အေးချမ်းစွာ ပညာသင်ကြားနိုင်စေရေး ငြိမ်းချမ်းသည့် ပညာရပ်ဝန်းများ ဖန်တီး


Ministry of Information/ Naypyitaw / June 01, 2026
image_latest


၂၀၂၆-၂၀၂၇ ပညာသင်နှစ်အစ ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသူ ကျောင်းသားတို့ ကျောင်းတက်ကြရပြီ ဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းအပ်နှံမှုများကို လက်ခံခဲ့ပြီး ကျောင်းဖွင့်ချိန်ရောက်သည့်တိုင် ဆက်လက်၍လည်း လက်ခံပေးလျက်ရှိသည်။ အခြေခံပညာအတန်းများအားလုံးတွင် ကျောင်းအပ်နှံခြင်းအတွက် မည်သည့်အဖိုးအခကြေးငွေမျှ ပေးသွင်းရန်မလို။ အားလုံးအခမဲ့ဖြစ်ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ စသည်တို့ကိုပင် ထောက်ပံ့ပေးလျက်ရှိကာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ တန်းစဉ်မှန်မှန်ကူးပြောင်းကြရေးကသာ အဓိကဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ပညာသင်ကြားပိုင်ခွင့်ရှိပြီး ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားကြရမည်ဖြစ်သည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင်လည်း “လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်။ ပညာသင်ကြားရေးသည် အနည်းဆုံးမူလတန်းနှင့် အခြေခံအဆင့်တို့တွင် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရဖြစ်ရမည်။ စက်မှုလက်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာများကို လူအများသင်ယူနိုင်စေရမည်ဖြစ်ပြီး အဆင့်မြင့်ပညာရေးကို အရည်အချင်းပေါ်အခြေခံ၍ အားလုံးတန်းတူရည်တူ ရရှိစေရမည်” ဟူ၍ ဖော်ပြထားသည်။

သို့ရာတွင် ကျောင်းနေအရွယ်ရောက်ရှိနေပြီး ပညာသင်ယူခွင့်မရဘဲ နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ ဆုံးရှုံးနေသည့် ကလေးများ အမြောက်အမြားရှိနေကြသည်။ အဆိုပါကလေးများမှာ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ လှုပ်ရှားနေကြသည့် နယ်မြေများတွင် အဓိကအားဖြင့် ရှိနေကြသည်။ အချို့ဆိုလျှင် အသက် ၁၀ နှစ်ကျော်အရွယ်သို့ပင် ရောက်ရှိလာသော်လည်း စာတစ်လုံးမှ မသင်ရသေး။ အကြမ်းဖက်အဖျက်သမားတို့က ကျောင်းမဖွင့်ရေး၊ စာမသင်ရေး၊ ကျောင်းမတက်ရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်၊ ဖျက်ဆီး၊ သတ်ဖြတ်ပြကြသည်။ ယခုလည်း စာသင်နှစ်စတင်တော့မည်ဆိုသည်နှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းမအပ်နှံရေး၊ ပညာသင်ယူမှုမပြုရေးတို့အတွက် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ စာအုပ်နှင့်စာရေးကိရိယာများ သိမ်းဆည်းခြင်းတို့ ပြုလုပ်ကြသည့် သတင်းများ ကြားသိလာရသည်။

မိမိတို့နိုင်ငံတွင် နိုင်ငံသားတို့၏ ပျမ်းမျှပညာအရည်အချင်းမှာ နိမ့်ကျမှုဖြစ်ပေါ်နေသည်။ စာတတ်မြောက်သူ များပြားသော်လည်း အတန်းပညာမြင့်မားသူနည်းပါးနေသည်။ သူငယ်တန်းတွင် စတင် ဝင်ရောက်လာသည့် ကျောင်းသား ကျောင်းသူ ၁၀၀ လျှင် ၂၀ ခန့်သာ တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိလာကြပြီး ယင်းအနက်မှ ရာခိုင်နှုန်းအနည်းငယ်ကသာ အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူကြကာ ဘွဲ့ရခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတွင် ပညာတတ်ဦးရေနည်းပါးခြင်းက နိုင်ငံတော်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်အားနည်းမှုကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ နိုင်ငံ၏အနာဂတ်အတွက် တန်ဖိုးမြင့်မားသော လူသားအရင်းအမြစ်များရရှိစေရန် နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်နိုင်ရေး၊ ကလေးများ ပညာသင်ယူနိုင်ကြစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်ပြီး လူတိုင်းပညာတတ်မြောက်ရန်လိုသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံ၏ ပညာရေးကဏ္ဍမြင့်မားရန် အရေးကြီးသည်။ နိုင်ငံသူ နိုင်ငံသားများ အသိပညာ၊ အတတ်ပညာ နိမ့်ပါးမည်ဆိုပါက နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာခက်ခဲလိမ့်မည်ဖြစ်သည်။ လူတစ်ဦးချင်းစီအတွက်ဆိုလျှင်လည်း အသိပညာ၊ အတတ်ပညာ တတ်မြောက်မှုမရှိခြင်းက ဘဝကိုနိမ့်ကျစေလိမ့်မည်ဖြစ်သည်။ အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများက ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ခွင့်၊ ပညာသင်ယူခွင့်အခွင့်အရေးများကို ပိတ်ပင်တားဆီးခြင်း၊ ဟန့်တားနှောင့်ယှက်နေခြင်းတို့သည် ကျောင်းသူ ကျောင်းသား ကလေးငယ်များ၏ အနာဂတ်ဘဝများကို အညွန့်တုံးဖျက်ဆီးနေခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များကို ပျက်စီးစေခြင်းဖြင့် နိုင်ငံကို ဖျက်ဆီးနေခြင်းလည်း ဖြစ်သည်။

နိုင်ငံတွင် ပညာတတ်နိုင်ငံသားများ အများအပြားရှိသည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်ပြီး ပညာတတ်နိုင်ငံသားအများဆုံးရှိပါက ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အမြင့်ဆုံးဖြစ်စေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်အရည်အချင်းရှိသည့် နိုင်ငံသားများ အရေအတွက်အများအပြား ထွက်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အကြမ်းဖက်အဖျက်ကင်းစင်သော ငြိမ်းချမ်းသည့်ပညာရပ်ဝန်းများ ဝိုင်းဝန်းဖန်တီးပေးကြရပါမည့်အကြောင်း။ ။

Newspaper - 3543 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download