ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅ခုနှစ်၊ (တတိယအကြိမ်)မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / June 30, 2025


ပုသိမ် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးနေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ၂၀၂၅ခုနှစ်၊ (တတိယအကြိမ်)မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်-မော်တင်ကားလမ်းဘေးရှိ အပြည်ပြည်ဆိုင်ရာဖားအောက်တောရရိပ်သာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အခမ်းအနားသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပ ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားဖြစ်ပြီး သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရန်၊ ဂေဟစနစ်ထိန်းသိမ်းရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အမျိုး သမီးများသည်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုရရှိ ရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေးအတွက် ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ အမျိုးသမီးရေးရာအဖွဲ့ကြီးနှင့် မိတ်ဖက်အဖွဲ့အစည်းများက လက်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သစ်တောဦးစီးဌာနနှင့်ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သစ်ပင် စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ သစ်တောသစ်ပင်များ တိုးပွားလာစေရန်အတွက် လက်ရှိတည်ရှိနေသည့် သဘာဝတောများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ကြရသကဲ့သို့သစ်တောနယ်မြေအတွင်းရှိ တောနိမ့်တောပျက်နှင့် တောပါးသည့်နေရာများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းတို့ကို ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် နိုင်ငံပိုင်စိုက်ခင်းများအနေဖြင့် စီးပွားရေးစိုက်ခင်း (၂၅၅၀)ဧက၊ ဒီရေတောစိုက်ခင်း(၁၄၀၀)ဧက၊ စက်မှုကုန်ကြမ်းစိုက်ခင်း(၄၀၀)ဧက၊ ရေဝေရေလဲဒေသ ထိန်းသိမ်းရေး စိုက်ခင်း (၁၅၀)ဧက၊ ကျေးရွာထင်း စိုက်ခင်း (၇၅၀) ဧကနှင့်ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း (၂၂၃)ဧက၊ စုစုပေါင်း (၅၄၇၃) ဧကတည်ထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၅ ခုနှစ် မိုးရာသီ တွင် ခရိုင်/မြို့နယ်အသီးသီးမှာ လူထုဖြန့်ပျိုးပင် (၁၂၆၅၀၀၀)ပင်ကို ဖြန့်ဝေစိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း၊ "ကုသိုလ်လည်းရ ပြည်လည်းလှ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းကြ" "သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့" "ဥတုရာသီတောကိုမှီ၏" ဆိုသည့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကိုဖော်ညွှန်းထားသည့် ဆောင်ပုဒ်များအတိုင်း သစ်တောသစ်ပင်များ၊ သစ်တောဂေဟ စနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင်စွမ်းရှိသော မြန်မာအမျိုးသမီးထုတစ်ရပ်လုံးအပါအဝင် ပြည်သူတစ်ရပ်လုံးက တက်ကြွစွာဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း”တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့ကဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအပါအဝင် အင်အား(၅၂၀)ဦးတို့က ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပုန်းညှက်၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ အင်ကြင်းစသည့် စုစုပေါင်း သစ်မျိုး(၈)မျိုး၊ ပျိုးပင်ပေါင်း(၁၃၅၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ပြီး သစ်ပင်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးကြသည့် ဒေသခံပြည်သူများအား ကောက်ညှင်းပေါင်းများပေးဝေခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် အပြည်ပြည်ဆိုင်ရာ ဖားအောက် တောရဓမ္မရိပ်သာ(ပုသိမ်)၏ ဦးစီးပဓာနနာယကဆရာတော် (ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီသနိကာယ ဝိဒူ၊ အဘိဓမ္မာဝိဒူ) အရှင်ဇောတိပါလအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပါသည်။

Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download