အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မော်လမြိုင်မြို့ရှိ ဟိုတယ်များအားကြည့်ရှု့စစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မော်လမြိုင်မြို့ရှိ ဟိုတယ်များအားကြည့်ရှု့စစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / February 21, 2026
နေပြည်တော်၊ ဖေဖော်ဝါရီ (၂၀) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင် မှုလုပ်ငန်းအဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာ ဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (မွန်ဇုံ)မှ တာဝန်ရှိသူများနှင့်အတူ မော်လမြိုင်မြို့ရှိ Royal Mawlamyine Hotelနှင့် ငွေမိုးဟိုတယ် များသို့သွားရောက်ကာ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စားသောက်ခန်းမနေရာများ အား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ပထမဦးစွာ မော်လမြိုင်မြို့ အထက်လမ်းမကြီး၊ မရမ်းကုန်းရပ်ရှိ Royal Mawlamyine Hotel သို့ သွားရောက်၍ ဟိုတယ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား စစ်ဆေးကြည့်ရှုရာ ဟိုတယ်မှတာဝန်ရှိသူများက ဧည့်သည်များတည်းခိုနေထိုင်မှု၊ အခမ်းအနားများ လက်ခံဝန်ဆောင်မှု ပေးမှု၊ ကဏ္ဍအလိုက်ဝန်ဆောင်မှုဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက ဟိုတယ်အနေဖြင့် အဆင့်မီဝန်ဆောင်မှုများပေးနေသည်ကို တွေ့ရပြီး ဝန်ဆောင်မှု အရည်အသွေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များ စိတ်ကျေနပ်မှုရရှိစေရေးနှင့် ဘေးကင်းလုံခြုံစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ငွေမိုး ဟိုတယ်သို့သွားရောက်၍ ဟိုတယ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ရာ ဟိုတယ်လုပ်ငန်းရှင်မှ ဟိုတယ်ဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ဟိုတယ်ရှိ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးများကို ယခုထက်ပိုမိုအဆင့်မီ ကောင်းမွန်စေရေး အတွက် လေ့ကျင့်ဆောင်ရွက်ပေးရန်၊ ဟိုတယ်မှလုံခြုံရေးဝန်ထမ်းများကို စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ပူပြင်းခြောက်သွေ့သော ရာသီဖြစ်သဖြင့် မီးဘေးအန္တရာယ်နှင့် လျှစ်စစ်အန္တရာယ်ကြိုတင် ကာကွယ်ရေးအစီအမံများ ချမှတ်၍ ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး မွန်ပြည်နယ်၏ အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်စေရန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပိုမိုအဆင့်အတန်းမြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
Source From: MyanmarAlin
Newspaper - 3448 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
