ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်အတွင်းရှိ ကမ်းပါးအိကျမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်အတွင်းရှိ ကမ်းပါးအိကျမှုအား ကြည့်ရှုစစ်ဆေး
Ayeyarwaddy Region Government/ ပုသိမ် / June 25, 2025
ပုသိမ် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်အတွင်း ကမ်းပါးအိကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ ကမ်းပြိုကာကွယ်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့်ဆောင်ရွက်ထားသည့် Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အနက် RD 4200 နှင့် RD 4400 အကြားတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား ၁၂၀ ပေခန့် ကမ်းပါးအိကျမှု ဖြစ်ပေါ်သောနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တာဝန်ရှိသူများမှ ၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းတွင် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့သည့်အခြေအနေများ၊မြစ်ရေမြင့်တက်ချိန်တွင် ကမ်းထိန်းတမံ၏ အချို့ နေရာများတွင် ရေနစ်မြုပ်ခဲ့သည့်အခြေအနေများ၊ မြစ်ရေပြန်လည်ကျဆင်းပြီးနောက် ရေနစ်မြုပ် ခဲ့သည့်နေရာတွင် ကမ်းပါးအိကျမှုနှင့် အောက်ခြေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ အရေးပေါ်ကာကွယ်ရေးအဖြစ် Geo Bag အိတ်ကြီးများ ချထားဆောင်ရွက် နေမှုအခြေအနေများနှင့် ရေနည်းကာလရောက်ရှိချိန်တွင် မူလပုံစံအတိုင်း ပြန်လည်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အနက် RD 4200 နှင့် RD 4400 အကြားတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား ၁၂၀ ပေခန့် ကမ်းပါးအိကျမှု ဖြစ်ပေါ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပါးအောက်ခြေ တိုက်စားမှုအား အလျင်အမြန်ထိန်းချုပ်နိုင်ရေးအတွက် Geo Bag များကို အချိန်မီချထား ဆောင်ရွက်ရန်၊ မြစ်ရေပြန်လည်မြင့်တက်လာချိန်တွင် ရေနစ်မြုပ်မည့်အပိုင်းများ၌ ထိခိုက်မှု မရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံများ၏ ကြံ့ခိုင်မှုကို ထိခိုက်မှုမရှိစေရေးအတွက်မျက်ခြေမပြတ်စောင့်ကြည့် ဆောင်ရွက်ရန်တို့ကို မှာကြားပါသည်။ အဆိုပါ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြို ကာကွယ်ရေးအတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ ဆောင်ရွက် ထားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ရန်ပုံငွေဖြင့် အလျား ၂၁၀၀ ပေ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
Newspaper - 3536 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
