ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / August 25, 2025
ပုသိမ် ဩဂုတ် ၂၄
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့်ဝါးခယ်မမြို့နယ်တို့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်၍ တောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း နည်းပညာပြန့်ပွားရေးစင်တာများဖွင့်လှစ်၍ တောင်သူများအားအသိပညာများပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြောင်းမြခရိုင်အားစံပြခရိုင်အဖြစ်သတ်မှတ်ထားရှိပါကြောင်းနှင့် စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိရုံသာမက သီးနှံစိုက်စွမ်းအားများလည်း တိုးတက်လာခဲ့ပါကြောင်း၊ ယခုနှစ်သည်တိုင်းဒေသကြီးအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်းနှင့် မိုးစပါးသည်လည်းပန်းတိုင်အထွက်နှုန်းရောက်ရှိရမည်ဖြစ်ပါကြောင်း၊ စပါးအထွက်နှုန်းများတိုးတက်ရန်အတွက် စိုက်နည်းစနစ်များပြောင်းလဲခြင်းနှင့် ကြဲခင်းစနစ်များပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများတိုးတက်ရန်အတွက် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများကို အချိိန်ကိုက် အချိုးကျထည့်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကြဲခင်းစနစ်များပပျောက်စေရန်ပျိုးထောင်စိုက်ပျိုးခြင်းများ၊ ကောက်စိုက်စက်များ၊ ကောက်စိုက်သမများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နွေစပါးစိုက်ရာသီတွင် ကြဲခင်းများလုံးဝပပျောက်စေရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့် စိုက်ပျိုးခြင်းများပိုမိုဆောင်ရွက်နိုင်စေရေး မျိုးစေ့ချကိရိယာ(Drum Seeder) များပိုမိုထုတ်လုပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးနွေစပါး(၅၂)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေများဖြင့် တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့ပါကြောင်း၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့အနေဖြင့်လည်း Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းနှင့်ယခုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးခြင်းဖြင့် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် များစွာအထောက်အပံ့ရမည်ဖြစ်ကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင်သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် များစွာ အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တောင်သူများအား သွင်းအားစုမြေဩဇာများပေးအပ်ခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိအားကစားခန်းမတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စိုက်ဧကများတစ်နှစ်ထက်တစ်နှစ် တိုးတက်အောင်စိုက်ပျိုးနိုင်ခဲ့ပါကြောင်းနှင့် စုစုပေါင်းစိုက်ဧက(၈၅)သိန်းကျော်အထိ စိုက်ပျိုးလျက်ရှိပါကြောင်း၊ နှစ်စဉ် တောက်သူလယ်သမားနေ့ရောက်တိုင်း လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ေတာင်သူကြီးများအား ဆုများချီးမြှင့်ခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာရှင်အတတ်ပညာရှင်များဖိတ်ခေါ်၍ ဆွေးနွေးပွဲများပြုလုပ်ကာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းချက်ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များအရ တစ်ဧကအထွက်နှုန်းများတိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံ၍ ဆောင်ရွက်ရန်နှင့် သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများအချိန်ကိုက် အချိုးကျထည့်သွင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုကဲ့သို့ပေးအပ်သည့် သွင်းအားစုများကိုလည်း အချိန်မီပေးကြဲပက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင်သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းရှစ်ကျောင်းကိုလည်း ဖွင့်လှစ်ထားရှိကာ မကြာမီကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်တော့မှာဖြစ်ပါကြောင်း၊ လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးခွင့်ရသူတိုင်း မဲပေးခွင့်မဆုံးရှုံး စေရေးအတွက် တာဝန်ရှိသူများမှ စာရင်းများ မှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသူများကို အချက်အလက်မျာစိစစ်၍လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တောင်သူများအား သွင်းအားစုမြေဩဇာများပေးအပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၃)ဖြင့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးနိုင်ရေးစာချုပ်ချုပ်ဆိုမည့်အခြေအနေများ၊ e-ID စမတ်ကဒ် ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်များအား မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားတွင် တက်ရောက်လာကြသူများမှ မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးေဆာင်ရွက် နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တက်ရောက်လာသူများ လက်တွေ့စမ်းသပ်မဲပေးခြင်းများ စနစ်တကျ ဆောင်ရွက်စေရေးမှာကြားခဲ့ ကြောင်းသိရသည်။
Newspaper - 3265 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။
