၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ဝမ်းသာပီတိစကားသံများ
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ဝမ်းသာပီတိစကားသံများ
Ministry of Information/ Naypyitaw / February 10, 2025
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပရာ အနုပညာနယ်ပယ်ပေါင်းစုံမှ အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။
အဆိုပါအနုပညာရှင်၊ အတတ်ပညာရှင်များအနက်မှ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ထိုက်တန်စွာ ချီးမြှင့်ခံခဲ့ရသူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းပီတိစကားသံများကို ပြည်သူများ သိရှိစေရန် မေးမြန်းဝေမျှလိုက်ရပါသည်။
ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ (ရုပ်ရှင်တစ်သက်တာဆုရှင်)
ဒီလိုဆုရရှိမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အခုလိုနိုင်ငံတော်က ချီးမြှင့်တဲ့အတွက် ဝမ်းသာမိပါတယ်။ အခုရရှိတဲ့ တစ်သက်တာဆုဟာ အင်မတန်အဓိပ္ပာယ်ပြည့်ဝလှပါတယ်။ ကိုယ်တိုင်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်မတို့ဘဝမှာ အနုပညာကို ချစ်မြတ်နိုးစွာနဲ့ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တာပါ။ ကျွန်မချစ်တဲ့ ပရိသတ်ကြီးကို အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့အနုပညာနဲ့ ကျေးဇူးဆပ်သွားပါမယ်လို့ ပြောချင်ပါတယ်။ ပရိသတ်ကြီးလည်း ထပ်တူထပ်မျှ ဝမ်းသာကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု (ရုပ်ရှင်တစ်သက်တာဆုရှင်)
အခုလို အကယ်ဒမီဆုရရှိတဲ့အတွက် ဝမ်းသာမိပါတယ်။ စိတ်ထဲမှာလည်း အင်မတန်ကျေနပ်ပီတိဖြစ်မိပါတယ်။ ဘဝအတွက် တစ်သက်တာဆုဆိုတာ အမြင့်ဆုံးဆုပဲ ဖြစ်ပါတယ်။ ဒီအရွယ်မှရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျေးဇူးတင်ထိုက်တဲ့သူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အကုန်လုံးရဲ့မေတ္တာကို ခံယူရတာပဲဖြစ်ပါတယ်။ ကျွန်မကတော့ သရုပ်ဆောင်အလုပ်ကို အကောင်းဆုံးဆောင်ရွက်ခဲ့ပါတယ်။ အနုပညာဆိုတာ အများကြီး ကြိုးစားရပါတယ်။ ကိုယ့်ရဲ့ဆန္ဒကို မလုပ်ဆောင်ရဘဲ ဇာတ်ကောင်ရဲ့ စရိုက်ကို အမြဲတမ်းပီပြင်အောင် မွေးမြူရပါတယ်။ သရုပ်ဆောင်ပညာကို ကြိုးစားဆောင်ရွက်မယ်ဆိုရင် တစ်သက်တာဆုဆိုတာကို တစ်ချိန်မှာ ရရှိကြမှာဖြစ်ပါတယ်။
မောင်နှင်းမိုး (ရုပ်ရှင်တစ်သက်တာဆုရှင်)
အကယ်ဒမီဆိုတာ ရုပ်ရှင်လောက သားတိုင်းတောင့်တတဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ဒီလိုတောင့်တနေတဲ့ဆုကို မမျှော်လင့်ဘဲ ရရှိတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ ရုပ်ရှင်လည်း မရိုက်တော့ပေမယ့် အခုအချိန်မှာ ရရှိတဲ့အတွက် စိတ်လည်းလှုပ်ရှားနေမိပါတယ်။ ကိုယ့်နာမည်ကို ဆုရရှိတယ်လို့ ကြေညာလိုက်တဲ့ အချိန်မှာလည်း ရင်ခုန်ခဲ့ပါတယ်။ သင်ကြားပေးခဲ့တဲ့ ဆရာတွေရဲ့ သင်ကြားပေးမှုကို သေချာလိုက်နာခဲ့လို့ ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဆရာသမားအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဆုချီးမြှင့်ပေးတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကောင်းဇံ (အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု)
ဆုရရှိတဲ့အတွက် ပျော်ရွှင်နေမိပါတယ်။ အခုဆုရရှိတဲ့ ဇာတ်ကားရိုက်ကူးတုန်းက အမှတ်တရတွေ အများကြီးရှိခဲ့ပါတယ်။ အင်းလေးမှာ ရိုက်ကူးခဲ့တာဖြစ်တဲ့အတွက် အင်းလေးရဲ့ အလှအပတွေ အားလုံးကို သေချာပြသနိုင်ခဲ့တဲ့အပြင် ရေပေါ်မှာ ရိုက်ကူးရတာဖြစ်တဲ့အတွက် သေချာပြင်ဆင်ခဲ့ရပါတယ်။ ကျွန်တော်ဓာတ်ပုံဆုရရှိတဲ့အတွက် ပရိသတ်တွေလည်း ပျော်ရွှင်မယ်လို့ ထင်ပါတယ်။ ဒီဆုဟာ ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါပြီ။ ကျွန်တော့်ကို အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်။
ဓိရာမိုရ် (အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု)
ကျွန်တော့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီဆုကို ကျွန်တော်ရတာထက် လူငယ်တွေကို ပိုရစေချင်ပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ ကားကတော့ သမိုင်းမှာ ကျန်နေမယ့် ကားတစ်ခုဖြစ်တယ်ဆိုတာ ယုံကြည်တဲ့အတွက် အစကတည်းက သေချာကြိုးစားခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဂီတကို သဘောကျတယ်။ ဒါကြောင့် ကိုယ်သိရှိသမျှ အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒီအကယ်ဒမီ ဆုကတော့ ဘဝအတွက် အမှတ်ရစရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးလည်း ဂီတနဲ့ ပတ်သက်တာတွေ အများကြီးကြိုးစားဆောင်ရွက်သွားပါမယ်။
အောင်မျိုးမြတ်၊ မောင်ရဲဝင်း (အကောင်းဆုံး ရုပ်ရှင်အသံဆု)
အခုလိုအသံဆုရရှိအောင် နှစ်ယောက်အတွဲညီညီ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားတိုင်းမှာ သူ့အခက်အခဲနဲ့သူရှိပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေကို ကြိုးစားပြီး သေချာပြင်ဆင်ကျော်ဖြတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုလိုပညာရှင်ဆုရရှိတဲ့အတွက် အင်မတန်ကို ပျော်ရွှင်မိပါတယ်။ ဒီဆုရရှိခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ရမယ့် သူတွေများပါတယ်။ ကျွန်တော်တို့ချည်း တော်လို့မဟုတ်ပါဘူး။ မင်းသား၊ မင်းသမီး တွေနဲ့အဖွဲ့သားတွေအားလုံးရဲ့ အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုကြောင့် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်။
အာကာကျော် (အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု)
အခုလို အကယ်ဒမီဆုကြီးကို ရရှိတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ ကြိုးစားရကျိုးနပ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီကားက အင်းလေးမှာ သွားရိုက်ထားတာဖြစ်ပါတယ်။ အမှတ်တရတွေလည်း အများကြီးပါ။ အနုပညာရှင်တွေ အားလုံးက တော်ကြပါတယ်။ ကံရယ်၊ အကြောင်းတရားတွေ ပေါင်းစပ်သွားရင် ဆုရရှိသွားတာ ဖြစ်ပါတယ်။ ဒီဆုရရှိတဲ့အတွက် ကိုယ်တိုင်လည်း ပိုပြီးယုံကြည်မှုရှိသွားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အေးသီရိကို (အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု)
အခုလို ဆုရရှိမယ်လို့ မမျှော်လင့်ထားပါဘူး။ ဒီဇာတ်ကားကို ပရိသတ်ကလည်း အားပေးကြတယ်။ ကျွန်မကိုယ်တိုင်ကြိုက်တဲ့ ဇာတ်ညွှန်းလည်းဖြစ်ပါတယ်။ အခုဆုရရှိတဲ့ တိမ်ပန်းချီဇာတ်ကားမှာ ကျွန်မအနေနဲ့ အများကြီးကြိုးစားခဲ့ပါတယ်။ အခုလို ကြိုးစားမှုအရာထင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဇာတ်ညွှန်းတိုင်းကိုလည်း ကိုယ်တိုင်ခံစားပြီး ရေးသားပါတယ်။ တိမ်ပန်းချီရုပ်ရှင်ဇာတ်လမ်းကို စတင်ရေးဖို့ လက်ခံလိုက်ကတည်းက အမျိုးသမီးတွေရဲ့ အချစ်နဲ့ မေတ္တာတရားတွေကို ပြသမယ့် ဇာတ်လို့ တွေးပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
Taurus V ရုပ်ရှင်ထုတ်လုပ်ရေး (အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု)
ကျွန်မတို့ အားလုံးကြိုးစားထားကြတဲ့ ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုအားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီဇာတ်ကားရိုက်ကူးခဲ့တဲ့နေရာက မြေပေါ်မှာမဟုတ်ဘဲ အင်းလေးရေပြင်ပေါ် ရိုက်ကူးခဲ့တာ ဖြစ်တဲ့အတွက် အခက်အခဲတော့ ရှိခဲ့ပါတယ်။ အားလုံးကိုယ့်တာဝန် ကိုယ်ယူပြီး အကောင်းဆုံးရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ်လည်း ရသမြောက်ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးသွားဖို့ ရှိပါတယ်။ ဆုချီးမြှင့်ပေးတဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
လုံလုံ(လင်္ကာဒီပ)(အထူးဆု)
အခုလိုမျိုး မိတ်ကပ်ပညာကို လိမ်းခြယ်ပြသခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ယုံကြည်စွာအပ်နှံခဲ့တဲ့ သူတွေကို ကျေးဇူးတင်ရှိပါတယ်။ ဒီဆုဟာ ရုပ်ရှင်သမိုင်းမှာ ပထမဆုံးဆုလည်း ဖြစ်ပါတယ်။ ရုပ်ရှင်အတတ်ပညာရှင်အနေနဲ့ အသိအမှတ်ပြုပေးတဲ့အတွက် ဂုဏ်ယူရပါတယ်။ မိတ်ကပ်လိမ်းတာဟာ တာဝန်ကြီးပါတယ်။ အတတ်နိုင်ဆုံးကြိုးစားခဲ့တဲ့အတွက် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အကယ်ဒမီဆုရရှိခဲ့တဲ့အတွက် တာဝန်ပိုကြီးသွားပါပြီ။ ဒီထက်ပိုပြီး ကြိုးစားသွားပါမယ်။ ကျွန်မရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ဝင်းလွင်ထက် (အကောင်းဆုံးဒါရိုက်တာဆု)
ကျွန်တော် အိပ်မက်ကာရန် ရုပ်ရှင်ဇတ်ကားကို အများကြီးပြင်ဆင်ခဲ့ပါတယ်။ ဒီကားက တခြားကားတွေနဲ့မတူပါဘူး။ ဒီကားက Musical ကားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အစမ်းလေ့ကျင့်မှုတွေ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်တော် ဘယ်လိုဇာတ်ကားပဲ ရိုက်ရိုက်ပရိသတ်တွေအတွက် အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ဆောင်ရွက်ပါတယ်။ အခုလို ဒါရိုက်တာဆုရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကားကို စပြီးအကောင်အထည်ဖော်တာက နီနီခင်ဇော်ဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်အတိုင်း ဒီကားကြီးဟာ ပရိသတ်ရင်ထဲ ရောက်တဲ့အပြင် အကယ်ဒမီဆုတွေ လည်းရရှိခဲ့ပါပြီ။
ခြူးလေး (အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု)
အခုအချိန်မှာတော့ အင်မတန်ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ကိုယ့်နာမည်ကို ကြေညာလိုက်တဲ့အချိန်မှာ ရင်ခုန်သံတွေ ရပ်တန့်သွားမလိုတောင် ဖြစ်ခဲ့ပါတယ်။ ကိုယ့်ကြိုးစားမှုအပေါ်မှာတော့ ဒီအကယ်ဒမီဆုကို အနည်းငယ်တော့ မျှော်လင့်ခဲ့ပါတယ်။ အခုတော့ ကိုယ့်ရဲ့ မျှော်လင့်ချက်လေး ပြည့်ဝသွားတယ်လို့ ပြောလို့ရပါတယ်။ ဒီဆုဟာ အနုပညာသက်တမ်းတစ်လျှောက်မှာ တကယ်ကိုအဓိပ္ပာယ်ရှိတဲ့ ဆုတစ်ဆုပဲဖြစ်ပါတယ်။ ဒီလိုမှတ်တိုင်တစ်ခု ရရှိအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ရှိခဲ့ပါတယ်။ ဒါကြောင့် တဖြည်းဖြည်းကြိုးစားလာခဲ့တာပါ။ အားပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။
အေးချမ်းမောင် (အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု)
လက်ရှိခံစားချက်ကတော့ မမျှော်လင့်ထားဘဲ အကယ်ဒမီဆုကြီးရရှိခဲ့တဲ့အပေါ်မှာ ပိုပြီးတော့ ဝမ်းသာမိပါတယ်။ ကိုယ့်နာမည်ကြေညာလိုက်တဲ့ အချိန်မှာတော့ အံ့ဩဝမ်းသာခဲ့ရပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဆုပေးပွဲ မစတင်ကတည်းက ပရိသတ်တွေက ခန့်မှန်းပေးကြတာရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ သရုပ်ဆောင်ကောင်းတွေလည်းများတဲ့အတွက် ခန့်မှန်းချက်တွေလည်း အများကြီးရှိပါတယ်။ အခုလိုဆုရရှိတာကလည်း ပရိသတ်တွေအားပေးမှုကြောင့် ဖြစ်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ထပ်ဆင့်အကယ်ဒမီဝတ်မှုံရွှေရည် (အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု)
အခုလို အကယ်ဒမီဆုရရှိတဲ့အပေါ်မှာ ဝမ်းသာမိပါတယ်။ ကျွန်မကိုအားပေးနေကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီလို ဆုရရှိတဲ့အတွက် ပရိသတ်တွေအားလုံးလည်း ပျော်နေကြမယ်လို့ ထင်မိပါတယ်။ ကျွန်မနာမည်ကို ကြေညာလိုက်တဲ့အချိန်မှာ ရင်ခုန်မိပါတယ်။ စိတ်လည်းလှုပ်ရှားတယ်။ ကျွန်မကို အကယ်ဒမီဆုရစေချင်တဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ ဆန္ဒတွေလည်း ပြည့်ဝသွားတဲ့အတွက်အတိုင်း မသိဝမ်းသာမိပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ထပ်ဆင့်အကယ်ဒမီနေတိုး (အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု)
ကျွန်တော့်အနေနဲ့ အခုလိုအကယ်ဒမီဆုကြီးကို ရရှိတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။ ဒီအကယ်ဒမီရုပ်တုဟာ ကျွန်တော့်အတွက် လေးဆုမြောက်ဆုတံဆိပ်ဖြစ်ပါတယ်။ နှောင်ရုပ်ရှင်ဇာတ်ကားဟာ ကျွန်တော့်အတွက် အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်။ အများကြီးကြိုးစားခဲ့တဲ့အတွက်ကြောင့် ဒီဆုတံဆိပ်ကို ရရှိခဲ့တာဖြစ်တယ်လို့ ထင်မိပါတယ်။ ကျွန်တော့်အတွက် ရင်ခုန်စွာနဲ့ အားပေးနေကြတဲ့ ပရိသတ်တွေကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေ့ကတော့ ပရိသတ်ရဲ့ ဆန္ဒနဲ့ ထပ်တူ ကျသွားတယ်လို့ ပြောလို့ရပါတယ်။ သူတို့ ရစေချင်တဲ့ ဇာတ်ရုပ်နဲ့ ဆုရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ နောင်လည်း ဒီထက်ပိုမိုကြိုးစားသွားပါမယ်လို့ ပြောကြားလိုပါတယ်။ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
တွေ့ဆုံမေးမြန်း - အောင်မင်းသန့်
ဓာတ်ပုံ - အောင်မင်းသန့်
Newspaper - 3534 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
