ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဂရန်အင်း/ တင်ဒါချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဂရန်အင်း/ တင်ဒါချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / May 06, 2026
ပုသိမ် မေ ၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဂရန်အင်း/တင်ဒါချက် များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်းရှိ ဂရန်အင်း/ တင်ဒါချက် များနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ် ကြီးများသိရှိနိုင်အောင် ရှင်းလင်းခြင်းဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ဂရန်အင်း/ တင်ဒါချက်များနှင့် ပတ်သက်၍ ယခင်လွှတ်တော်တွင် ပြဋ္ဌာန်းအတည်ပြုထားသည့် ရေချိုငါးလုပ်ငန်း ဥပဒေ၊ နည်းဥပဒေပါအတိုင်း တိတိကျကျဆောင်ရွက်သွားရန်လိုပါကြောင်း၊ အင်းလုပ်ငန်းများသည် တိုင်းဒေသကြီးအတွက် ဘဏ္ဍာငွေများစွာ ရရှိသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ အင်းလေလံပွဲများ ဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမြင်သာမှုရှိပြီး စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဂရန်အင်း/ တင်ဒါချက်များနှင့်ပတ်သက်၍ မြေပြင်တွင် အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်လေ့ ရှိပြီး ၎င်းအခြေအနေများကို ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် သိရှိစေပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ အင်းလုပ်ငန်းများသည် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို မထိခိုက်စေရန်လည်း ဂရုပြုဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ရေချိုငါးလုပ်ငန်းရေပြင်နှင့် သဘာဝပတ်ဝန်း ကျင်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ငါးလုပ်ငန်းများ ရေရှည်တည်တံ့စေရေး၊ တိုင်းဒေသကြီးက ရသင့်ရထိုက်သည့် အခွန်အခများရရှိစေရေး၊ ငါးသယံဇာတနှင့် ရေသယံဇာတများကို မျှတစွာ ခွဲဝေသုံးစွဲနိုင်စေရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း” အဖွင့်အမှာ စကားပြောကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားပြီးနောက် ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၆-၂၀၂၇ ခုနှစ်၊ အင်းလုပ်ငန်းရာသီ (၃)နှစ် ကြေးတိုင်အင်းအဖြစ် လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားလာမှုအပေါ် ဆောင်ရွက်ခဲ့မှုအခြေအနေ များနှင့် အင်းခွန်ပေးသွင်းမှုအခြေအနေများ၊ ၂၀၂၆-၂၀၂၇ ခုနှစ် အင်းလုပ်ငန်းရာသီမှစ၍ သုတေသနအင်းအဖြစ် ခွင့်ပြုပေးခဲ့မှုအခြေအနေများ၊ ဂရန်အင်း/တင်ဒါချက် ရောင်းချရန်အတွက် လေလံ/တင်ဒါစည်းကမ်းချက်များ၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ငါးလုပ်ငန်းရာသီအတွက် လေလံ ရောင်းချမည့် ဂရန်အင်းများအခြေအနေနှင့် လေလံ/တင်ဒါစနစ်ဖြင့် ရောင်းချမည့်နေ့ရက်များကို ရှင်းလင်းတင်ပြခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၏ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုအပေါ် ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Newspaper - 3517 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
