အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂ဝ၃ဝ) လေ့လာဆန်းစစ်အကဲဖြတ်ခြင်း အညွှန်းဘောင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / February 27, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၆

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂ဝ၃ဝ) လေ့လာဆန်းစစ်အကဲဖြတ်ခြင်း အညွှန်းဘောင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရာတွင် အဓိကအကျဆုံးသည် အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍများပင်ဖြစ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍတွင် နိုင်ငံတော်၏ မူဝါဒကိုကြည့်မည်ဆိုပါက KG+9 ပြီးမြောက် အောင်မြင်စေရန် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ယူနေကြကြောင်း၊ သင်ကြားသည့် ဆရာ ဆရာမများ၏ အရည်အသွေးပြည့်မီစေရန် အခြေခံပညာဦးစီးဌာနက စီမံကိန်းများရေးဆွဲရာတွင် ဘတ်ဂျက်ရေးဆွဲခြင်းများဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယင်းသို့ပံ့ပိုးပေးသည့် ဘတ်ဂျက်များ ထိရောက်မှု ရှိ၊ မရှိ စစ်ဆေးတိုင်းတာနိုင်ရန် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းစနစ်သည် အင်မတန်အရေးကြီးကြောင်း။

အခြေခံပညာ၏ လိုအပ်ချက်ဖြစ်သည့် အရည်အသွေးကောင်းသော ဆရာ ဆရာမများကို မွေးထုတ်ပေးနိုင်ရန် ပညာရေးတက္ကသိုလ်များတွင် Teachers Competency framework ရှိပြီး Framework နှင့်အတူ စီမံကိန်းများ ရေးဆွဲရကြောင်း၊ ယင်းပေါ်တွင် မူတည်၍ ဘတ်ဂျက်များချထားပေးခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာဦးစီးဌာနများက ဘတ်ဂျက်နှင့် လိုက်လျောညီထွေဖြစ်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနတွင် ဆရာ ဆရာမများ၏ သုတေသနလုပ်ငန်းများရှိကြောင်း၊ သုတေသနများအတွက် စီမံကိန်းများ ရေးဆွဲရပြီး ဘတ်ဂျက်များ ခွဲဝေရခြင်းဖြစ်ကြောင်း။

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် framework ပေါ်တွင်အခြေခံပြီး တိုင်းတာဆန်းစစ်မည်ဖြစ်ကြောင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်း စနစ်အသုံးပြုခြင်းဖြင့် ပညာရေးဝန်ကြီးဌာန၏ အထောက်အထားအခြေပြုမူဝါဒများ ချမှတ်ရာတွင် အားကောင်းလာစေမည်ဖြစ်ကြောင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်က ရရှိလာသည့် အထောက်အထားများနှင့် သင်ခန်းစာများကို အသုံးပြုပြီး စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေလျာထားခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု၏ အရည်အသွေးနှင့် ထိရောက်မှုကို အကဲဖြတ်နိုင်ရန် စီမံကိန်းကာလအတွင်း (၂၀၂၆ ခုနှစ်)နှင့် စီမံကိန်းကာလအပြီး (၂၀၃၀ ပြည့်နှစ်) တို့တွင် အခြေအနေကို အကဲဖြတ်သုံးသပ်မှုလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ အကဲဖြတ်သုံးသပ်မှုများသည် ပညာရေးဆောင်ရွက်ချက်များ ပိုမိုတိုးတက်လာစေရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ၏ ရည်မှန်းချက်ပန်းတိုင်နှင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရာတွင် မဟာဗျူဟာ မြောက်အပြောင်းအလဲ ၁၀ ရပ်ကို ပေါက်မြောက်အောင်မြင်နိုင်စေရန်အတွက် စုပေါင်းအင်အားနှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အညွှန်းဘောင်နှင့်အညီ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ၏ မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်မှုကို ပိုမိုတိုးတက်အားကောင်းလာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲရည်ရွယ်ချက်နှင့် အဓိကရလဒ်များကို ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအသီးသီးမှ တက်ရောက်လာကြသူများက အုပ်စုများခွဲ၍ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို ဆွေးနွေးကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3454 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download