုလျက်ရှိသည့် ဆင်းကတ်များနှင့် ယှဉ်တွဲလျက်ရှိသည့် စနစ်တွင် သိမ်းဆည်းပြီး သုံးနှစ်ဆက်လက်အသုံးပြုခွင့်ပေးသွားမည်ဟု သိရသည်။ ဟန်းဆက်အတုလက်ဝယ်ရှိသူသည် အတုဖြစ်ကြောင်းသိသည့်အချိန် အခြားသူတစ်ဦးသို့ ရောင်းချခြင်းကို ကာကွယ်နိုင်ရန် အခြားနိုင်ငံများတွင် ဆောင်ရွက်သကဲ့သို့ မှတ်ပုံတင်ထားသည့် ဆင်းကတ်မှလွဲ၍ အခြားဆင်းကတ်ဖြင့် အသုံးပြုနိုင်ခြင်းမရှိအောင် ကြိုတင်တားမြစ်ထားသည်ဟု သိရသည်။
သို့ဖြစ်ရာ အခွန်ပေးဆောင်ထားပြီး မှတ်ပုံတင်သည့် CEIR စနစ်တွင် ခွင့်ပြုစာရင်းဝင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း ဟုတ်/မဟုတ်နှင့် ဆက်သွယ်မှုရပ်ဆိုင်းထားသော မိုဘိုင်းလက်ကိုင်ဖုန်း ဟုတ်/မဟုတ် စစ်ဆေးထားရန်လိုအပ်ပါသည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် မိုဘိုင်းလက်ကိုင်ဖုန်းများတွင် တရားဝင်မိုဘိုင်းအော်ပရေတာများ၏ ဆင်းကတ်ထည့်လိုက်သည့်အချိန်တွင် စနစ်မှကြိုတင်မှတ်ပုံတင်ထားခြင်းမရှိကြောင်းသိရှိပြီး အခွန်ပေးဆောင်ခြင်းမပြုမီ ယာယီသုံးစွဲခွင့်ကာလအနေဖြင့် စတင်ချိတ်ဆက်ပြီး ရက်ပေါင်း ၃၀ အသုံးပြုနိုင်သည်။ ထိုကာလတွင် အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဖုန်းသို့ အကြောင်းကြားမည်ဖြစ်၍ နိုင်ငံအတွင်း ဖုန်းအတုများဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ပြည်သူအကျိုးကိုရှေးရှုသည့် ဝန်ဆောင်မှု ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3487 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
