ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်စုပေါင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်


Ayeyarwaddy Region Government/ ပုသိမ် / July 07, 2025


ပုသိမ် ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ကျုံပျော်ခရိုင်စုပေါင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက တေဇရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အ‌ဆိုပါ အဆောက်အဦသစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်စုပါင်းရုံး အဆောက်အဦသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျုံပျော်ခရိုင်စုပေါင်းရုံးသစ်ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အဖြစ် သစ်ပင်များစိုက်ပျိုးပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ကျုံပျော်ခရိုင်စုပေါင်းရုံး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ကျုံပျော်ခရိုင်စုပေါင်းရုံး၊ ရုံးခန်းများဖွဲ့စည်းထားရှိမှုနှင့် ရုံးဆောက်လုပ်မှု မှတ်တမ်းဓာတ်ပုံများနှင့် ကြည့်ရှုစစ်ဆေးကာ ဧည့်သည်တော်မှတ်တမ်းတွင် အမှတ်တရလက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ခရိုင်စုပေါင်းရုံးများ ဖွင့်လှစ်ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်မှုကို ပိုမိုအထောက်အကူဖြစ်စေပြီး ခရိုင်အတွင်းရှိ အစိုးရဌာနဆိုင်ရာများကို တစ်နေရာတည်းတွင် စုပေါင်းတည်ရှိခြင်းဖြင့် သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းများကို အချိတ်အဆက်မိမိထိရောက်စွာလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းအား ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးအတွက် ကျုံပျော်ခရိုင်နှင့် မြန်အောင်ခရိုင်တို့အား ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကျုံပျော်ခရိုင်အနေဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု၊ လမ်းပန်းဆက်သွယ်မှုအဓိကကျသည့်ခရိုင်ဖြစ်သည်နှင့် အညီ အခြားခရိုင်များနည်းတူ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးရန်လိုပါကြောင်း ခရိုင်စုပေါင်းရုံးဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်၍ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဌာနအလိုက် ရည်မှန်းချက်တာဝန်များအား ပိုမိုအောင်မြင်အောင်ဆောင်ရွက်သွားကြရန်၊ ခရိုင်စုပေါင်းရုံးအား ရေရှည်တည်တံ့စေရေး၊ ပျက်စီးယိုယွင်းမှုများ မရှိစေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုအပ်ပြီး ခရိုင်စုပေါင်းရုံးအား ရေရှည်တည်တံ့စေရေး၊ ပျက်စီးယိုယွင်းမှုများ မရှိစေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ရုံးပတ်ဝန်းကျင်ကိုသန့်ရှင်းသပ်ရပ်ကာ စိမ်းလန်းစိုပြေ စေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုပါကြောင်း” အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံသို့ “နက်နဲသိမ်မွေ့သောကုမ္ပဏီလီမိတက်” က ဖွင့်ပွဲအထိမ်းအမှတ်အလံနှင့် ခရိုင်စုပေါင်းရုံး RCC ၃ထပ် အဆောက်အဦနှင့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပြဖီးနောက် ကျုံပျော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှပ်စစ်မီး အချိန်ပြည့် အသုံးပြုနိုင်ရေးအတွက် ရွှေစပါးမြန်မာ ကုမ္ပဏီလီမိတက်မှ ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ ဆိုလာ ၆ ကီလိုဝပ် ၂ လုံး တပ်ဆင်လှူဒါန်းမှုအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးနောက် ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာအုပ်စုရှိ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက(၆)ဧကတွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ မိုးစပါးတွင် မှော်ဘီ-၃(RS-CS)မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်းနှင့် ကျုံပျော်ခရိုင်အတွင်း စိုက်ပျိုးမှုအများဆုံး စပါးမျိုး(၁၈)မျိုးအားမျိုးယှဉ်ပြိုင်စိုက်ပျိုးခြင်း အခမ်းအနားသို့သို့တက်ရောက်၍ ဆာဖိုးသာ၊ ကြာညိုသင်း၊ AGT-303၊ မှော်ဘီ-၃၊ GW-11၊ အောင်နိုင်တိုး၊ GW21၊ နယူး-၁၀၊ ရက်(၉၀)၊ ဆင်းသုခ၊ YKQR-01၊ ဆင်းရွှေရင်-၂၊ ရွှေပြည်မွှေး၊ ရွှေနံ့သာဧရာ-၁၊ ရွှေနံ့သာဧရာ-၂၊ ရွှေနံ့သာဧရာ-၃၊ ရွှေနံ့သာဧရာ-၄၊ ရွှေနံ့သာဧရာ-၅ စပါးမျိုးများ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ မျိုးကောင်းမျိုးသန့် စပါးများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးတောင်သူများကျယ်ကျယ်ပြန့်ပြန့် လိုက်ပါစိုက်ပျိုးနိုင်စေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိ လောကမွန်စာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်တွင် ပြည်သူများစာပေ လာရောက်ဖတ်ရှုမှုအခြေအနေများ၊ စာအုပ်စာစောင်များငှားရမ်းဖတ်ရှုမှုအခြေအနေများအား မေးမြန်းခဲ့ပြီး သုတ၊ ရသစာအုပ်များပိုမိုစုံလင်စွာထားရှိရေးနှင့်စာကြည့်တိုက်ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ရေးတို့ကို မှာကြားခဲ့ပြီး MRTV DTH စလောင်းတစ်စုံ၊ စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

Newspaper - 3217 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download