အရည်အသွေးကောင်း ဈေးကွက်ဝင် မြန်မာ့ပေါ်ဆန်းကဏ္ဍ ဖွံ့ဖြိုးရေး
အရည်အသွေးကောင်း ဈေးကွက်ဝင် မြန်မာ့ပေါ်ဆန်းကဏ္ဍ ဖွံ့ဖြိုးရေး
Ministry of Information/ Naypyitaw / December 11, 2025
ကောက်ကြီးစပါးမျိုးတစ်မျိုးဖြစ်သည့် ပေါ်ဆန်းစပါးကို ရာသီချိန်လွန်စိုက်ပျိုးနိုင်ရေးအတွက် စမ်းသပ်သုတေသနလုပ်ငန်းများ ပြုလုပ်နေသည်ဟု သိရသည်။ ပုံမှန်စိုက်ပျိုးရာသီဖြစ်သည့် မိုးရာသီမှာသာမက ရာသီချိန်လွန်စိုက်ပျိုးနိုင်ခြင်းအားဖြင့် ပေါ်ဆန်းစပါးထုတ်လုပ်နိုင်မှုများစွာ တိုးတက်လာနိုင်ပြီး ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးကုန်ထုတ်လုပ်မှု တိုးတက်ရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော အခြေခံလေးချက်ပြည့်စုံညီညွတ်ကောင်းမွန်ရန် လိုအပ်သည့်အလျောက် အောင်မြင်မှုရရှိသည့် ခေတ်မီနည်းပညာများကို စိုက်ပျိုးရေးတောင်သူများထံ ဖြန့်ဝေပေးခြင်း၊ တောင်သူများက နည်းစနစ်မှန်ကန်စွာစိုက်ပျိုးခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်ကြမည်ဖြစ်သည်။
ပေါ်ဆန်းသည် ပြည်တွင်းပြည်ပဈေးကွက်ဝင် အရည်အသွေးကောင်းဆန်မျိုးဖြစ်ပြီး ထွက်သမျှပြည်တွင်းမှာအဓိကစားသုံးခြင်းကြောင့် ပြည်ပသို့ အနည်းငယ်မျှသာ တင်ပို့နိုင်သည်ဟု သိရသည်။ ဧရာဝတီတိုင်းဒေသကြီးဇာတိဖြစ်သော ပေါ်ဆန်းစပါးကို မျိုးယူ၍ လွန်ခဲ့သည့်နှစ်ပေါင်း ၂၅-၃၀ ခန့်က ရွှေဘိုဒေသတွင် အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ခဲ့ရာမှ ရွှေဘိုပေါ်ဆန်းပေါ်ထွက်လာခဲ့ပြီး ဧရာဝတီပေါ်ဆန်းကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများနှင့် ရှမ်းပြည်နယ်တို့တွင်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းကို နေပြည်တော်နှင့် မြန်မာနိုင်ငံအထက်ပိုင်းတို့တွင်လည်းကောင်း စားသုံးနေကြခြင်းဖြစ်သည်။ မျိုးရိုးဗီဇတူညီသည့် ဧရာဝတီပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်းတို့မှာ စိုက်ပျိုးသည့် ဒေသကွာခြားကြခြင်းကြောင့် အထွက်နှုန်းနှင့် စားသုံးမှုအရည်အသွေးတို့ ကွာခြားမှုရှိသည်ဟုဆိုသည်။ စိုက်ပျိုးရာဒေသနှစ်ခုတို့၏ မိုးရေချိန်၊ အပူချိန်၊ မြေဆီလွှာနှင့် ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်တို့ ကွာခြားမှုတို့က တစ်မျိုးတည်းသော ဆန်ကိုအထွက်နှုန်းနှင့် အရည်အသွေးတို့ ကွာခြားစေခြင်းဖြစ်နိုင်သည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက်ဧက နှစ်သန်းကျော်ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ လက်ရှိအခြေအနေတွင် ပေါ်ဆန်းစပါးကို မိုးစပါးရာသီတစ်ခုတည်း၌သာ ဧကတစ်သန်းခွဲခန့် စိုက်ပျိုးနိုင်သည်။ ထို့အပြင် ပေါ်ဆန်းတစ်ဧက အထွက်နှုန်း တင်း ၆၀ မှ ၈၀ ခန့်သာရှိရာ ပြည်တွင်းဖူလုံစွာ စားသုံးနိုင်ရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် အထွက်နှုန်းတိုးရေးနှင့် တစ်နှစ်လျှင် နှစ်ရာသီစိုက်ပျိုးနိုင်ရေးတို့အတွက် နည်းပညာရရှိရန် လိုအပ်သည်။
ပေါ်ဆန်းစပါးမျိုး၏ မွေးရပ်ဌာနီဖြစ်သော ဧရာဝတီတိုင်းဒေသကြီးတွင် စုစုပေါင်း ပေါ်ဆန်းစိုက်ဧက ခုနစ်သိန်းခွဲကျော်ရှိပြီး တစ်နိုင်ငံလုံးပေါ်ဆန်းစိုက်ဧက စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်း ရှိသည်။ ထို့အပြင် ဒေသတွင်းစိုက်ပျိုးလျက်ရှိသော ပေါ်ဆန်းစပါးမျိုးလည်း အများအပြားရှိနေရာ ယခုနှစ်မတ်လအတွင်းက ဧရာဝတီပေါ်ဆန်းအရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရရှိရေးဟူသော ရည်ရွယ်ချက်ဖြင့် “ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် - ၂၀၂၅” ကို ပုသိမ်မြို့တွင် ကျင်းပခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ အင်အားရှစ်ရာကျော်တက်ရောက်ခဲ့ကြပြီး နှစ်ရက်တိုင်တိုင်ကျင်းပခဲ့သည့် “ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် -၂၀၂၅” မှာ ပေါ်ဆန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်။
ပေါ်ဆန်းဆန်သည် ပြည်ပတင်ပို့ရန်အတွက် အလားအလာကောင်းများရှိနေသော ဆန်၊ နာမည်ကောင်းရရှိထားပြီးဖြစ်သည့် ဆန်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၀၉ ခုနှစ်က ကျင်းပသည့် ကမ္ဘာ့ဆန်စပါးညီလာခံ၌ နိုင်ငံတကာဆန်များ ယှဉ်ပြိုင်မှုတွင် ဖျာပုံပေါ်ဆန်းဖြင့် တတိယဆုဆွတ်ခူးနိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ၌ မြန်မာ့ပေါ်ဆန်းကို “ကမ္ဘာ့အကောင်းဆုံးဆန်” အဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံထားရသည်။ အရည်အသွေးကောင်းအဆင့်မြင့်ဆန်မျိုးဖြစ်သည့် ပေါ်ဆန်းဆန်ကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန်မှာ ပြည်တွင်း၌ ထုတ်လုပ်မှုကို ပိုမိုတိုးတက်ဆောင်ရွက်နိုင်ကြရန်လိုသည်။
ပေါ်ဆန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို မမှိတ်မသုန်သော ဦးတည်ချက်၊ နည်းလမ်းအသွယ်သွယ်တို့ဖြင့် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း။ ။
Newspaper - 3469 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
