ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း  ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ အပင်နှစ်ဆယ် တံတား(၂၂၀)ပေ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊ ပုသိမ်-ငွေဆောင်လမ်းပေါ်ရှိ တွန်ပလွန်တံတားလုပ်ငန်း၊ ပုသိမ်-ရှောပြာ-ချောင်းသာ လမ်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး


Ayeyarwaddy Region Government/ ပုသိမ် / February 03, 2025


ပုသိမ် ဖေဖော်ဝါရီ   ၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား (၂၂၀)ပေ၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား(၂၂၀)ပေ၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွား သံကူကွန်ကရစ်တံတားလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တံတားဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာကာအတွင်း ပြီးစီးစေရေးအတွက် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ လူအင်အား စက်အင်အားဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၁၀၅/၅-၁၀၈/၄) အတွင်း (၄၈)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်-၁/၁၀၈ ကိုးဆူတံတား(၈၈ ပေ)၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်နေမှုအားလည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်း ပုသိမ်မြို့အဝင် (၄၈)ပေ အကျယ် ၂ မိုင် ၆ ဖာလုံ (၄)လမ်းသွား ကတ္တရာကွန်ကရစ်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ လမ်းဘေးဝဲယာတွင် သစ်ပင်ပန်းမန်များ၊ အရိပ်ရအပင်များ စိုက်ပျိုးရန်နှင့် ပန်းပေါင်းဝေဆာပြီး စိမ်းလန်းစိုပြေအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ငွေဆောင်လမ်းပေါ်ရှိ တွန်ပလွန်တံတား(၂၆၀)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၈)ပေ၊ RC Concrete တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့ (၁၆)မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း မူလ(၁၈)ပေအကျယ်မှ (၂၄)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၁၈/၀)မိုင်မှ (၃၅/၀)မိုင်အတွင်း (၁၇ မိုင် ၀ ဖာလုံ) ပေ(၄၀) အကျယ် လမ်းတာဘောင်ချဲ့ခြင်း( ၂၄ )ပေ အကျယ် ကတ္တရာခင်းခြင်း လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း တစ်လျှောက် လမ်းလုပ်ငန်းဆောင်ရွက်မှုနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Newspaper - 3065 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download