ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / January 03, 2025
ပုသိမ် ဇန်နဝါရီ ၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဧရာတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ဘင်ခရာအဖွဲ့က ဂုဏ်ပြုကြိုဆိုကြပြီး နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဧရာတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် အခမ်းအနားကို ရတနာတန်ဆောင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာစွမ်းရည်၊ အားကစားစွမ်းရည်၊ ဉာဏစွမ်းရည်တို့ကို ဂုဏ်ပြုသွားမည်ဖြစ်ပါကြောင်း၊ မိဘ၊ ဆရာ၊ ကျောင်းသား အားလုံးပူးပေါင်း ပါဝင်တွေ့ဆုံသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ဖန်တီးမှု၊ စုပေါင်း ဆောင်ရွက်မှုဖြင့် ခရိုင်အလိုက် ပြခန်းများကို ဖော်ထုတ်ပြသသည့် နေ့လည်းဖြစ်ပါကြောင်း နှစ်စဉ်ဇန်နဝါရီလ ရောက်တိုင်းအခြေခံပညာကျောင်းများ၊ မြို့နယ်များတွင် ပညာရေးစုံညီ ပွဲတော်များကျင်းပပြုလုပ်ကြသည်ကို တွေ့မြင်နေကြရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်မှာ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း(၇၁၁၄) ကျောင်း၊ ပုဂ္ဂလိကကျောင်း(၃၀)၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၃၆)ကျောင်းတို့ကို ဖွင့်လှစ်ထားရှိပြီး ကျောင်းအုပ်၊ ဆရာ၊ ဆရာမဦးရေ (၅) သောင်း (၇) ထောင်ကျော် ခန့်ထားပြီးဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၁) သိန်း (၄) သောင်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ လူသားအရင်းအမြစ်ဆိုသည်မှာ ပညာပေါ်တွင် အခြေခံသည့်အတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအလေးထားလုပ်ဆောင်ကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက် ပညာ သင်ကြားနိုင်ရန်၊ ကလေးအားလုံး အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်အောင် တက်ရောက်ကြရန်၊ ကျောင်းထွက်နှုန်းလျော့နည်းစေရန်၊ မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမများ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်များတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပ ပြုလုပ်လျှက်ရှိပြီးအခြေခံပညာကျောင်းများ တွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍တစ်ပတ်လျှင် အနည်းဆုံး စာကြည့်တိုက် အသုံးပြုချိန် (၁)ချိန်ကိုထည့်သွင်းရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိဘအုပ်ထိန်းသူများ အနေဖြင့်လည်း မိမိတို့သား၊ သမီးများကျောင်းတက်နိုင်စေရေးနှင့် ပညာရည်တိုးတက်ရေးအတွက် အမြဲမပြတ်ကြပ်မတ် ဆောင်ရွက်နေရမှာဖြစ်ပါကြောင်း၊ “မိဘ၊ ဆရာပူးပေါင်း ကလေးပညာရေးကောင်း”ဆောင်ပုဒ်အတိုင်း မိမိတို့သား၊ သမီးများ၏ ပညာရေး၊ ပူးပေါင်း ဆောင်ရွက်ကြရန် လိုပါကြောင်း၊ လူမှုရေးနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများနှင့် အမြဲမပြတ် ထိတွေ့ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများအပေါ် မိမိရင်ဝယ်သားကဲ့သို့ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့်နာ(၃)နာကို လက်ကိုင်ထားပြီး ဘက်စုံထူးချွန်၍ အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်သော နိုင်ငံသားကောင်း၊ သမီးမွန် များဖြစ်အောင် ကြိုးစားသင်ကြားပေးရန် မှာကြားလိုပါကြောင်း၊ ဆရာ၊ ဆရာမများကလည်း အရည်အချင်းပြည့်ဝအောင်ကြိုးစားကြရန် လိုအပ်သလိုကျောင်းသား၊ ကျောင်းသူများအနေဖြင့် လည်း ဗလငါးတန်နှင့်ပြည့်စုံသော ဘက်စုံထူးချွန်သော လူငယ်များဖြစ်အောင် ကြိုးပမ်း အားထုတ် ကြရန်လိုပါကြောင်း”တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်အား တိုင်းဒေသကြီးပညာရေးမှူးက အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်က ဂျပန်န်နိုင်ငံ (The 31st Annual Wortd Chlldren's Picture Contest (2023-2024) ပန်းချီပြိုင်ပွဲဆု၊ ၂၀၂၃ -၂ဝ၂၄ ပညာသင်နှစ်၊ (Grade – 12 ) ဝိဇ္ဇာတွဲ တွင်မြန်မာတစ်နိုင်ငံလုံး (Top-4)ရရှိသူ၊ ကမ္ဘာ့ဆရာများနေ့ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မယ်ဒလင်၊ တယော ရွှေတံဆိပ်ဆု၊ ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းတွင် သင်တန်းသားစံပြဆု၊ National Clean and Green School Award ရရှိသူနှင့်၊ ၂၀၂၃ -၂ဝ၂၄ ပညာသင်နှစ်၊ (Grade - 12 ) ဝိဇ္ဇာတွဲတွင် မြန်မာတစ်နိုင်ငံလုံး (Top-7) နှင့် (Top-8) ရရှိသူ များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးစုံညီပွဲတော်အတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ပဉ္စမကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်တွင် ခရစ်ကတ်ရွှေတံဆိပ်ဆု၊ ပိုက်ကျော်ခြင်း(မ)သုံးယောက်တွဲရွှေတံဆိပ်ဆု၊ ကမ္ဘာ့ဆရာ များနေ့ အရာထမ်းများအဆင့် ဆောင်းပါးပြိုင်ပွဲ (ဗဟိုအဆင့်)တတိယဆု၊ ကမ္ဘာ့ဆရာများနေ့ အထက်တန်းအဆင့် ဆရာ/ဆရာမများအဆင့် (ဗဟိုအဆင့်)ဒုတိယဆု၊ ကမ္ဘာ့ဆရာများနေ့ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ(ဗဟိုအဆင့်)ပထမဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ နေရာအရောက်ပေးအပ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မမပုသိမ်သူ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းအားကစားကွင်းတွင် လပွတ္တာမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့် ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့ များမှ သရုပ်ပြတီးခတ်မှုများအားလည်းကောင်း၊ ပုသိမ်မြို့၊ စိန့်ဂျွန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက Fitness Dance ဖြင့် ကပြဖျော်ဖြေမှုများအား လည်းကောင်း၊ ပုသိမ်မြို့ပေါ်အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ(၄၀၀)ဦးက ကဗျာလွတ်အကအဖွဲ့ဖြင့် ကပြဖျော်ဖြေမှုများအားလည်းကောင်း၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် ကွက်ပြင် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကရင်ဒုံးအကများဖြင့် ကပြဖျော်ဖြေမှုများနှင့် အားကစားပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ခရိုင်အလိုက် ပြသထားသည့် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ပြခန်းများ ဆက်လက်ကြည့်ရှု အားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စာအုပ်အရောင်းပြခန်းနှင့် ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူလေးများမှ စာပေလေ့လာဖတ်ရှုနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Newspaper - 3034 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download