အမျိုးသားစည်းကမ်းကောင်းမွန်သည့် နိုင်ငံကြီးသားများ ဖြစ်လာစေရေး အလေးအနက်ထား၍ လေ့ကျင့်ပျိုးထောင်


Ministry of Information/ Naypyitaw / October 26, 2025
image_latest


စည်းကမ်းဆိုသည်မှာ မွေးရာပါဗီဇမဟုတ်ဘဲ လေ့ကျင့်ပေးရသည့် အရာသာဖြစ်သည့်အားလျော်စွာ အိမ်မှာ၊ ကျောင်းမှာစသည်ဖြင့် ငယ်စဉ်ကတည်းက စည်းကမ်းနှင့် အသားတကျဖြစ်အောင် သင်ကြားပေးကြရသည်။ ရဟန်းမှာ ဝိနည်း၊ ရွာကြီးမှာ စည်းရိုး၊ လူမျိုးမှာ စည်းကမ်းဟူသော ဆိုရိုးစကားနှင့်အညီ မြန်မာလူမျိုးတို့မှာ စည်းကမ်းကို အလေးထားကြသော လူမျိုးဖြစ်သည်။

ရှေးအခါက မြန်မာ့ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်းများကို အခြေပြု၍ စာရေး၊ စာဖတ်၊ အတွက်အချက် အခြေခံမှစကာ လောကီ၊ လောကုတ္တရာ အဆင့်မြင့်စာပေကျမ်းဂန်များအထိ သင်ကြားပေးကြခြင်းဖြစ်ပြီး အဆိုပါဘုန်းတော်ကြီးကျောင်းများကပင် ကျင့်ဝတ်၊ စည်းကမ်းများကိုပါ တစ်ပါတည်းသင်ကြားပေးလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ နယ်ချဲ့လက်အောက်သို့ ကျရောက်သွားသောအခါ လူမျိုးစည်းကမ်းဖောက်သော မြန်မာအချို့က နယ်ချဲ့အရှင်သခင်အသစ်ထံ အရှက်သိက္ခာကင်းမဲ့စွာ ဒူးထောက်ခစားခဲ့ကြခြင်းနှင့်စပ်လျဉ်း၍ စိတ်နာကြည်းမှု ဖြစ်ပေါ်ခဲ့သည့် စာဆိုတော်ကြီး အချုပ်တန်း ဆရာဖေက ‘‘မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီးငြမ်း ထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး’’ ဟူ၍ တေးထပ်ရေးဖွဲ့ ခဲ့သည်။

လူမျိုးစည်းကမ်းကောင်းသည့်အခါ၊ စည်းလုံးညီညွတ်သည့်အခါ အရှေ့တောင်အာရှတွင် လေးစားခန့်ညားရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မိမိတို့ ရပ်တည်နိုင်ခဲ့သည်။ မျက်မှောက်ကမ္ဘာ တွင်လည်း အမျိုးသားစည်းကမ်းကောင်းမွန်သည့်လူမျိုးများ၊ ဆန့်ကျင်ထောင်ထားခြားနားမှုမရှိ စည်းလုံးညီညွတ်သည့် လူမျိုးများမှာ ထိပ်တန်းသို့ တက်လှမ်းရပ်တည်နိုင်ကြသည်။ အမျိုးသား စည်းကမ်းကို စာသင်ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးကြခြင်းဖြစ်ရာ ကောင်းစွာသင်ကြားခြင်းခံရသည့် လူမျိုးများမှာ ၎င်းတို့၏စည်းကမ်းကောင်းမွန်မှုဖြင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ကြသည်။

‘‘စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာ သက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများ ပေးအပ်ခြင်းအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနေသည့်နေရာမျိုးလည်းဖြစ်ရန်လိုကြောင်း၊ ‘‘အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက’’ ဆိုသည့်အတိုင်း မိမိတို့၏ တပည့်ကျောင်းသား ကျောင်းသူများကို ကျောင်းစည်းကမ်းလိုက်နာခြင်းမှ အစပြုပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း’’ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၇) မှ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း စည်းကမ်းဆိုသည်မှာ ငယ်စဉ်ကတည်းကပင် အသားတကျဖြစ်စေရန် လေ့ကျင့်သင်ကြားပေး ကြရခြင်းဖြစ်ရာ အိမ်တွင် အမိအဖတို့၏တာဝန်ဖြစ်သကဲ့သို့ ကျောင်းတွင် ဆရာ ဆရာမတို့၏တာဝန်ဖြစ်သည်။ အထူးသဖြင့် ကျောင်းများသည် သင်ကြားလေ့ကျင့်ပေးမှုများ၏ အချက်အချာဖြစ်သည့်အလျောက် အမျိုးသားစည်းကမ်းကောင်းမွန်သည့် နိုင်ငံကြီးသားများ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်မှုများကို အလေးအနက်ထား၍ ဆောင်ရွက်ပေးကြရန်လိုသည်။ မိမိတို့လူမျိုးတစ်ရပ်လုံး အမျိုးသားစည်းကမ်းကောင်းမွန်သည်နှင့်အမျှ ဥပဒေလေးစားသူ၊ ကျင့်ဝတ်စောင့်ထိန်းသူ၊ စည်းကမ်းလိုက်နာသူများအဖြစ် နိုင်ငံကို အလုပ်အကျွေးပြုနိုင်ကြမည်ဖြစ်သလို နိုင်ငံတကာအလယ်တွင်လည်း နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ပါမည့်အကြောင်း။ ။

Newspaper - 3329 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download