ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးနှင့် မြေပဲစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် အထွက်တိုး မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်


Ministry of Information/ Naypyitaw / September 16, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆီထွက်သီးနှံစိုက်ပျိုးရေးစီမံကိန်း မြေပဲစိုက်တောင်သူများသို့ အထွက်တိုးမြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများ၊ မြန်အောင်၊ အင်္ဂပူနှင့် ညောင်တုန်းမြို့နယ်တို့မှ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယခုအခမ်းအနားတွင် မြန်အောင်၊ အင်္ဂပူ၊ ညောင်တုန်းမြို့ နယ်တို့မှ မြေပဲစိုက်သမဝါယမ အသင်း ၂၁ သင်း၏ စိုက်ဧက ၄၅၀ အတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှင့် ညီမျှသောအထွက်တိုး မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေး မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေးနှင့် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (ဆီထွက်သီးနှံနေကြာ) စီမံကိန်း ချေးငွေ၊ သက်တံ့ရောင်စီမံကိန်း ချေးငွေများကို သက်သာသော အတိုးနှုန်း၊ သီးနှံပေါ်ပေးစနစ်တို့ ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထို့ပြင် မျိုး၊ သွင်းအားစုဓာတ်မြေ ဩဇာများကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်အောင်၊ အင်္ဂပူနှင့်ညောင်တုန်း မြို့နယ်အတွင်းရှိ သမဝါယမအသင်း ၂၁ သင်း၏ စိုက်ဧက ၄၅၀ အတွက် အထွက်တိုးမြေပဲမျိုးနှင့် သွင်းအားစုများပေးအပ်ကာ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် စက္ကော့တောင်-အင်းမကျေးရွာချင်းဆက်လမ်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အုန်းပင်စုစံပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေး၍ စီမံကိန်းအမှတ်တရ ကံ့ကော်ပင်များ စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ အိမ်သွယ်ရေတိုင်စနစ်ဖြင့် ကျေးရွာရေရရှိရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ မူလတန်းကျောင်း သောက်ရေသန့်ရရှိရေးဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ကျေးလက်ဒေသ အခြေခံအိမ်ထောင်စုများ အသက်မွေးဝမ်း ကျောင်း မြှင့်တင်ရေးစီမံကိန်း (SEP)ရန်ပုံငွေဖြင့် ကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် Green House, Net House စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး အခြေခံစက်ချုပ်နည်းပညာ သင်တန်းတက်ရောက်အောင်မြင်ပြီး မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ညောင်တုန်းမြို့တော်ခန်းမ၌ ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း သွင်းအားစုမြေဩဇာဖြန့်ဖြူးပြီးစီးမှု၊ နည်းပညာပေးမှု၊ ပြန်လည် ကောက်ယူမည့် အစီအမံများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၀ မှ တောင်သူများ၏ စိုက်ဧက ၃၄၇၄၆ ဧက အတွက် ၁၅ ပတ်လည် ကွန်ပေါင်း ၁၁၉၀၁ အိတ်နှင့် ယူရီးယားဓာတ်မြေဩဇာ ၉၉၁၂ အိတ်ကိုပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3287 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download