အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ) တွင် စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်း အမှတ်စဉ်(၄၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)အား ကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministerial Office / January 24, 2025


နေပြည်တော်၊ ဇန်နဝါရီ (၂၀)
    စက်မှုကျွမ်းကျင်(၂)နှစ်သင်တန်း အမှတ်စဉ်(၄၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့ရှိ အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အထွေထွေမန်နေဂျာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နည်းပြ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူ များ တက်ရောက်သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၌ စက်မှုကျွမ်းကျင်(၂)နှစ် သင်တန်းအမှတ်စဉ်(၄၂) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်သဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ “နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်ကြောင်း၊ ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်သိခြင်းတို့ဖြစ်ကြောင်း၊ ပညာသင်ကြားခြင်းကို ကျောင်းသင်ခန်းစာများကို သင်ယူခြင်းအပြင် ကျောင်းပြင်ပသင်ယူခြင်းနှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာသင်ယူခြင်း စသည်များနှင့် ရယူတတ်မြောက်နိုင်ကြောင်း၊ ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန်ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများကိုရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့် ပင်ကိုယ်အရည်အသွေးများကို ပိုင်ဆိုင်လာသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ပွင့်လန်းစေနိုင်မည်ဖြစ်ကြောင်း၊ “ပညာ”သည် အမှားအမှန်၊ အကောင်း၊ အဆိုး၊ အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်”ကို ရရှိစေကြောင်း၊ နိုင်ငံသားတိုင်း "အသိဉာဏ် ပညာ" ပြည့်စုံကြမှသာ နိုင်ငံအကျိုးသယ်ပိုးထမ်းရွက်နိုင်မည့် စွမ်းအားထက်မြက်သော အင်အားစုကြီးတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်းနှင့် ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံတိုးတက်ရေးအတွက် အမြဲတမ်းစဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြပြီး နောက်တွင်မကျန်ခဲ့စေရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း” စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ခေတ်မီအတတ်ပညာ၊ နည်းပညာများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ပြီး နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍအပါအဝင် ပညာရေးကဏ္ဍကို အထူးအလေးပေးဆောင်ရွက်ရန် လေ့လာတွေ့ရှိရကြောင်း၊ စက်မှုကျွမ်းကျင် လုပ်သားများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု လိုအပ်ချက်များကို စက်မှုဝန်ကြီးဌာနအနေဖြင့် ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်ကြမည့် မောင်မယ်များအနေဖြင့် သင်ကြားပေးမည့် စက်မှု ပညာရပ်များကို အပတ်တကုတ် ကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်ပြီး သင်ယူဆွေးနွေး လေ့လာဆည်းပူးရင်းမှ ရရှိလာမည့် စက်မှုပညာရပ်များကိုလည်း စက်ရုံအလုပ်ရုံများနှင့် တစ်နိုင်တစ်ပိုင်စက်မှုလုပ်ငန်းများတွင် ပြန်လည်အသုံးချပြီး စက်မှုဝန်ကြီးဌာန၏ အကျိုး၊ နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှုနှင့် စိတ်သဘောထားခံယူချက်များ မှန်ကန်ကောင်းမွန်မှုများပါဝင်သော လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများရရှိအောင် လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ စက်မှုသင်တန်းကျောင်း များအနေဖြင့်လည်း ကျွမ်းကျင်မှုအခြေပြု ပညာရေးဖြစ်လာစေရန်အတွက် စက်မှုသင်တန်းကျောင်း လေ့ကျင့်ရေးစံချိန်စံညွှန်းများ သတ်မှတ်၍ ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သင်တန်းတက်ရောက် သင်ကြားခွင့်ရရှိတော့မည့် မောင်/မယ်တို့သည် နည်းပညာအထောက်အပံ့ပြု ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ဂျာမနီနိုင်ငံ၏ Work Based Learning အခြေပြု Dual VET System ကို မှီငြမ်း၍ ပြည်တွင်း/ပြည်ပပညာရှင်များ ရေးဆွဲပြဋ္ဌာန်းထားသော (၂)နှစ် သင်ရိုးညွှန်းတမ်းများဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ရည်မှန်း ချက်တစ်ခုဖြစ်သည့် စက်မှုကျွမ်းကျင်လုပ်သားများ၏ အရည်အသွေးပိုင်းဆိုင်ရာ စံသတ်မှတ် ချက်များအား အာဆီယံနိုင်ငံများမှသည် ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ အရောက်လှမ်းနိုင်ရေးအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များရရှိအောင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ထူထောင်၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်ကြားလေ့ကျင့်ပေးမည့် စက်မှုပညာရပ်များသည် ပထမတန်းစား အသက်မွေးဝမ်းကျောင်းပညာရေး စနစ်တစ်ခုဖြစ်သည်ကိုလည်း အသိပေးပြောကြားလိုကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရေးအနေဖြင့် လခစားဝန်ထမ်း အဖြစ်သာမက လုပ်ငန်းရှင်ငယ်များအဖြစ်ပါ စွန့်ဦးတီထွင်နိုင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချ နိုင်ရေးအတွက်ပါ ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းရှိ ဆရာ/ ဆရာမများအနေဖြင့် သင်တန်းသား/သူများကို သင်တန်းကာလ (၂)နှစ်အတွင်း အထူးပြု ဘာသာရပ်(၈)မျိုးကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်သည့်အပြင် စက်မှုပညာရပ်သာမက စည်းကမ်းပြည့်ဝရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ရည်မှန်းချက်ခိုင်မာပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ၊ မျိုးချစ်စိတ်နှင့် ဓလေ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများ၊ အမျိုးသားရေး လက္ခဏာ များကို ထိန်းသိမ်းစောင့်ရှောက်ရေးစသည့် အခြေခံကောင်းများကိုလည်း လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ခြင်းကြောင့် အလေးထားပြီး ကြိုးစားသင်ယူ ဆည်းပူးလေ့လာကြရန်လိုကြောင်း၊ “ကျွမ်းကျင်၊ ရိုးသား၊ စွမ်းရည်မြင့်မား၊ စက်မှုသင်တန်းသား” ဆိုသည့် စက်မှုသင်တန်းကျောင်း၏ဆောင်ပုဒ်နှင့်အညီ လေ့ကျင့်သင်ကြားပေးသည့် စက်မှုပညာရပ်များကို ကျွမ်းကျင် သည်ထက် ကျွမ်းကျင်အောင် စာတွေ့လက်တွေ့များအား ကြိုးစားသင်ယူကြပါ၊ မိမိရည်ရွယ် ချက်ပန်းတိုင်ထိရောက်အောင် ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တရိုးသား ကောင်းမွန်ပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုသည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစား၍ စိတ်ဓာတ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းဖြင့် စက်မှုသင်တန်းကျောင်း၏ ဂုဏ်ကို မြှင့်တင်နိုင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
    အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)အနေဖြင့် ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမှတ်စဉ်(၁)မှ(၄၀)အထိ သင်တန်းသား/သူစုစုပေါင်း (၄၇၈၇)ဦး သင်တန်းဆင်းနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိသူ(၄၅၇၃)ဦး ၉၅.၅၃% အလုပ်အကိုင်ရရှိခဲ့ပါသည်။ အမှတ်စဉ်(၄၁)ဒုတိယနှစ် သင်တန်းတွင် သင်တန်းသား/သူ စုစုပေါင်း (၁၀၅)ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ယခုဖွင့်လှစ်သည့် သင်တန်းအမှတ်စဉ်(၄၂)အား သင်တန်းသား(၇၃)ဦး၊ သင်တန်းသူ(၇)ဦး၊ စုစုပေါင်း (၈၀)ဦးကို (၂၀.၁.၂၀၂၅)ရက်နေ့မှ (၁၈.၁၂.၂၀၂၆)ရက်နေ့အထိ (၂)နှစ်ကြာ Machine Tool Operator ၊ Electrical Fitter ၊ Machinery Fitter ၊ Motor Vehicle Mechanic ၊ Mechanical Draughtsman ၊ Pattern Maker ၊ Information Technology ဘာသာရပ်တို့ကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းရှိ ဆရာ/ဆရာမများအား တွေ့ဆုံ၍ စက်မှုသင်တန်းကျောင်းများသည် ပညာရေးနှင့်လေ့ကျင့်ရေးတို့ကို ပေါင်းစပ်သင်ကြားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအား လုပ်ငန်းခွင်တွင် လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုသင်တန်းကျောင်းများသည် နည်းပညာပညာရေးကို သင်ကြားခြင်းဖြစ်၍ လုပ်ငန်း တာဝန်များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်မှ လိုအပ်သည့် ဘာသာရပ်များကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်း၌ ကောင်းမွန်သည့်စနစ်များထူထောင်ထားရှိပြီးဖြစ်၍ မူပိုင်လေ့ကျင့်သင်ကြား ရေးစနစ်ပေါ်ထွန်းလာအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်မွေးပညာများကို လေ့ကျင့်သင်ကြားပေးနေသည့် ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့ နဝဒေးစက်မှုဇုန်အတွင်းရှိ ရွှေခေတ္တရာ ဆီစက်၊ ပွင့်ထွန်းဆန်စက်၊ High Power စက်မှုလက်မှုလုပ်ငန်းများကို အားပေးကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေး သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သို့ ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ကျောင်းဝတ်စုံများ ထုတ်လုပ်ပေးနိုင်ရေးအတွက် အဖြူချွတ်ခြင်း၊ ဆေးဆိုးခြင်း လုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
    ၎င်းနောက် ဦးဆောင်ညွှန်ကြားရေးမှူးက အမှတ်(၁)အထည်စက်ရုံတွင် ချည်မျှင်နှင့် အထည်အလိပ်ဇုန် ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများ၊ စက်ရုံမှူးက လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတို့ကို အသီးသီးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၏ စွမ်းဆောင်ရည်များမြင့်မားတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ရန်၊ လာမည့်ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အစီအမံများကို စနစ်တကျရေးဆွဲ ဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို ရည်မှန်းချက်ပန်းတိုင်များ သတ်မှတ်ဆောင်ရွက်ရန်၊ ကောင်းမွန်သည့် စီမံခန့်ခွဲမှုစနစ်များဖြင့် စက်ရုံအား အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ တတ်မြောက်ကျွမ်းကျင်သည့်ပညာရပ်များကို လက်တွေ့ကျကျ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်း တာဝန်များကို အာရုံစူးစိုက်၍ အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Newspaper - 3067 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download