ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Horizon Telecom International ကုမ္ပဏီလီမိတက်တို့ အကြား ချုပ်ဆိုသော ဧရာဝတီဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ(AFCI-Port Sharing)အား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T)စနစ်ဖြင့် ဆောင်ရွက်မည့် သဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Horizon Telecom International ကုမ္ပဏီလီမိတက်တို့ အကြား ချုပ်ဆိုသော ဧရာဝတီဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ(AFCI-Port Sharing)အား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T)စနစ်ဖြင့် ဆောင်ရွက်မည့် သဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကျင်းပ
Ayeyarwaddy Region Government/ ပုသိမ် / May 26, 2026
ပုသိမ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Horizon Telecom International ကုမ္ပဏီ လီမိတက်တို့အကြား ချုပ်ဆိုသော ဧရာဝတီဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ (AFCI-Port Sharing)အား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T)စနစ်ဖြင့် ဆောင်ရွက်မည့် သဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ Horizon Telecom International Co., Ltd အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မြို့ပြနှင့် ကျေးလက်ဒေသအားလုံး လူတိုင်း လက်လှမ်းမီ သုံးစွဲနိုင်သည့် ဈေးနှုန်းချိုသာသော အင်တာနက်ချိတ်ဆက်မှု ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ တည်ဆောက်ခြင်းနှင့်ဝန်ဆောင်မှုပေးခြင်းများကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာ Right Of Way စီမံခန့်ခွဲခြင်းများကို Horizon Telecom International Co., Ltd မှ စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ သတ်သတ်မှတ်မှတ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတို့ကို ထိရောက်လျင်မြန်စေရန်၊ 5G စနစ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်သင့် ဖြစ်စေရန်၊ ဖိုက်ဘာကေဘယ်လ်လမ်းကြောင်းတလျှောက် တိုင်များ၊ ကြိုးများရှုပ်ထွေးစွာ သွယ်တန်းတပ်ဆင်ထားခြင်းများကို မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်သောသန့်ရှင်းသပ်ရပ်သည့် Smart City များဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါ ကြောင်းနှင့် ဌာနဆိုင်ရာများ အနေဖြင့်လည်း Horizon Telecom International Co., Ltd၏ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို စာချုပ်ပါအချက်များနှင့်အညီ စဉ်ဆက်မပြတ် ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်သွားရန်” ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Horizon Telecom International ကုမ္ပဏီလီမိတက်တို့က ဧရာဝတီ ဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ( AFCI-Port Sharing )အား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T)စနစ်ဖြင့် ဆောင်ရွက်မည့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ ကုမ္ပဏီမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် Strategy Win Trading ကုမ္ပဏီလီမိတက်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်ဆိပ်ကမ်းသို့ တင်ပို့ရန် အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကုမ္ပဏီမှတာဝန်ရှိသူများက ဧရာဝတီတိုင်းအခြေစိုက် Strategy Win Trading ကုမ္ပဏီနှင့် AEG ကုမ္ပဏီတို့ ပူးပေါင်းပြီး ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တိုက်ရိုက်တင်ပို့မည့်အစီအစဉ်များနှင့် ဆက်လက်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ပုသိမ်စက်မှုဆိပ်ကမ်းမှ နေ၍ ဆန်များတိုက်ရိုက် တင်ပို့မည့်အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ဘဏ္ဍာနှစ်အလိုက် ပြောင်းတင်ပို့မှုအခြေအနေ များနှင့် ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေး တင်ပြမှုများ အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်း ဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီး လုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပုသိမ်စက်မှု ဆိပ်ကမ်းမှတဆင့် တိုင်းဒေသကြီး၏ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအပြင် ပြည်ပမှကုန်များ ကိုလည်း တိုင်းဒေသကြီးအတွင်း ပြန်လည်တင်သွင်းနိုင်ရေး ရည်မှန်းချက်ထားရှိပါကြောင်းနှင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း တိုင်းဒေသကြီးပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ကြောင်းသိရသည်။
Newspaper - 3537 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
