ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပဥ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ပွဲတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / December 26, 2024


ပုသိမ် ဒီဇင်ဘာ ၂၄

ပဥ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီးမှ မသန်စွမ်းအားကစားနည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည့် အားကစားသမား များအား မြို့တော်ခန်းမရှေ့တွင် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် ပဥ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီ တိုင်းဒေသကြီး အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားအား မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော အားကစားသမား၏ ပါဝင်ယှဉ်ပြိုင်ခဲ့မှု video clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြပြီးနောက် မသန်စွမ်းပြိုင်ပွဲမှရရှိခဲ့သည့် တံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အပ်နှံခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော် သို့ အားကစားသမားလူဦးရေ (၅၄၄)ဦးဖြင့် မသန်စွမ်းအားကစားနည်း (၄)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃) နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားသမားများ၏ ဇွဲ၊ လုံ့လ၊ ဝိရိယ တို့ဖြင့် ကြိုစားယှဉ်ပြိုင် ခဲ့ကြ သဖြင့်မသန်စွမ်းအားနည်းမှ တံခွန်စိုက်ဆုဖလားနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင်လည်း ရလဒ်ကောင်းများပေါ်ထွက်ခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ခဲ့ပြီး အားကစားသမားများ၏ ကြိုးစားမှု၊ နည်းပြ/အုပ်ချုပ်အဖွဲ့များ၏သင်ကြားပြသမှုများ၏ မှတ်ကျောက်ပင်ဖြစ်ပါကြောင်း၊ ဆုများအသီးသီးရရှိအောင် စွမ်းဆောင်ခဲ့ကြသော အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြ များအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားနည်းများ အလိုက် မိမိတို့ရရှိထားသည့်ဆုတံဆိပ်များ၊ အောင်မြင်များထက်ပိုမိုသည့်အောင်မြင်မှုများ တိုးတက်ရရှိနိုင်အောင်ကြိုးစားကြရန်၊ အားကစားမှူးများ၊ နည်းပြများကလည်း ထူးချွန်သည့် အားကစားသမားဖြစ်အောင်စနစ်တကျလေ့ကျင့်သင်ကြားပေးကြရန်နှင့် မျိုးဆက်သစ်အားကစား သမားများပေါ်ထွန်းလာရေး ဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုမှသည် နိုင်ငံကိုယ်စားပြုများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ကြိုးပမ်းကြစေ လိုကြောင်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မသန်စွမ်း အားကစားနည်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ အမျိုးသားအားကစားသမားများနှင့် အုပ်ချုပ်သူ၊နည်းပြများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးမှ မသန်စွမ်းအားကစားနည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရအမျိုးသမီးအားကစားသမားများအားလည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက မသန်စွမ်း အားကစားနည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဆုရရှိသည့်အားကစားသမားများကိုယ်စား မသန်စွမ်းပြေးခုန်ပစ်အားကစားနည်းမှ  ရွှေတံဆိပ်ဆုရှင်မှ ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပြီးနောက် အားကစားအဖွဲ့အား ဖျော်ဖြေရေးအစီအစဉ်များ၊ စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ရာ တက်ရောက်လာကြသူများက တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော် သို့ အားကစားသမားလူဦးရေ (၅၄၄)ဦးဖြင့် မသန်စွမ်းအားကစားနည်း(၄)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မသန်စွမ်း အားကစား နည်းမှ ရွှေတံဆိပ်(၁၃)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၇)ခုဖြင့် ပြိုင်ပွဲဝင် ပြည်နယ်/ တိုင်းများတွင် အဆင့်(၁)ရရှိ၍ တံခွန်စိုက်ဆုဖလားရရှိခဲ့ပြီးပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၄)ခု ၊ ငွေတံဆိပ်(၂၄)ခုနဲ့ ကြေးတံဆိပ်(၂၉)ခု၊ စုစုပေါင်း ဆုတံဆိပ်(၆၇)ခု ရရှိခဲ့ကြောင်းသိရသည်။

Newspaper - 3025 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download