ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ)နှင့် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်း မီးပုံပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ)နှင့် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်း မီးပုံပွဲအခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / May 12, 2026
ပုသိမ် မေ ၁၀
၂၀၂၆ ခုနှစ်၊ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ)နှင့် ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်းမီးပုံပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းက အဆိုပါစခန်းများတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန် မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ) သို့ရောက်ရှိ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“လူရည်ချွန် ဆိုသည်မှာ ဖြူစင်ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တည်ကြည်ခြင်း၊ ခရီးလမ်းကို မရပ်မနား သွားတတ်ခြင်း၊ သွားမြဲခရီးကို မစွန့်လွှတ်ခြင်း၊ အဖန်တလဲလဲ ရှေ့သို့တက်နေခြင်း၊ ခရီးသည် တို့၏ လမ်းညွှန်ဖြစ်နေခြင်း၊ ကိုယ်ပိုင်အလင်းရောင်ဖြင့် ထွန်းလင်းခြင်းဆိုသည့် အဓိပ္ပာယ် များကို ဖော်ဆောင်သည့်အတွက် နိုင်ငံတော်၏ အားထားရသော အနာဂါတ်သားကောင်းရတနာများ ဖြစ်အောင် စံနမူနာပြအဖြစ် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း”အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ် များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လူရည်ချွန် မောင်မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧကာဒသမတန်းလူရည်ချွန် စခန်း(ငွေဆောင်) စခန်းအောင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "လူရည်ချွန်မောင်မယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန် ထမ်းဆောင် မည့်သူများဖြစ်သဖြင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ကြပါစေကြောင်း၊ နောင်နှစ်များတွင်လည်း လူရည်ချွန်များအဖြစ် ထပ်မံလာရောက်နိုင်ပါစေ ကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိတို့ဝါသနာပါရာ ပညာရေးလမ်းကြောင်းပေါ်သို့ အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း" အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များထံသို့ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းမှူး၊ တိုင်းဒေသကြီးပညာရေးမှူးက အမှတ်တရလက်ဆောင် ပစ္စည်းများကိုလည်းကောင်း၊ ငွေဆောင်ဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်းက လူရည်ချွန် မောင်မယ်များထံသို့ အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ်များနှင့် ညစာအတူတကွ သုံးဆောင်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ်းခြေမီးပုံပွဲအား မီးညှိဖွင့်လှစ်ပေးကာ လူရည်ချွန်မောင်မယ်များနှင့်အတူ မီးပုံပွဲတွင် အေးချမ်းပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ပြီး စခန်းသိမ်းမီးပုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
Newspaper - 3523 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
