၂၀၂၄ ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ
၂၀၂၄ ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ
Ministry of Information/ Naypyitaw / November 01, 2025
နေပြည်တော် အောက်တိုဘာ ၃၁
၂၀၂၄ ခုနှစ် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများနှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးနှင့် အခြားနှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တီဘီကျွမ်းကျင်ပညာ ရှင်များ၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနတာဝန်ခံဆရာဝန်များနှင့်မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက တီဘီရောဂါရှာဖွေစမ်းသပ်စစ်ဆေးရာတွင် Chest X-Ray Abnormalities Followed by GeneXpert ကို ပြောင်းလဲကျင့်သုံးလာသည့်အတွက် ဓာတ်မှန်သည်အရေးကြီးသည့်အခန်းကက ပါဝင်လာပြီး Diagnostic Algorithm အရ တီဘီသံသယလူနာတိုင်းအား ရင်ခေါင်းဓာတ်မှန်ရိုက် စစ်ဆေး ခြင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တီဘီသံသယလူနာများအနေဖြင့် ပြည်သူ့ဆေးရုံများတွင် ရင်ခေါင်းဓာတ်မှန်ရိုက် စစ်ဆေးနိုင်ရေးလက်လှမ်းမီစေရန် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တီဘီရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်းအတွက် New Tools များဖြစ်သည့် Portable TrueNat Machine များနှင့် AI နည်းပညာဖြင့် ရင်ခေါင်းဓာတ်မှန်ဖတ်ခြင်း (X-ray CAD) ကို ကွင်းဆင်းတီဘီရောဂါ ရှာဖွေရေးလုပ်ငန်းများတွင်အသုံးပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးယဉ်ပါးတီဘီ ကုထုံးအနေဖြင့်လည်း ဆေးကုသအောင်မြင်မှုနှုန်းမြင့်မား၍ ဆေးကုသမှုကာလ(၆လ)တိုသည့် ကုထုံးသစ် (BPa LM/BPaL)ကို တစ်နိုင်ငံလုံးရှိဆေးယဉ်ပါးတီဘီရောဂါဌာနများတွင် အသုံးပြုလျက်ရှိကြောင်း၊ တီဘီရောဂါကူးစက်မှုကို မြန်ဆန်စွာလျှော့ချနိုင်ရန် တီဘီလူနာများကိုရှာဖွေကုသပေးမည့်အပြင် တီဘီလူနာနှင့်အတူနေမိသားစုဝင်များနှင့် တီဘီ၊ အိပ်ချ်အိုင်ဗွီရောဂါဝေဒနာရှင်များအား TB Preventive Treatment (TPT) တိုက်ကျွေးခြင်းလုပ်ငန်းကို ပိုမိုအားထည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
၂၀၂၄ ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3335 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
