အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီးမှ ဝန်ထမ်းများအား တွေ့ဆုံ၍ ဆေးရုံတက်ရောက် ကုသနေသော လူနာများအား ကြည့်ရှုအားပေးခြင်း


Ministry of Labour/ ရုံးအမှတ် (၅၁) / November 22, 2024


မန္တလေးမြို့                                                                                        နိုဝင်ဘာ     ၂၂

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများအား တွေ့ဆုံပြီး ဆေးရုံ တက်ရောက်ကုသနေသော လူနာများအားကြည့်ရှုအားပေးခဲ့ပါသည်။          

          ရှေးဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရ သည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံ အလုပ်သမား များ၏ ကျန်းမာရေးစောင့် ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန် ဆောင်မှု များကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကုသရေးလုပ်ငန်းသုံး ဆေးရုံသုံးပစ္စည်း များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်း လွန်/ လေလွင့်ဆေးများ မဖြစ်စေရန်စီမံခြင်းတို့ကို အလေးထား ဆောင်ရွက်ရန်ဖြစ် ကြောင်း၊  လုပ်ငန်းများ အောင်မြင်စေရန် အတွက် ဝန်ထမ်း အချင်းချင်းစည်းလုံး ညီညွတ်စွာဖြင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အာမခံအလုပ်သမား များ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန် အတွက် အလုပ်ရှင်၊ အလုပ်သမား များ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ် နိုင်ရန်နှင့် ယခုထက်ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်  လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာ ရောက်ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသ ပေးနေမှုအခြေအနေများ၊ အတွင်း လူနာကုသပေးသည့် ကုသဆောင်များ၊ ကျောက်ကပ်သန့်စင် ဆေးကြော နေသည့် လူနာ ဆောင်သို့သွားရောက်၍ ဆေးဝါးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၁၂၃,၄၄၅) ကျော်ရှိပြီး အဆိုပါအာမခံ အလုပ်သမားများ ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ် သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၁၃)ခန်း၊ ဌာနကြီး ဆေးခန်း(၉)ခန်း၊ စာချုပ်ဆေးခန်း(၇)ခန်းတို့ ဖွင့်လှစ်၍ ၄/၂၀၂၄ မှ ၁၀/၂၀၂၄ အထိ အာမခံအလုပ် သမားလူနာပေါင်း (၆၉,၉၁၀)ဦးအား ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ခဲ့ပါသည်။      

          လူမှုဖူလုံရေးအဖွဲ့အနေဖြင့်  အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုထိရောက် လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း (၆၃) ခန်း၊ Capitation Payment ဆေးခန်း (၈) ခန်းနှင့် မီးဖွားခြင်းနှင့်ဆိုင်သော ဆေးရုံ/ဆေးခန်း (၁၆)ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ မန္တလေးတိုင်း ဒေသကြီးတွင် ၄/၂၀၂၄ မှ ၁၀/၂၀၂၄ အထိ လူနာဦးရေ (၄,၄၇၉) ဦးအတွက် ဆေးဖိုး ကုန်ကျငွေကျပ်သန်းပေါင်း ၄၆၃.၄၀၈ သန်း ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Newspaper - 2989 items

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download