အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်ပစ္စည်းပြပွဲတွေ ကျင်းပပေးတဲ့အတွက် လုပ်ငန်းရှင်တစ်ဦးနဲ့တစ်ဦး အသိပညာဖလှယ်ခွင့်ရတာကြောင့် တော်တော်လေးအကျိုးကျေးဇူးများပါတယ် (ဒေါ်နီလာဝင်းကျော်)


Ministry of Information/ Naypyitaw / February 17, 2025
image_latest


(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ပြပွဲနှင့်ပြိုင်ပွဲအခမ်းအနားကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးတပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ရာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လာရောက်ပြသရောင်းချခဲ့ကြသည့် လုပ်ငန်းရှင်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -

ဦးအောင်ကျော်ဆန်း(ပန်းကမ္ဘာမြန်မာ့လက်မှုအနုပညာလုပ်ငန်း- ပဲခူး) လက်မှုထုတ်ကုန်စံပြဆု

ပန်းကမ္ဘာ မြန်မာ့လက်မှုအနုပညာလုပ်ငန်းနဲ့ ပြည်ထောင်စုအဆင့်ပြပွဲပြိုင်ပွဲမှာ လက်မှုထုတ်ကုန်စံပြဆုရရှိခဲ့ပါတယ်။ နိုင်ငံတော်ကနေ ဒီလိုပြိုင်ပွဲကျင်းပပြီး ဆုတွေလည်းပေးအပ်တဲ့အတွက် စိတ်ဓာတ်ခွန်အားလည်းဖြစ်စေတယ်။ ကျယ်ကျယ်ပြန့်ပြန့်လည်း လူသိလာတဲ့အတွက်၊ ဈေးကွက်ချဲ့ထွင်ဖို့ အခွင့်အလမ်းတွေလည်း ရလာတဲ့အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းကို ၁၉၉၄ ခုနှစ်ကတည်းက အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ပြီး ဆောင်ရွက်ခဲ့တာပါ။ မြန်မာ့ရိုးရာပန်းဆယ်မျိုးထုတ်ကုန်တွေနဲ့ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတွေအထိ ပြည်ပဈေးကွက်ရှိနေတယ်။ ပြည်တွင်း ဈေးကွက်အနေနဲ့လည်း ပဲခူးတိုင်းဒေသကြီးအတွင်းမှာတင်မဟုတ်ဘဲ တခြားသောတိုင်းဒေသကြီး၊ ပြည်နယ်တွေအထိ ဈေးကွက်မှာ ပျံ့နှံ့သွားဖို့ အခွင့်အလမ်းတွေပါရရှိခဲ့ပါတယ်။ ကျွန်တော်တို့လုပ်ငန်းရဲ့ ရည်ရွယ်ချက်က မြန်မာ့ရိုးရာပန်းဆယ်မျိုး ပညာရပ်တွေကို ထိန်းသိမ်းဖို့နဲ့ ထင်းဖြစ်သွားမယ့်အစား တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းအဖြစ်နဲ့ သစ်အခြေခံလက်မှု ထုတ်ကုန်တွေ ထုတ်လုပ်တာနဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေလည်း ဖြစ်လာမယ်။ ပြည်ပအစားထိုး ပြည်တွင်းထုတ်ကုန်ပစ္စည်းအနေနဲ့လည်း ရပ်တည်နိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိမှာ ရောင်းအားအကောင်းဆုံးက Capital မှာ မီးဖိုချောင်သုံးပစ္စည်း၊ ပန်းပုပစ္စည်းတွေကို တင်ပို့ရောင်းချနေတာ လေးနှစ်ရှိပါပြီ။ အဓိကရောင်းချနေရတာကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ စဉ်းတီတုံး၊ ငရုတ်ဆုံစတာတွေဖြစ်ပါတယ်။ အခုပြပွဲမှာ ဈေးကွက်/စီးပွားချိတ်ဆက်ရေး ပြခန်းကနေတစ်ဆင့် ပြည်တွင်းဈေးကွက်ဖော်ဆောင်ရေးအဖွဲ့ နဲ့ချိတ်ဆက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေကို ဖြန့်ဖြူးဖို့ ချိတ်ဆက်ထားပါတယ်။ ဒါကြောင့်မို့ ပြည်ပကလည်း တန်ဖိုးထားတယ်။ ပြည်တွင်းမှာလည်း ပန်းဆယ်မျိုး ပညာတွေ မတိမ်ကောဖို့နဲ့ ဝင်ငွေတစ်ရပ်ဖော်ဆောင်နိုင်ဖို့ နောင်ဆက်လက်ပြီးတော့လည်း ပြည်တွင်းဖြစ် ပြည်ပအစားထိုး ထုတ်ကုန်ပစ္စည်းသစ်တွေကို ဆက်လက်ဖန်တီးထုတ်လုပ်သွားဖို့ ကြိုးစားသွားပါမယ်။

ဒေါ်နီလာဝင်းကျော်(ပံသုရတနာကျော်ကုမ္ပဏီ-မကွေး)အငယ်စားစီးပွားရေးလုပ်ငန်း အထူးဆု

အခုဒီပြပွဲပြိုင်ပွဲ ဈေးကွက်မှာလည်း ရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ ပြည့်လျှံကြံမြှုပ်ချေး သဘာဝမြေဩဇာထုတ်ကုန်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အထူးဆုရရှိခဲ့ပါတယ်။ ကျွန်မတို့ကုမ္ပဏီက သဘာဝမြေဩဇာအပြင် စိုက်ပျိုးရေးသွင်းအားစုတွေကို ထုတ်လုပ်ပါတယ်။ ပြည့်လျှံသဘာဝမြေဩဇာကို ကြံမြှုပ်ချေးအခြေခံပြီးတော့ ပါဝင်ပစ္စည်း ၂၁ မျိုး အချိုးကျရောစပ်အသုံးပြုပါတယ်။ တောင်သူတွေ သွင်းအားစုကုန်ကျစရိတ်သက်သာဖို့နဲ့ ပျက်စီးနေတဲ့ မြေဆီလွှာတွေကို ပြုပြင်ဖို့အတွက် အဓိကထားပြီး ထုတ်လုပ်ခဲ့ပါတယ်။ အသေးစားစက်မှုလုပ်ငန်းအနေနဲ့ လည်ပတ်နေရတဲ့အချိန်မှာ အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန်ပစ္စည်းပြပွဲတွေ ကျင်းပပေးတဲ့အတွက် လုပ်ငန်းရှင်တစ်ဦးနဲ့တစ်ဦး အသိပညာဖလှယ်ခွင့်ရတာကြောင့် တော်တော်လေးအကျိုးကျေးဇူးများပါတယ်။ ပြခန်းမှာပြတဲ့အခါ တော်တော်များများ ဈေးကွက်ချိတ်ဆက်မှုလည်း ကျယ်ပြန့်စေတယ်။ ပြည့်လျှံကို မကွေးတိုင်းဒေသကြီးနဲ့ နေပြည်တော်မှာ အဓိကဖြန့်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းနဲ့ ရမည်းသင်းမြို့မှာ ဖြန့်ဖြူးပါတယ်။ ထုတ်လုပ်မှုပိုင်းမှာတော့ အခုကစိန်ခေါ်မှုများတဲ့ ကာလဆိုတော့ အခက်အခဲတွေကြားထဲကနေ အဆင်ပြေအောင်ကျော်ဖြတ်နေပါတယ်။ ပြည့်လျှံသဘာဝမြေဩဇာကသုံးစွဲတဲ့ တောင်သူတွေအတွက် ဓာတုဓာတ်ကြွင်းကင်းအောင်လည်း ထုတ်လုပ်ထားပါတယ်။ ဒီသဘာဝထုတ်ကုန်သည် အပူပိုင်းဇုန်ကို အဓိကထားထုတ်လုပ်ထားပြီး သီးနှံတွေကို ရေငတ်ဒဏ်ခံနိုင်စေတဲ့အတွက် နှမ်းသီးနှံမှာ ပိုပြီးထိရောက်မှုရှိတယ်။ မြေဩဇာဖြန့်ဖြူးတဲ့အချိန်မှာလည်း ကျွန်မက တောင်သူဘဝကစခဲ့တဲ့အတွက် ကျွန်မကြုံတွေ့ခဲ့ရတဲ့ မြေတွေပျက်စီးလာတာတွေ၊ စိုက်ရပျိုးရခက်ခဲပြီး သီးနှံအထွက်နှုန်းတွေ လျော့ကျလာတာတွေ၊ သွင်းအားစုကုန်ကျစရိတ် မြင့်တက်လာတာတွေကြောင့် ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ မြေဩဇာကို ကိုယ်တိုင်ထုတ်ပြီး သုံးစွဲခဲ့တာပါ။ အဲဒီနောက်မှနီးစပ်တဲ့ တောင်သူတွေကို ဖြန့်ခဲ့တယ်။ တောင်သူတွေကိုလည်း နည်းပညာမျှဝေတယ်။ စံပြကွက်တွေ စိုက်ပျိုးပေးတယ်။ ဒါကြောင့် သူတို့ရဲ့ထောက်ခံအားပေးမှုကိုရခဲ့တဲ့အတွက် တောင်သူမှ တောင်သူသို့ သွားတဲ့စနစ်နဲ့ ကုမ္ပဏီနှစ်နှစ်သက်တမ်းမှာပဲ တော်တော်လေး လက်ခံအားပေးမှုကို ရရှိခဲ့ပါတယ်။အခုလက်ရှိ နေပြည်တော်စက်ရုံတိုးချဲ့တည်ဆောက်ဖို့နဲ့ သဘာဝမြေဩဇာအပြင် နောက်ထပ်မြေဩဇာနှစ်မျိုး ထပ်တိုးချဲ့ထုတ်လုပ်ဖို့၊ တောင်သူတွေ မြေပြင်ဖို့အသုံးပြုတဲ့ ဂျစ်ပ်ဆင်နဲ့ဒိုလို မိုက်မြေဩဇာတွေ ထုတ်ဖို့လည်းဆောင်ရွက်နေပါတယ်။ ဈေးကွက်ကိုလည်း တိုးချဲ့နိုင်အောင် ကြိုးစားနေပါတယ်။

ကိုဇော်မြင့်မြတ်(Myanmar Secure Group ကုမ္ပဏီ) ကျောက်စိမ်းလက်ဝတ်ရတနာမျိုးစုံလုပ်ငန်း

ကျွန်တော်တို့လုပ်ငန်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ အခြေစိုက်ပြီး ကျောက်စိမ်းပုတီး၊ ကျောက်စိမ်းလက်ကောက်၊ လက်ဝတ်ရတနာမျိုးစုံ ကုန်ချောထုတ်လုပ်ပြီး အွန်လိုင်းစနစ်နဲ့ အဓိကရောင်းချဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ လုပ်ငန်းကို ၂၀၂၄ ခုနှစ်မှာ စတင်ဆောင်ရွက်ပြီး နောက်ပိုင်းမှာ အွန်လိုင်းစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အခုမှ စတင်တည်ထောင်တဲ့ လုပ်ငန်းသစ်တစ်ခုအနေနဲ့ အခုလိုပြပွဲမှာ ဝင်ရောက်ပြသခွင့်ရတဲ့အတွက် ကိုယ့်ကုန်အမှတ်တံဆိပ်ကို လူသိများအောင် ချပြခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့က အခုလောလောဆယ် ကုန်ကြမ်းဝယ်ယူပြီး ကုန်ချောထုတ်လုပ်ရောင်းချတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာလည်း အွန်လိုင်းအပြင် Offline ပါ ရောင်းချသွားနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာပါ။ ဒီပြပွဲမှာ MSME လုပ်ငန်းရှင်တွေအတွက် ကိုယ့်ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိရှိအောင် ချပြခွင့်ရတဲ့အတွက် အခုလိုပြည်ထောင်စုအဆင့်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားတွေ ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကို ကျေးဇူးအများကြီးတင်ပါတယ်။

ဦးမြင့်ဝင်း(Super Seven Star Industrial Development ကုမ္ပဏီ)

ကျွန်တော်တို့ ဒီမှာပြရတဲ့ ရည်ရွယ်ချက်က ကမ္ဘာတစ်လွှားမှာ ခေတ်မီတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကို MSME လုပ်ငန်းရှင်တွေ မျက်ဝါးထင်ထင်တွေ့မြင်နိုင်အောင်၊ လိုအပ်တဲ့စက်ယန္တရား၊ နည်းပညာပိုင်းဆိုင်ရာနဲ့ အကြီးစားထုတ်လုပ်ရေးစက်ရုံပိုင်းဆိုင်ရာ စက်မှုစီးပွားလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အသုံးပြုတဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာ ထုတ်ကုန်တွေကို လေ့လာနိုင်အောင် ပြသတာဖြစ်ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ပြည်တွင်းအဆင့်မှာထက် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ပြည်ပ ဈေးကွက်အထိ တိုးချဲ့ထုတ်လုပ်နိုင်မယ့် နည်းပညာအထောက်အကူပြု စက်ယန္တရားတွေကို ပြသတာပါ။ အဓိက ကျွန်တော်တို့ပြတာက အမေရိကန်နိုင်ငံထုတ်လုပ်ထားတဲ့ Moisture Anilizer ဆိုတဲ့ စိုထိုင်းဆတိုင်းတာတဲ့ပစ္စည်းကို ပြသပါတယ်။ ထုတ်ကုန်ရဲ့သက်တမ်းဟာ အစိုဓာတ်ပါဝင်မှုပေါ်မှာ မူတည်တယ်။ စိုထိုင်းဆကို ထိန်းသိမ်းထားနိုင်မှသာလျှင် စားသုံးသူတွေရဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထုတ်ကုန်တွေထုတ်လုပ်ဖို့၊ ထုတ်ကုန်တွေရဲ့ သက်တမ်းကို ပိုရှည်နိုင်စေဖို့ စံချိန်စံညွှန်းမီတဲ့ အစိုဓာတ်ကို ထိန်းသိမ်းထုတ်လုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Super Seven Stars အနေနဲ့လည်း MSME စီးပွားရေးလုပ်ငန်းရှင်တွေ၊ စားသောက်ကုန်လုပ်ငန်းရှင်တွေက လိုအပ်တယ်ဆိုရင်လည်း အရစ်ကျငွေချေစနစ်နဲ့ ပြသရောင်းချပေးပါတယ်။

ဒေါ်နန်းခင်အုန်း(Na Rain Dara ကုမ္ပဏီ-နေပြည်တော်) ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံးဆု

ကျွန်မရဲ့ မျှစ်ခြောက်ထုတ်ကုန်နဲ့ MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲမှာ နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံးဆုရရှိခဲ့ပါတယ်။ ကျွန်မတို့ကုမ္ပဏီအနေနဲ့ ၂ဝ၁၅ ခုနှစ်ကစပြီး နေပြည်တော်ဒေသထွက် မျှစ်ခြောက်တွေကို အဆင့်မြှင့်နည်းပညာနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီးတော့ ဂျပန်နိုင်ငံကို တင်ပို့ရောင်းချခဲ့တာကတော့ ၁၀ စုနှစ် တစ်စုစာလောက်ရှိပါပြီ။ နိုင်ငံတကာ အရည်အသွေးမီ မျှစ်တွေကို စိန်ဖူးတံဆိပ်အဆင့်မြင့် မျှစ်ခြောက်အဖြစ် စတင်ထုတ်လုပ်ခဲ့ပြီး ပြည်တွင်းစူပါမားကက်တွေ၊ စားသောက်ဆိုင်တွေနဲ့အွန်လိုင်းမှာပါ စတင်ရောင်းချပေးနေပါတယ်။ နရိန္ဒြာကုမ္ပဏီအနေနဲ့ ကျေးလက်နေတောင်သူတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက်နဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်တွေ ပေါ်ထွက်လာဖို့အတွက် အဆင့်မြင့် မျှစ်ချိုး၊ မျှစ်ပြုတ် သင်တန်းတွေကိုလည်း နိုင်ငံအနှံ့သင်ကြားပေးနေပါတယ်။ ဒါ့အပြင် မျှစ်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ပံ့ပိုးပေးတာအပြင် ကိုယ်ပိုင်ဝါးစိုက်ခင်းတွေ တည်ထောင်နိုင်တဲ့အထိ လက်တွဲလုပ်ကိုင်နေတဲ့ နိုင်ငံခြားဝင်ငွေရ စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ပြည်တွင်းထွက်သဘာဝထုတ်ကုန်တွေနဲ့ ပြည်ပဝင်ငွေတွေ ဒီထက်မက ရှာဖွေနိုင်ဖို့အတွက်လည်း အကောင်းဆုံး ကြိုးစားသွားပါမယ်။

တွေ့ဆုံမေးမြန်း - ဇင်ဦး၊ ဟိန်းထက်ဇော်

ဓာတ်ပုံ - ဇော်ဘီ

Newspaper - 3104 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download