အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / June 15, 2025
image_latest


နေပြည်တော် ဇွန် ၁၄

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) နှင့် ဘဏ်များပူးပေါင်း၍ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ် ပုသိမ်ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ငွေကြေးလိမ်လည်မှုများ အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဌာနများဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး ပထမပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆက်နွှယ်မှုများကို အများပြည်သူများ သိရှိနားလည်နိုင်စေရန်၊ သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် ဘဏ်နှင့်ငွေရေး ကြေးရေးအဖွဲ့အစည်းများမှ ထိရောက်သည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများ ချမှတ်နိုင်စေရန်၊ Stakeholder များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက်များဖလှယ်ရာတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်စေရန်နှင့် လက်တွေ့တွင် ကြုံတွေ့နေရသည့် မှုခင်းဖြစ်စဉ်များကိုအခြေခံ၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများတွင် AML/CFT ဆိုင်ရာကိစ္စရပ်များ၌ ကြုံတွေ့ရသည့်စိန်ခေါ်မှုများကို ဆွေးနွေးအဖြေရှာနိုင်စေရန် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။

အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများတွင် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအား ကြားခံအဖြစ် အသုံးပြုခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဗဟိုဘဏ်အနေဖြင့် AML/CFT ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို အားကောင်းခိုင်မာလာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် စည်းမျဉ်းစည်းကမ်းများ အားကောင်းခိုင်မာရုံဖြင့် မလုံလောက်ဘဲ ဘဏ်နှင့်ငွေရေး ကြေးရေးအဖွဲ့အစည်းများအနေဖြင့်လည်း ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြု Fraud Detection အတွက် AML/CFT Compliance Framework များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။

ယင်းနောက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ မှုခင်းရဲတပ်ဖွဲ့က အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် သက်ဆိုင်သည့် မှုခင်းဖြစ်စဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဒုတိယပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမြန်ဆန်ရေးအဖွဲ့၏ အကောင်အထည်ဖော်ဆောင်မှု အခြေအနေများကိုပြောကြားပြီး အွန်လိုင်းငွေကြေး လိမ်လည်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ဧရာဝတီတောင်သူ လယ်သမားများ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဇော်လင်းထွဋ်၊ ရိုးမဘဏ်မှ ဦးကျော်စိုးလင်း၊ ကမ္ဘောဇဘဏ်မှ ဦးစိုးကိုကို၊ AYA Bank PCL မှ ဦးမင်းဝင့်ဦး၊ ယူအေဘီဘဏ်မှ ဒေါ်ယဉ်မင်းအေးတို့က အပြန်အလှန်စကားဝိုင်းဖြင့် ဆွေးနွေးခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များ၏ မေးခွန်းများ ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ကြသည်။

ဆက်လက်၍ တတိယပိုင်း အနေဖြင့် AYA Bank PCL မှ ဦးမြတ်မင်းထင်ကျော်က အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် AI နည်းပညာ ၏အခန်းကဏ္ဍကို ဖော်ထုတ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါက အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3468 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download