ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးနေမှုများ ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးနေမှုများ ကြည့်ရှုအားပေး
Ayeyarwaddy Region Government/ ပုသိမ် / November 27, 2025
ပုသိမ် နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဘင်ခရာအဖွဲ့၊ ပန်းပွားအက အဖွဲ့၊ တယောအဖွဲ့များအား ဆုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ပညာရတနာခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက “ အလှဆုံးပန်းများ ပွင့်ကြပြီ”သီချင်း၊ အ.ထ.က(၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ လေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းတို့ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို မြို့နယ်(၂၆)မြို့နယ်တွင် အခြေခံပညာ ကျောင်းများ ကိုအခြေခံ၍ စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်လည်း မြို့နယ် (၁၃) မြို့နယ်တွင်ကျင်းပနိုင်ရေးဆောင်ရွက်ထားရှိရာ မြောင်းမြမြို့တွင် တတိယအကြိမ်မြောက် ကျင်းပ ခြင်းဖြစ်ပြီး ကျန်ရှိသည့်မြို့နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာစာကြည့်တိုက် (၃၁၅) တိုက်၊ အသစ်ဆောက်လုပ်သည့် စာကြည့်တိုက် (၁၁)တိုက်၊ ပြုပြင်သည့်စာကြည့်တိုက် (၅)တိုက်၊ အထင်ကရစာကြည့်တိုက် (၉) တိုက်ရှိပြီး စုစုပေါင်း စာကြည့်တိုက် (၃၄၀) ရှိပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြောင်းမြမြို့သည် စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်သော မြို့ဖြစ်သလို စာပေ၊ အားကစား၊ အနုပညာတို့ဖြင့် ဘက်စုံထူးချွန်သောကြောင့် တိုင်းဒေသကြီး၏ စံပြခရိုင်အဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာပေများ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် အခြေခံပညာကျောင်းဖွင့်လှစ်မှုအများဆုံးနှင့် ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးအတွင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာရေးလေ့လာသင်ယူနိုင်သည့် အခွင့်အလမ်းများပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်မောင်မယ်များဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း” အမှာစကားများ ပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ၄ရက်နေ့တွင် MCC Yangon ခန်းမတွင် Azalea Star အကအဖွဲ့မှ ဦးစီးကျင်းပသော မြန်မာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သော မြောင်းမြမြို့ကိုယ်စားပြုအာဇားလီးယားစတားအဖွဲ့က“အာခါ”ရိုးရာအကဖြင့် လည်းကောင်း၊ မဟာကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “ လောကအားမာန်”သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၁) မြောင်းမြအခြေခံပညာအထက်တန်း ကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက “ မြန်မာပြည်မှာ စာပေပဒေသာဝေဆာစေ” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က သီဆို ဖျော်ဖြေခဲ့ကြသော အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြောင်းမြပညာရေးဒီဂရီကောလိပ်ပြခန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)ပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသန ဗဟိုဌာန(မြောင်းမြ) ပြခန်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနပြခန်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ဂုန်နီ)ပြခန်း၊ မဟာကိုယ်ပိုင်အထက်တန်းကျောင်း သင်ထောက်ကူပြခန်း၊ ဖွံဖြိုးဝေစည်ဧရာဝတီ ရောင်စုံဓာတ်ပုံ ပြခန်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာအုပ်စာစောင်ပြခန်း၊ ထူးချွန်ထင်ရှား မြောင်းမြသားများပြခန်း၊ မျိုးဆက်သစ် ကိုယ်ပိုင် အထက်တန်းကျောင်း သင်ထောက်ကူပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ သူနာပြုသင်တန်းကျောင်း (မြောင်းမြ)ပြခန်း၊ သစ်တောဦးစီးဌာနပြခန်း၊ ရှေးဟောင်းသမိုင်းဝင် မြစိမ်းရောင်ပြခန်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဖတ် မှတ် စွမ်းရည်ပြိုင်ပွဲစသည့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှု အားပေး ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် နေပြည်တော်မှ အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ ကွင်းဆင်း ဆေးကုသနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားကာ လူနာများအား အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ပံ့ပိုးမှုဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ ခွဲစိတ်ကုသ ပေးမှု အစီအစဉ်ဖြင့် မြောင်းမြမြို့နယ်အတွင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ စုစုပေါင်း (၅၁)ဦးအား နိုဝင်ဘာ (၂၅) ရက်နေ့မှ နိုဝင်ဘာ(၂၇)ရက်နေ့အထိ အခမဲ့ဆေးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။
Newspaper - 3362 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
