ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၃ / ၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / November 18, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတို့တွင် တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၃ / ၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ရွေးကောက်ပွဲကျင်းပရာတွင် လိုက်နာကျင့်သုံးရန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းထားပြီး အဆိုပါဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်ကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း (၁) စတင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲစနစ်အနေဖြင့် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်အပြင် FPTP စနစ်နှင့် PR စနစ်ကို ပေါင်းစပ်ထားသည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional-MMP) ကိုပါ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်း၍ သင်တန်းတွင် စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပေးမည်ဖြစ်ကြောင်း။

မဲပေးသည့်စနစ်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များကို ကြိုတင်ဆန္ဒမဲများကလွဲ၍ အသုံးပြုပြီး လွယ်ကူရိုးရှင်းစွာ မဲပေးရမည်ဖြစ်ပါကြောင်း၊ မဲပေးစက်နှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မဲပေးစက်များကို ကြိုတင်စစ်ဆေးခြင်း၊ အပိုင်းလိုက်သယ်ယူပို့ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်းများကို စနစ်တကျဖြစ်စေရေးဆောင်ရွက် ရန်လိုအပ်ပါကြောင်း။

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံစေရန်အတွက် ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့ကို ထပ်မံကပ်ထားပေးမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင်ထည့်သွင်းရန် တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ပါကြောင်း၊ မဲစာရင်းများ ကပ်ထားရာတွင် စနစ်တကျဖြစ်စေရန် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မဲဆွယ်စည်းရုံးရေး နှင့်စပ်လျဉ်း၍ စနစ်တကျဖြစ်စေရန် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းထားပြီး မဲဆွယ် စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ကြရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေရေး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန် လိုပါကြောင်း။

မြို့နယ်များတွင် အများယုံကြည်လေးစားခြင်းခံရသောဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့ဝင်များရှိပြီး မြို့နယ်ဦးစီးအရာရှိအနေဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူးအဖြစ်လည်း တာဝန်ရှိပါကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံတစ်ခု၏ ဂုဏ်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီကျင့်စဉ်ကို အကောင်အထည်ဖော်ရာတွင် ရွေးကောက်ပွဲများကို ကျင်းပရမည်ဖြစ်ပြီး နိုင်ငံအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲများဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းသားအရာရှိများအနေဖြင့်သင်တန်းက သင်ကြားပို့ချပေးသည့် သင်ခန်းစာများသည် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်၍ အလေးအနက်ထား လေ့လာသင်ယူကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူ ၂၁ ဦး တက်ရောက်ခဲ့ကြပြီးသင်တန်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။  

သတင်းစဉ်

Newspaper - 3353 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download