အမျိုးသားပို့ကုန် အမယ်စုံတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / April 29, 2026
image_latest


နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်ပြီး ပြည်ပရောင်းတန်းဝင်ကုန်ပစ္စည်းများထုတ်လုပ်၍ ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကုန်ထုတ်လုပ်မှုနည်းပါးခြင်းကြောင့် GDP လွန်စွာနည်းပါးနေသည်ကို တွေ့ရှိနိုင်သည်။

ပြီးခဲ့သည့် အစိုးရများအဆက်ဆက်တွင် ပို့ကုန်မြှင့်တင်ရေးမူဝါဒများချမှတ်၍ ဆောင်ရွက်ခဲ့ရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပို့ကုန်အမယ်စုံတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာမြှင့်တင်ဆောင်ရွက်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်ရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။ အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉) တွင် ဦးစားပေးကဏ္ဍများအဖြစ် (၁) ဆန်စပါး၊ (၂) ပဲမျိုးစုံနှင့် ဆီထွက် သီးနှံ၊ (၃) ရေထွက်ကုန်လုပ်ငန်း၊ (၄) အထည်အလိပ်နှင့် အဝတ်အထည်၊ (၅) သစ်တောထွက်ပစ္စည်း၊ (၆) ရော်ဘာလုပ်ငန်း၊ (၇) ခရီးသွားလုပ်ငန်းတို့ကိုရွေးချယ်ခဲ့ပြီး အထောက်အကူပြုကဏ္ဍများအဖြစ် (၁) ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေး၊ (၂) ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှု၊ (၃) အရည်အသွေးစီမံခန့်ခွဲမှု၊ (၄) ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို ရွေးချယ်ခဲ့သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ဦးစားပေးကဏ္ဍများအဖြစ် (၁) ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ (၂) ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ (၃) ရေထွက်ကုန်လုပ်ငန်း၊ (၄) ရော်ဘာလုပ်ငန်း၊ (၅) အထည်အလိပ်နှင့် အဝတ်အထည်၊ (၆) စားသောက်ကုန်ပြုပြင် ထုတ်လုပ်ခြင်း၊ (၇) သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်၊ (၈) သစ်တောထွက်ပစ္စည်း၊ (၉) လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်း၊ (၁၀) ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ (၁၁) လက်မှုအနုပညာ ပစ္စည်း၊ (၁၂) ခရီးသွားလုပ်ငန်း၊ (၁၃) ဒီဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုတို့ကို ရွေးချယ်ခဲ့ပြီး အထောက်အကူပြုကဏ္ဍများအဖြစ် (၁) ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေး၊ (၂) ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု၊ (၃) အရည်အသွေးစီမံခန့်ခွဲမှု၊ (၄) ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှု၊ (၅) တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းတို့ကို ရွေးချယ်ဆောင်ရွက်ခဲ့သည်။

အမျိုးသားပို့ကုန်မြှင့်တင်ရေးအတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရာတွင် အရေးကြီးသည့်အချက်မှာ ပြည်ပစျေးကွက်ဝင် ပို့ကုန်အမယ်စုံတို့ကို နိုင်ငံတကာအဆင့်အတန်းနှင့်ကိုက်ညီစွာ ထုတ်လုပ်နိုင်ရန်ပင်ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စသည်တို့ကို ပိုးသတ်ဆေးနှင့် ဓာတုဓာတ်ကြွင်းများကင်းစင်ရေး၊ စံချိန်စံညွှန်းမီ သန့်စင်ထုပ်ပိုးရေး၊ တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်ရေးတို့ကို အစိုးရသက်ဆိုင်ရာဝန်ကြီးဌာနက လိုအပ်သည်များ ကူညီပံ့ပိုးပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။ ဦးစားပေးရွေးချယ်ထားသော ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍအားလုံးတွင် အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းမှသာ ပို့ကုန်မြှင့်တင်ရေးကဏ္ဍများ အမှန်တကယ်ကုန်ထုတ်လုပ်နိုင်ကြမည်ဖြစ်သည်။

“နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများ ရှိရမည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိစေနိုင်ကြောင်း၊ ထုတ်ကုန်များကို ပိုမိုတင်ပို့နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ဒေသအလိုက်ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ပို့ကုန်ပမာဏမြင့်မားလာသည်နှင့်အမျှ သွင်းကုန်တန်ဖိုးပမာဏများပြီး ပို့ကုန်တန်ဖိုးလျော့နည်းမှုကြောင့်ဖြစ်ပေါ်သည့် ကုန်သွယ်မှုလိုငွေကို လျော့ကျလာစေမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုပိုမိုမြှင့်တင်၍ ပို့ကုန်ပမာဏကို ပိုမိုမြင့်မားစေပြီး ကုန်သွယ်မှုဘက်ညီလာသည်နှင့်အမျှ ကုန်သွယ်မှုလိုငွေလျော့ကျလာသလို ငွေကြေးဖောင်းပွမှုနှုန်းလည်း ကျဆင်းလာမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်လာခြင်း၊ စားသုံးနိုင်မှုပမာဏများပြားလာခြင်း စသည့်စီးပွားဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ကုန်ထုတ်လုပ်မှုမြင့်မားရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးတို့အတွက် မိမိတို့အမျိုးသားတစ်ရပ်လုံး ဝိုင်းဝန်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3510 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download