အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီအစည်းအဝေး ကျင်းပ
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / September 19, 2025

နေပြည်တော် စက်တင်ဘာ ၁၈
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအစည်းအဝေး(၂/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၄၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပူးတွဲကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှု ရာခိုင်နှုန်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၇၅ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ရာခိုင်နှုန်းတိုးမြင့်ခဲ့ခြင်းသည် Category C မှ Category B သို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်း၊ လုပ်ငန်းအဖွဲ့များ၏ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ မြေပြင်ဆောင်ရွက်မှုနှင့် အချက်အလက်ဖော်ပြချက်များအား စဉ်ဆက်မပြတ် အကဲဖြတ်ဆန်းစစ်သွားရန်လိုအပ်ကြောင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်၏ ထူးခြားချက်သည် အဖွဲ့ဝင်နိုင်ငံအများစုက သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ခဲ့သည့် သဘောတူစာချုပ်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ကော်မတီအစည်းအဝေးများကို ၂၀၁၇ ခုနှစ် မေ ၁၇ ရက်မှ စပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့က ခြောက်လလျှင်တစ်ကြိမ်အလှည့်ကျ ဦးဆောင်ကျင်းပခဲ့ရာ ယခုအစည်းအဝေးသည် ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ်ပြုလုပ်သော အစည်းအဝေးဖြစ်ကြောင်း၊ လုပ်ငန်းတိုးတက်မှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဇူလိုင်လအတွင်း Measures သုံးခု ထပ်မံ အကောင်အထည်ဖော်ပြီးစီးခဲ့သည့် အတွက် WTO Website တွင်ဖော်ပြထားသော မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုရာခိုင်နှုန်း (Implementation Rate) သည် ၆၄ ဒသမ ၇ ရာခိုင်နှုန်းမှ ၇၅ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များက WTO Trade Facilitation Agreement ၏ အစီအမံများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ တိုးတက်မှုနှင့် ယခင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) တွင်ချမှတ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတို့ကို တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးမှုများအပေါ် ကော်မတီဥက္ကဋ္ဌနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3290 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download