၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်


Ministry of Information/ Naypyitaw / December 09, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ် (၆၇-၆၆) မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုကို ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုကို ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့က ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ ပွဲ - ၂ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ - ၁ ပွဲ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ကျင်းပရာ အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ - ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ - ၂ ပွဲဖြင့် လည်းကောင်း၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ- ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၃ ပွဲ- ၂ ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို ၃ ပွဲ - ၁ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ရှမ်းပြည်နယ်အသင်း၊ တတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကလည်းကောင်း၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို ၃ ပွဲ - ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး၊ ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ရှမ်းပြည်နယ်အသင်း၊ တတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့က ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး လက်ဝှေ့ ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား (၅၁) ကီလိုတန်း ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဟိန်းထွဋ်အောင်က ရှမ်းပြည်နယ်မှ ရဲနိုင်ကိုလည်းကောင်း၊ ကချင်ပြည်နယ်မှ ဘောမ်ဆောင်က ရန်ကုန်တိုင်းဒေသကြီးမှ ခန့်ဖြိုးကျော်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သူရက ချင်းပြည်နယ်မှ ရဲရင့်ထွေးကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောရွှေဝင်းက ရခိုင်ပြည်နယ်မှ အာကာထက်ဝင်းကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသား (၅၄) ကီလိုတန်း ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အာကာဖြိုးက မကွေးတိုင်းဒေသကြီးမှ ကောင်းဆက်နိုင်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ဇော်ဇော်နိုင်က ဧရာဝတီတိုင်းဒေသကြီးမှ စောလင်းအောင်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ရှိုင်းငယ်က စစ်ကိုင်းတိုင်းဒေသကြီးမှ ကိုကိုထွန်းကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝင်းထိုက်က ပဲခူးတိုင်းဒေသကြီးမှ တူးမောင်ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသား (၅၇) ကီလိုတန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မင်းဆက်သာဦးက မွန်ပြည်နယ်မှ ဟိန်းလင်းထွန်းကိုလည်းကောင်း၊ ကချင်ပြည်နယ်မှ ရှိန်းထက်ကိုကိုက ပဲခူးတိုင်းဒေသကြီးမှ ဟိန်းထွဋ်ကျော်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ လမင်းကိုကိုက ဧရာဝတီတိုင်းဒေသကြီးမှ ကျော်စွာမိုးကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ဂင်ရှန်းမ္မောင်က ကရင်ပြည်နယ်မှ စောလှဟန်အေးကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသား ၆၃ ဒသမ ၅ ကီလို တန်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ နုတ်မာရ်က ရခိုင်ပြည်နယ်မှ ထူးအောင်ရဲရင့်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ဘုန်းမြင့်မောင်က ဧရာဝတီတိုင်းဒေသကြီးမှ လင်းထက်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ စိုင်းနောင်က ကရင်ပြည်နယ်မှ စောဟဲဒိုစေးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကျော်မျိုးဟန်က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ရာဇာနေဝင်းကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး (၅၀) ကီလိုတန်း ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အေးအေးမူက ချင်းပြည်နယ် မှ ကေသွယ်ဝင်းကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည့်စုံဝင်းက ပဲခူးတိုင်းဒေသကြီးမှ အိန္ဒြေကျော်ကိုလည်းကောင်း၊ နေပြည်တော်မှ အိမ့်မြတ်ကျော်က မန္တလေးတိုင်းဒေသကြီးမှ ခိုင်သဇင်ထွန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ မြမိုးသူက ရှမ်းပြည်နယ်မှ သဲမြတ်မွန် ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြားပစ်ကွင်း (၁/၂) ၌ကျင်းပရာ အမျိုးသားခရစ်ကတ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၁၆ မှတ်အသာ၊ မန္တလေးတိုင်းဒေသကြီးက ပဲခူးတိုင်းဒေသကြီးအသင်းကို ၁၄ မှတ်အသာ၊ ရခိုင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၁၃၉ မှတ်အသာ၊ ဧရာဝတီတိုင်းဒေသကြီးက မကွေးတိုင်းဒေသကြီးအသင်းကို ၁၀ ယောက်အသာဖြင့်လည်းကောင်း၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်း အသင်းကို ၅၁ မှတ်အသာ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို လေးယောက်အသာ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၁၄ မှတ်အသာ၊ ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်မှတ်အသာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄) တို့တွင် ယှဉ်ပြိုင်ကစားကြရာ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တစ်ဖက် သုံးဂိုးစီ သရေရလဒ်ထွက်ပေါ်ပြီး မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၄ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့က ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို ၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၁၁ ဂိုး - ဂိုးမရှိ၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီ တိုင်းဒေသကြီးအသင်းကို ၇ ဂိုး- ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (A) ရုံ၌ကျင်းပရာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရှမ်း ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ - ၁ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲ ပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (A) ရုံ၌ကျင်းပရာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ပွဲ - ၁ ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲ - ၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ၂ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲ ပြတ်၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲ - ၁ ပွဲ၊ မွန်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်တို့ဖြင့်လည်ကောင်း အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့က ဂိုးမရှိသရေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၂ ဂိုး- ၁ ဂိုး ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၃ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အလုပ်သမားဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၃ ဂိုးစီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအသင်းကို ၂ ဂိုး - ဂိုးမရှိ၊ ပညာရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီး ဌာနအသင်းကို ၅ ဂိုး - ၄ ဂိုး၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအသင်းကို ၃ဂိုး -၁ဂိုး ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ကြည့်ရှုအားပေး

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်

Newspaper - 3025 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download