အိန္ဒိယ-ရခိုင် သမိုင်းကြောင်းဆက်နွှယ်မှု စာအုပ်မိတ်ဆက်ပွဲနှင့် ဓာတ်ပုံပြပွဲကျင်းပ
အိန္ဒိယ-ရခိုင် သမိုင်းကြောင်းဆက်နွှယ်မှု စာအုပ်မိတ်ဆက်ပွဲနှင့် ဓာတ်ပုံပြပွဲကျင်းပ
Ministry of Information/ Naypyitaw / March 04, 2026
ရန်ကုန် မတ် ၃
အိန္ဒိယ-ရခိုင် သမိုင်းကြောင်း ဆက်နွှယ်မှုစာအုပ်မိတ်ဆက်ပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့် အိန္ဒိယယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur နှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်မြို့ရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်များ၊ ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် ဒိုင်းနက်၊ သက်၊ မြို၊ ခမီ၊ မရမာကြီးနှင့် ကမန်လူမျိုးတိုင်းရင်းသားကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur၊ ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (ငြိမ်း) ဦးသာအောင်ညွန့်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်၊ ရခိုင်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးအောင်လွင်တို့က အိန္ဒိယ - ရခိုင် သမိုင်းကြောင်း ဆက်နွှယ်မှုဓာတ်ပုံပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ပြသထားသည့် ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် စာအုပ်မိတ်ဆက်ပွဲကျင်းပရာ ဒုတိယဝန်ကြီးက အိန္ဒိယနှင့် ရခိုင်ပြည်သူများအကြား ဆက်ဆံရေးသည် ရာစုနှစ်များစွာကတည်းက ကူးသန်းရောင်းဝယ်ရေးနှင့်အတူ အတွေးအခေါ်၊ စာပေ၊ အနုပညာ၊ ကုန်သွယ်ရေးငွေကြေးဒင်္ဂါးများသာမက ဗုဒ္ဓဘာသာအဆုံးအမများပါ ရောက်ရှိပျံ့နှံ့ခဲ့ကြောင်း၊ ဓညဝတီနှင့် ဝေသာလီတို့ကဲ့သို့ ရခိုင်ရှေးဟောင်းမြို့တော်များမှ တွေ့ရှိရသည့် ကမ္ပည်းစာများ၊ အနုပညာလက်ရာများနှင့် ဓလေ့ထုံးစံများသည် အိန္ဒိယယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို သက်သေပြနေကြောင်း၊ ရခိုင်ဒေသရှိ ကျောက်ထွင်းပန်းပုနှင့် ဗိသုကာလက်ရာများသည်လည်း ကူးလူးဆက်ဆံမှု၏ ပြယုဂ်များဖြစ်ကြောင်း၊ ယခုကာလတွင် စစ်တွေဆိပ်ကမ်းဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးအကျိုးကျေးဇူးရရှိသည့်အတွက် အိန္ဒိယအစိုးရကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် အိန္ဒိယသံအမတ်ကြီးက ရခိုင်-အိန္ဒိယ သမိုင်းကြောင်းဆိုင်ရာ ဆက်ဆံရေးကို မီးမောင်းထိုးပြသည့် ဓာတ်ပုံပြပွဲနှင့် စာအုပ်မိတ်ဆက်ပွဲသည် စာပေ၊ အနုပညာ၊ ငွေကြေးဒင်္ဂါးများကို လေ့လာနိုင်သဖြင့် လွန်စွာတန်ဖိုးရှိလှသည့် ပွဲဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသည့်အတွက် မြန်မာနိုင်ငံအတွက် ကူညီမှုအမြန်ဆုံးပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌက ယနေ့မိတ်ဆက်သော စာအုပ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ပြောကြားသည်။
ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) အဖွဲ့မှ တာဝန်ရှိသူများက အိန္ဒိယသံအမတ်ကြီးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဂုဏ်ထူးဆောင် နာယကဖြစ်သော ဒေါ်နုမြဇံ၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အိန္ဒိယ-ရခိုင် သမိုင်းကြောင်း ဆက်နွှယ်မှုစာအုပ်ကို အိန္ဒိယသံအမတ်ကြီးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3459 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
