ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / August 14, 2025
ပုသိမ် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီး ရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် မိခင်များနှင့်ရ ကလေးငယ်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ် အနက် တတိယ ဦးတည်ချက်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယကင်းရှင်းရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဩဂုတ်လ(၁)လလုံးကို အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပထမ ရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယ ရက်သတ္တပတ်ကို ငါးနှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊တတိယ ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထ ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ် ဟူ၍ သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့်အပြင် နှစ်စဉ် ဩဂုတ်လဒုတိယအပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီးကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားများကိုဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်ဟူ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြင့် နှီးနွယ်ဌာနဆိုင်ရာများ၊ ကျောင်းကျန်းမာရေးကော်မတီ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မိဘဆရာအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများကို ကျောင်းများမှတဆင့် ပြည်သူလူထုထံ လက်ဆင့်ကမ်းပညာပေးနိုင်ခြင်းဆိုသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များကို ဗလငါးတန်နှင့် ပြည့်ဝစေမှာ ဖြစ်သည့်အတွက် တက်ရောက်လာကြသူများမှပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း” တိုက်တွန်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ဗီဒီယိုပြသမှုအားကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီး ရေးရာအဖွဲ့ထံသို့ Global Earth Agro & Aqua Industry Public Co., Ltd ကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူငွေများပေးအပ်ရာ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကိုယ်စားလှယ်နှစ်ဦးစီက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စံပြမိခင်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၅)နှစ်အောက်ကလေးများအား ဗီတာမင်အေဆေးဝါးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏု အာဟာရဆေးဝါးများ တိုက်ကျွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကာ (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်ပြခန်းအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမသို့သွားရောက်၍ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ်ဆောင်ရွက်သည့် ကျောင်းသူလေးများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီး မူလတန်းကျောင်းသား၊ကျောင်းသူလေးများ၊ အလယ်တန်းနှင့်အထက်တန်း ကျောင်းသားများအား သန်ချဆေးများနှင့် အလယ်တန်းနှင့်အထက်တန်း ကျောင်းသူလေးများအား သံဓာတ်ဆေးဝါးများတိုက်ကျွေးခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော KGကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး KGကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ဝစေရေးအတွက် အစာအုပ်စုမျိုးစုံစွာ ကျွေးမွေးစေရေး၊ သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများကျွေးမွေးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် တန်ဖိုးသင့်အာဟာရအချက်အပြုတ်ပြိုင်ပွဲသို့သွားရောက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ ခရိုင်အလိုက်တန်ဖိုးသင့်အာဟာရအချက်အပြုတ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အာဟာရပြည့်ဝသည့် အစားအစာများဖြစ်စေရေး၊ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့်အညီဖြစ်ရေးမှာကြားခဲ့သည်။
Newspaper - 3255 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download