ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်အတွင်းစိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး


Ayeyarwaddy Region Government/ ပုသိမ် / July 07, 2025


ပုသိမ် ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုရှိ တောင်သူစိုက်ဧက(၄)ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆာဖိုးသာမျိုး ပျိုးထောင်စိုက်ပျိူးခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးနှင့် တစ်ဧကအထွက်နှုန်းများပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး၊ အထွက်တိုးမျိုးကောင်း၊ မျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးရေး၊ မျုးစပါး ပန်းတိုင်အထွက်နှုန်း တိုးတက် ရရှိရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး၏ အထင်ကရစာကြည့်များတွင် တိုက်တစ်အပါဝင်ဖြစ်သည့် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ရှိ ကြီးပွားရေးစာကြည့်တိုက်သို့သွားရောက်၍ ကျောင်းအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချ၍ စာပေလာရောက်ဖတ်ရှုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများကို စာပေဖတ်ရှုခြင်းအလေ့အထများပိုမိုအားကောင်းစေရေး၊ သုတ၊ ရသစာပေများအပြင် တောင်သူများအတွက် အကျိုးရှိစေမည့် စာ‌အုပ်စာပေများပိုမိုစုံလင်စွာ ထားရှိရေး၊ အဆောက်အဦရေရှည်တည်တံ့စေရန် တာဝန်ရှိသူများက ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ရန် မှာကြားခဲ့ပြီး MRTV DTH စလောင်းတစ်စုံနှင့် ချီးမြှင့်ငွေများပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့်ဆီများထောက်ပံ့ပေးအပ်ခြင်းနှင့် တွေ့ဆုံအားပေးခြင်းလည်းဖြစ်ပါကြာင်း၊ နေရပ်စွန့်ခွာပြည်များသည် တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ လာရောက်ကြသည့် ပြည်သူများလည်းရှိပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တိုးတက် ခိုင်မာအားကောင်းသည့်လူမှုအသိုက်အဝန်းဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြကြရန်လိုပါကြောင်း ”အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့် ဆီများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ တောင်သူဦးရာဇာအောင်၏ စိုက်ဧက(၇.၅)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်၊ မျိုးစေ့ချစက် Drum Seederစံပြစိုက်ပျိုးခြင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ ကောက်စိုက်စက်နှင့်တွဲဖက်သုံး (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးပွဲများသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးနှင့် တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး၊ အထွက်တိုးမျိုးကောင်း၊ မျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးရေး၊ လယ်ဧကများတွင် ပျက်စီးသွားသည့် မြေဆီ၊ မြေဩဇာများပြန်လည် ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးရေး၊ ကြဲခင်းစနစ်များ လျော့နည်းပပျောက်ရေး ၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအောင်မြင်စေရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

Newspaper - 3217 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download