ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေး မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများနှင့်တွေ့ဆုံ


Ayeyarwaddy Region Government/ ပုသိမ် / August 03, 2024


ပုသိမ်     ဩဂုတ်     ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေး မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားဟောင်းများက အားကစားနည်းအလိုက် တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးအတွက် အာရှအဆင့်၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များ အသီးသီးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့် တွေ့ဆုံ၍ အကြံပြု ချက်များ ရယူကာ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက် မြင့်မားလာစေရန် ဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်၍ ကြိုတင်ပြင်ဆင်စုဖွဲ့လျှက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် လူစွမ်းအားအရင်းအမြစ်များကိုအခြေခံပြီး အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ်အားကစား သမားများ ရွေးထုတ်ရန် အခွင့်အရေးများရှိနေပါကြောင်း၊ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ဖြစ်ပေါ်လာစေရန်အတွက်လည်း အားကစားရုံ၊ အားကစားကွင်းများကို အဆင့်မြှင့်တင်ပေးလျက်ရှိပါကြောင်း ၊ တိုင်းဒေသကြီး၏အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေး မြန်မာ့လက်ရွေးစင် အားကစားသမား ဟောင်းများနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ထို့နောက်  မြန်မာ့လက်ရွေးစင်အားကစားဟောင်းများက မိမိတို့ဆုတံဆိပ်ရသည့် အားကစားနည်းများအလိုက် အကြံပြုဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသက်(၆၀)နှစ်အထက် မြန်မာ့ လက်ရွေးစင် အားကစားသမားဟောင်းနှစ်ဦးအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက်  အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူးက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိမှုများနှင့် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အားကစားမှူးများက အမျိုးသားအားကစား ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုများ အားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

Newspaper - 3044 items

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download