၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်


Ministry of Information/ Naypyitaw / December 14, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အမျိုးသား/အမျိုးသမီး မာရသွန်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ အမျိုးသားမီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား မီတာ ၄၀၀ ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၄၀၀ ပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ တစ်ဦးချင်းလေးမျိုးကူးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲ၊      အမျိုးသား မီတာ ၁၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲ၊    အမျိုးသား မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသမီးမီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသား မီတာ ၅၀ x ၄ လွန်းပျံ လေးမျိုးကူးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၅၀ x ၄ လွန်းပျံလေးမျိုးကူးပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ အမျိုးသမီး ၅၅-၆၀ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီးဓားရှည်နှစ်ယောက်တိုက်အပြစွမ်းရည်ပြ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့ပြင် အမျိုးသမီးတစ်ကိုယ် တော် ဓားတစ်လက်အပြ စွမ်းရည်ပြပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ်မှ သက်စုအောင်က ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ ယွန်းနဒီဇော်က ဒုတိယ၊ ကရင်ပြည်နယ်မှ နှင်းယုဝေက တတိယဆုကိုလည်းကောင်း၊ ဗိုဗီနမ်အပြ ပြိုင်ပွဲ မ ၁ + ကျား ၃ လက်နက်ပါ အပြပြိုင်ပွဲ စွမ်းရည်ပြပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ဝင်းဝင်းခိုင်နှင့် အဖွဲ့က ပထမ၊ ရှမ်းပြည်နယ်မှ မေသက်မှူးနှင့်အဖွဲ့က ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ နှင်းဝတ်ရည်နှင့်အဖွဲ့က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစား ရုံ (C ) ၌ကျင်းပရာ Mixed Team ပြိုင်ပွဲတွင် ကချင်ပြည်နယ်က ပထမ၊ ရန်ကုန်တိုင်းဒေသကြီးက ဒုတိယ၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့က ပူးတွဲတတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်/စနူကာပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် လူရွေးပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ကျင်းပရာ စနူကာ 6 Red တစ်ဦးချင်းပြိုင်ပွဲ၊ 9 Ball တစ်ဦး ချင်းပြိုင်ပွဲ၊ ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲ၊ စနူကာ 15 Red တစ်ဦးချင်း ပြိုင်ပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃/၄)၊ ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ်အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၃ ဂိုး - ဂိုးမရှိ၊ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ ဂိုး- ဂိုးမရှိ၊ မွန်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ၄ ဂိုး- ဂိုးမရှိ၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၄ ဂိုး - ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားလေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယနေရာလုပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ဗိုလ်လုပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပထမ၊ မွန်ပြည်နယ်အသင်းက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုအတိုက်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းတိုက်ကွမ်ဒိုရုံ၌ ကျင်းပရာ အမျိုးသားဘင်တန် ၅၈-၆၃ ကီလိုတန်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဘုန်းထွဋ် အောင်က ကယားပြည်နယ်မှ စောအယ်လင်းဦးကိုအနိုင်ရရှိခဲ့ပြီး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုကို ကယားပြည်နယ်နှင့် တတိယဆုကို မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့က ပူးတွဲရရှိခဲ့ကြသည်။

အမျိုးသား ဖယ်သာ ၆၃-၆၈ ကီလိုတန်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရှမ်းပြည်နယ်မှ ထက်မြတ်နိုင်က ဧရာဝတီတိုင်းဒေသကြီးမှ ဟိန်းထွဋ်စံကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ရှိုင်းထက်အောင်က ကယားပြည်နယ်မှ လွင်မျိုးခန့်ကိုလည်းကောင်း၊ အမျိုးသမီး ဖလိုင်း ၄၆-၅၁ ကီလိုတန်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ မေမြတ်နိုးဦးက ကရင်ပြည်နယ်မှ ကရေစီနိုးကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ဆုလေ‌ပြေထွန်းက ဧရာဝတီတိုင်းဒေသကြီးမှ မေသဇင်ကျော်ကိုလည်းကောင်း၊ အမျိုးသမီး ၄၆ - ၅၁ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ မေမြတ်နိုးဦးက ရှမ်းပြည်နယ်မှ ဆုလေပြေထွန်းကိုလည်းကောင်း အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ ရှမ်းပြည်နယ်က ဒုတိယ၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့က ပူးတွဲတတိယဆုကို ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို တင်းနစ်ကွင်း(ဗဟို)၌ကျင်းပရာ အမျိုးသားတင်းနစ်ပြိုင်ပွဲများတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၃ ပွဲပြတ်၊ ဧရာဝတီ တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကရင်ပြည်နယ်က ချင်းပြည်နယ်အသင်းကို ၂ ပွဲ -၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်း ကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲ - ၁ ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၂ ပွဲ - ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလေးမပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းအလေးမရုံ၌ ကျင်းပရာ အမျိုးသား ၅၅ ကီလို တန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ငြိမ်းချမ်းထွေးက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ အောင်ပြည့်စုံဦးက ဒုတိယ၊ ကရင်ပြည်နယ်မှ မျိုးမင်းထက်က တတိယဆုကိုလည်းကောင်း အမျိုးသမီး ၄၅ ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ယဉ်ယဉ်ထွေးက ပထမ၊ မကွေးတိုင်းဒေသကြီးမှ ချိုဇင်မြင့်က ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ ခိုင်သဇင်အောင်က တတိယဆုကိုလည်းကောင်း ရရှိခဲ့သည်။

ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ အမျိုးသားလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီးအလျားခုန်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘော်လီဘောရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃ ပွဲ - ၁ ပွဲ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၃ ပွဲ - ၂ ပွဲ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ အသင်းကို ၃ ပွဲပြတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲ - ၂ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၃ ဂိုးစီ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၁ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ၅ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို ၄ ဂိုး - ၁ ဂိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၂ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အသင်းကို ၆ ဂိုး - ၁ ဂိုး၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို ၁၀ ဂိုး - ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲရှုံးထွက်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်၊ ကာကွယ် ရေးဝန်ကြီးဌာနအသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသင်းကို ၂ ပွဲပြတ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ - ၁ ပွဲ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download