အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / December 16, 2025
စစ်တွေ ဒီဇင်ဘာ ၁၅
၂၀၂၅ ခုနှစ် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒေါက်တာ မှုထန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဂုဏ်ထူးဆောင်ဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းခံရသူများ တက်ရောက်ကြသည်။
ဦးစွာ (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို မင်္ဂလာစည်တော်နှင့် ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့တို့က “သျှိုင်ဒိုင်” တေးသီချင်းဖြင့် တီးခတ်သီဆို ကပြဖျော်ဖြေ၍ ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုတံဆိပ်ရရှိကြသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်အဆင့် စီမံထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းဆုရရှိသူများ၊ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၂) တွင် သင်တန်းသားထူချွန်ဆု (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်စီမံထူးချွန်ဆု (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်စက်မှုစီးပွားထူးချွန်ဆု (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (ပထမဆင့်) ရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က “လှပေါင်းစုံညီရခိုင်မြီ” တေးသီချင်းဖြင့် ကပြဖျော်ဖြေသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်စီမံထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်စက်မှုစီးပွားထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်စီမံထူးချွန်ဆု (တတိယဆင့်) ရရှိသူများ၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (တတိယဆင့်) ရရှိသူများ၊ ပြည်နယ်စက်မှုစီးပွားထူးချွန်ဆု (တတိယဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (တတိယဆင့်) ရရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်အပ်နှင်းခံရသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က “ရိုးမရံစီ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ဂုဏ်ထူးဆောင်ဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းခံရသူများနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို ချီးမြှင့်ငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဒေသခံမြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များကို ပြည်နယ်အစိုးရအဖွဲ့ဧည့်ဂေဟာ၌ တွေ့ဆုံပြီး ဒေသတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့နောက် အမှုဆောင်ချုပ်နှင့် အဖွဲ့သည် ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်းဆရာတော်ကြီးနှင့် ရွှေစေတီကျောင်းတိုက်ဆရာတော်တို့အား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ညနေပိုင်းတွင် အမှုဆောင်ချုပ်သည် တာဝန်ရှိသူများနှင့်အတူ ခိုင်သဇင်ခန်းမ၌ ကျင်းပသော (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်၍ ညစာကို အတူတကွသုံးဆောင်ကြပြီး ရခိုင်ပြည်နယ်ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် နိုင်ငံကျော် အနုပညာရှင်များ၏ အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်
Newspaper - 3381 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
