ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု ဆီထွက်သီးနှံ (နေကြာ)စံပြကွက် စိုက်ပျိုးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု ဆီထွက်သီးနှံ (နေကြာ)စံပြကွက် စိုက်ပျိုးပွဲတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / January 17, 2025
ပုသိမ် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု မရမ်းချောင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ(နေကြာ)စံပြကွက်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင် များနှင့် တောင်သူများက တောင်သူဦးမင်းဟိန်းနှင့်တောင်သူဒေါ်နန်းဝိုင်းတို့၏ စိုက်ပျိုးမြေ (၂၀)ဧကတွင် Super Sun 41 နေကြာမျိုးစေ့များ စိုက်ပျိုးခဲ့ကြပြီး မြေဆွေးထည့်ခြင်း၊ ရေလောင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ " တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းတိုးတက်စေရေးကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် စိုက်ဧကများအပေါ် ထိခိုက်မှုများ နည်းပါးစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများက ပူးပေါင်း၍ နည်းလမ်းမျိုးစုံဖြင့် ကုစားဆောင်ရွက်ခဲ့ပါကြောင်း၊ ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်း စေရေးအတွက် စိုက်ပျိုးချိန်နောက်ကျသော်လည်း လိုအပ်သည့်နည်းပညာများ၊ မြေဩဇာ ကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများက ပိုမိုဝိရိယထားဆောင်ရွက်ကြရန်၊ ပုသိမ်မြို့နယ်၏ စံပြကွက်ဖြစ်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အပင်ကြီးထွားနှုန်းနှင့် အထွက်နှုန်းတိုးပွားရေး ဂရုတစိုက်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးရန်နှင့် ဆီထွက်သီးနှံအောင်မြင် ဖြစ်ထွန်းစေရေး တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ပေးရန် " ဆွေးနွေးပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်စက်မှုစီမံကိန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government ရောင်းချထားသည့် ဧည့်မထ(၅)မှတ်ဆန် (၁၅၀၀၀) မက်ထရစ်တန်ကို MV.MCL ရေယာဉ်များဖြင့်ရေယာဉ်တစ်စီးလျှင် တန်ချိန် (၂၅၀၀)နှုန်းဖြင့်စုစုပေါင်း (၆) ကြိမ်ခွဲ၍ တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ တတိယအကြိမ်တင်ပို့နိုင်ရေး ဆောင်ရွက်နေမှု များကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လည်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းသို့ သွားရောက်၍ MV.MCL ရေယာဉ်ပေါ်သို့ ဆန်တင်ပို့နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျတင်ဆောင်ရန်နှင့် သတ်မှတ်ကာလအတွင်းတင်ဆောင်နိုင်ရေးနှင့် အချိန်မီတင်ပို့နိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် ပုသိမ်စက်မှုစီမံကိန်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုဇုန်သို့ သွားရောက်၍ အမှိုက်မီးရှို့သန့်စင်စက် တပ်ဆင်တည်ဆောက်နေမှုနှင့် ပလက်စတစ်ခုတ်စက် တည်ဆောက် ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ စက်တည်ဆောက်တပ်ဆင်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် အရည်အသွေးကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစရိတ် သက်သာပြီး အကျိုးရှိစွာအသုံးပြုနိုင်စေရေး မှာကြားခဲ့ကြောင်းသိရသည်။
Newspaper - 3049 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၁၇ ရက်၊သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ ကြာသာပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download