၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်


Ministry of Information/ Naypyitaw / December 05, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၄

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစား ပြိုင်ပွဲအုပ်စုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက မန္တလေး တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ကရင်ပြည်နယ်အသင်းက ချင်းပြည်နယ် အသင်းကိုနှစ်ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲတစ်ပွဲ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရခိုင် ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်၊ ကရင် ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီးနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကိုနှစ်ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲတစ်ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲ- တစ်ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသ ကြီးအသင်းကို နှစ်ပွဲပြတ်၊ မွန် ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲတစ်ပွဲ၊ ရခိုင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိ ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၃) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ရမှတ်(၈၃-၃၀)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ် (၇၉-၃၂) မှတ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ်(၉၆-၆၆) မှတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ရမှတ် (၇၀-၃၄) မှတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ် (၇၅-၂၆) မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို လေးဂိုး-နှစ်ဂိုး၊ မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို နှစ်ဂိုး- ဂိုးမရှိ၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ငါးဂိုး - တစ်ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ခြောက်ဂိုး - ဂိုးမရှိ၊ ကချင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၁၀ဂိုး-တစ်ဂိုး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို သုံးဂိုး- ဂိုးမရှိ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ပဲခူးတိုင်း ဒေသကြီးအသင်းကို ငါးဂိုး-တစ်ဂိုး ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၀) နှစ်အောက်ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကယားပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို သုံးပွဲ-နှစ်ပွဲ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို သုံးပွဲ-နှစ်ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်း ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း က ဧရာဝတီတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေး ကွင်း(၃)/ (၄) တို့တွင် ယှဉ်ပြိုင် ကစားကြရာ မွန်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့က ဂိုးမရှိသရေဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို လေးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ်အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပဲခူး တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့က တစ်ဖက်နှစ်ဂိုးစီဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြ သည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲများကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့်လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-ဂိုးမရှိ ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို ငါးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်း အလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် အားကစား ဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အမျိုးသားအားကစားပွဲတော်ကို ရန်ကုန်မြို့၌ ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် ကျင်းပခဲ့ပြီး နေပြည်တော်၌ ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်ကျင်းပခဲ့ကာ ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီး ကို ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ် ပြီး အားကစားသမား ၉၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

မသန်စွမ်းရေကူး (အမျိုးသား/ အမျိုးသမီး) မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲနှင့် ရင်ပေါင်တန်းကူးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌လည်းကောင်း၊ မသန်စွမ်းမျက်မြင် စစ်တုရင်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို လယ်ဝေးအားကစား ကွင်း၌လည်းကောင်း၊ မသန်စွမ်းထိုင်လျက်ဘော်လီဘော (အမျိုး သား)ပြိုင်ပွဲနှင့် မသန်စွမ်းပြေးခုန် ပစ် (အမျိုးသား / အမျိုးသမီး) ပြိုင်ပွဲများကို လယ်ဝေး TC-2 အားကစားကွင်း၌လည်းကောင်း ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းမှစတင်၍ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုလာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3208 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download