ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းများကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းများကြည့်ရှုစစ်ဆေး
Ayeyarwaddy Region Government/ ပုသိမ် / February 24, 2025
ပုသိမ် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ဒုတိယသီးနှံအဖြစ်စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံ (နေကြာ)စံပြစိုက်ခင်းများ ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ တောင်သူ ဝင်းဗိုလ်အပါ(၇)ဦး၏ ဆီထွက်သီးနှံ(နေကြာ)စံပြကွက်(၁၀)ဧကတွင် Super Sun 41 နှင့် ဆင်းရွှေကြာ(၂) နေကြာ စိုက်ပျိုးထားမှုများ ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ပျားပုံးများထားရှိမှု၊ အပင်ကြီးထွားနှုန်းနှင့် အောင်စေ့ပါဝင်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်ဖြစ်ထွန်း အောင်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီချုပ်နှင့်အဖွဲ့သည် ကြာဖြူကျေးရွာရှိ တောင်သူ ဦးရွှေပွား ၏ လယ်မြေတွင် ဒုတိယသီးနှံ ပဲတီစိမ်း (၈၀)ဧကရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးကာ ယခင်နှစ်များနှင့် ယခုနှစ် ပဲအထွက်နှုန်းတိုးတက်မှုများအား မေးမြန်းခဲ့ပြီး အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်နှင့် သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက် အောင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာဖြူကျေးရွာအုပ်စု၊ ကျုံတုံး ကျေးရွာ တောင်သူ ဦးဝင်းဗိုလ်၏ ကွင်းအမှတ်(၁၀၀၀/ဃ)(၁၇/၃)ရှိ စိုက်ဧက (၀.၃၀)ဧကနှင့် ကွင်းအမှတ်(၉၉၉/ဃ)(၈/၃)ရှိ စိုက်ဧက(၀.၆၀)ဧကတွင် ဆီထွက်သီးနှံနေကြာ ရုရှားမျိုး(၉)မျိုး မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ပင်ကြား (၉)လက်မ၊ တန်းကြား(၂)ပေ စိုက်ပျိုးထားရှိမှု၊ မြေကြမ်း(ရွှံ့စေးမြေ)ပေါ်တွင် စိုက်ပျိုးထားရှိမှု၊ ဘောင်တင်သားခွဲချိန်တွင် ယူရီးယားမြေဩဇာများ အချိန်ကိုက်ထည့်သွင်းမှု၊ မျိုးအလိုက် နေကြာသီးနှံ အောင်မြင်ဖြစ်ထွန်းမှု၊ အောင်စေ့ပါဝင်မှု၊ အပင်ကြီးထွားမှုနှုန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယှဉ်ပြိုင်စမ်းသပ်ကွက်အလိုက် အထွက်နှုန်းများကို စနစ်တကျမှတ်တမ်းထားရန်၊ ရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှု မရှိစေရေးဆောင်ရွက်ကြရန်၊ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များအား တောင်သူများ စိုက်ပျိုးနိုင်စေရေးအသိပညာပေးရန်နှင့် တောင်သူများလက်ဝယ်သို့ ရောက်ရှိရေးဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် ဗျိုက်ကြီး ကျေးရွာအုပ်စု ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင် ၈၈/၃ မိုင် မှ ၈၉/၄ မိုင်အတွင်း ကားလမ်းဘေး ဝဲယာ မြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ ယခုကဲ့သို့ မြောင်းတူးဖော်ပေးခြင်းဖြင့် မြောင်းဘေးဝဲယာရှိ တောင်သူများ၏ စိုက်ပျိုးဧက(၈၀)ဧကကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း တောင်သူများအနေဖြင့် သီးထပ် စွမ်းအား၊ သီးနှံစိုက်စွမ်းအားများတိုးတက်စေရေး၊ ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် ကြဲခင်းစနစ်များလျော့နည်းပပျောက် အောင် ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Newspaper - 3087 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download