အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ Virtual ဖြင့် တက်ရောက်
အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ Virtual ဖြင့် တက်ရောက်
Ministry of Information/ Naypyitaw / April 09, 2026
နေပြည်တော် ဧပြီ ၈
အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး (ASEAN Central Bank Deputies’ Meeting - ACDM) ၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN Finance and Central Bank Deputies’ Meeting - AFCDM) နှင့် ဆက်စပ်အစည်းအဝေးများအား ဧပြီ ၇ ရက်မှ ၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်ကြီးမှူး၍ Fully Virtual စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Video Conferen-cing ဖြင့် တက်ရောက်သည်။
ဧပြီ ၇ ရက်တွင်ကျင်းပသည့် အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး၌ ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း ဦးစားပေးဆောင်ရွက် မည့်စီးပွားရေးလုပ်ငန်းစဉ်များ၊ ငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းကော်မတီများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံငွေကြေးဖလှယ်မှု အစီအစဉ်ပြန်လည်ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်များ ပေါင်းစည်းမှုမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်များ၏ အခန်းကဏ္ဍဆိုင်ရာကိစ္စရပ်များအပေါ် အာဆီယံဗဟိုဘဏ် ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုချက်ရယူသည့် ကိစ္စရပ်များအပေါ် အတည်ပြုပေးခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက ၂၀၂၆ ခုနှစ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များသည် ငွေရေးကြေးရေးဈေးကွက်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ခြင်း၊ လုံခြုံစိတ်ချရသည့် အပြန်အလှန်ငွေပေးချေမှုစနစ်များကို မြှင့်တင်ရန် အထောက်အပံ့ဖြစ်စေခြင်းတို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယင်းလုပ်ငန်းစဉ်များအပေါ် အပြည့်အဝထောက်ခံပါကြောင်း၊ ငွေရေးကြေးရေးတွင် အားလုံးပါဝင်လာရေး၊ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့် စဉ်ဆက်မပြတ်ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများအတွက် အာဆီယံဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆက်လက်ထောက်ခံသွားမည်ဖြစ်ပါကြောင်း၊ အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် ပြန်လည်ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးရေးနှင့် စပ်လျဉ်း၍ ပြည်တွင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပါကြောင်းနှင့် အဆိုပါနားလည်မှုစာချွန်လွှာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် အရေးပါသည့် ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သည့်အတွက် ယင်းနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀) နှင့် စပ်လျဉ်းသည့် လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ ၂၀၂၆ ခုနှစ် အာဆီယံ ငွေရေး ကြေးရေးပေါင်းစည်းမှုဆိုင်ရာ အစီရင်ခံစာမူကြမ်းနှင့် အာဆီယံလုပ်ငန်းကော်မတီများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးပေါင်းစည်းရေးလမ်းပြမြေပုံ လုပ်ငန်းစဉ်အောက်ရှိ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အာဆီယံဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုအလိုက် စနစ်တကျခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ ဒေသတွင်း ရေရှည်တည်တံ့သော ဘဏ္ဍာရေးနှင့်စပ်လျဉ်းသည့် စတုတ္ထအကြိမ်မြောက် အစီရင်ခံစာထုတ်ပြန်ခြင်း ကိစ္စရပ်များ၊ အာဆီယံ-အာရှဖွံ့ဖြိုးရေးဘဏ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမူဘောင်ဆိုင်ရာကိစ္စရပ်များ စသည်တို့အပေါ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုချက် ရယူသည့်ကိစ္စရပ်များအပေါ် အတည်ပြုပေးခဲ့ကြသည်။
ဧပြီ ၈ ရက်တွင် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးအားကျင်းပရာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ကမ္ဘာ့စီးပွားရေးအလားအလာ၊ မေခရိုစီးပွားရေး သုတေသနရုံးမှ ဒေသတွင်းစီးပွားရေး အလားအလာ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အရှေ့အလယ်ပိုင်းအရေးအခင်းနှင့် စပ်လျဉ်း၍ အာရှနှင့် ပစိဖိတ်နိုင်ငံများတွင် မေခရိုစီးပွားရေးအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းငွေကြေးများ အသုံးပြုပေးချေမှု ဆိုင်ရာကိစ္စရပ်များ၊ (၁၇) ကြိမ်မြောက် ငွေကြေးဖလှယ်မှုနှင့် စပ်လျဉ်း၍ စမ်းသပ်မှုပြုလုပ်သည့် ကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံငွေချေးစာချုပ်ဈေးကွက် တိုးတက်မှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘဏ္ဍာငွေဖြည့်တင်းမှုအစီအစဉ်များ စသည့်ကိစ္စရပ်တို့အပေါ် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက ဇင်းမယ်အစီအစဉ်အတွက် ငွေကြေးဖလှယ်မှုဆိုင်ရာ စမ်းသပ်မှုပြုလုပ်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် (၁၇) ကြိမ်မြောက် ငွေကြေးဖလှယ်မှုဆိုင်ရာ စမ်းသပ်မှုဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော (၁၆) ကြိမ်မြောက် ငွေကြေးဖလှယ်စမ်းသပ်မှုအရ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလမ်းညွှန်ချက်များ (Operational Guidelines - OG) တွင် ပြင်ဆင်မှုများကိုလည်း ထောက်ခံပါကြောင်း၊ ငွေဖြစ်လွယ်မှုအခက်အခဲဖြစ်ပေါ်သည့်အခါ ယခုကဲ့သို့ နှစ်စဉ်စမ်းသပ်မှုပြုလုပ်သည့် အစီအစဉ်များသည် ဒေသတွင်းငွေရေးကြေးရေးတည်ငြိမ်ခိုင်မာမှုကို အားကောင်းစေသည့်အပြင် လုပ်ငန်းစဉ်များ၏ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုလည်း အထောက်အကူပြုစေနိုင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ငွေကြေးဖလှယ်ထောက်ပံ့မှုအပေါ် ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်း၊ ပြည်ပငွေပေးငွေယူစာရင်းတွင် ငွေကြေးဆိုင်ရာကာလတို အခက်အခဲပေါ်ပေါက်လာပါကလည်း အဆင်သင့်ဖြစ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အနာဂတ်တွင် ဆက်လက်ပြုလုပ်မည့် ငွေကြေးဖလှယ်မှုဆိုင်ရာ စမ်းသပ်မှုအစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံ+၃ နိုင်ငံများ၏ ငွေရေးကြေးရေးစနစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများအပေါ် ကြံ့ကြံ့ခံနိုင်မှုရှိစေရေးဆိုင်ရာ မြှင့်တင်ဆောင်ရွက်ချက်များတွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် ဧပြီ (၉-၁၀) ရက်များတွင် (၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (22nd ASEAN Central Bank Governors’ Meeting - ACGM) ၊ (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (13th ASEAN Finance Ministers and Central Bank Governors’ Meeting – AFMGM) နှင့် ဆက်စပ်အစည်းအဝေးများအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3512 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
