၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်
၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / August 13, 2025
၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ၁၃-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ယခုကဲသို့ ထူးချွန်စွာအောင်မြင်ခဲ့မှု၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ တစ်မျိုးသားလုံး ပညာရည်တိုးတက်မြင့်မားရေးအတွက် အမျိုးသားရေး မျှော်မှန်းချက် ချမှတ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာတွင် ဘက်စုံထူးချွန်ထက်မြတ်ပြီး အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊
ယခုအောင်မြင်မှုများကို အခြေခံပြီး ပညာရပ်များကို ဆက်လက် ကြိုးစားသင်ယူဆည်းပူးသွားကြရန်နှင့် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပညာဖြင့် သိမြင်ပြီး အမှား အမှန် ချင့်ချိန်ခွဲခြား အသုံးချတတ်ရန် မှာကြားလိုကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံတော်က အားကိုးအားထား ပြုထိုက်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၅ ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိ သူများက ၅ ဘာသာဂုဏ်ထူးရှင်၊ ၄ ဘာသာဂုဏ်ထူးရှင်နှင့် ၃ ဘာသာ ဂုဏ်ထူးရှင်များအားလည်းကောင်း ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုနှင့် ငွေသားဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ပြီး ဆုရကျောင်းသား/ကျောင်းသူများ ကိုယ်စား ၅ ဘာသာဂုဏ်ထူးရှင် မမြင့်မြတ်အောင် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၅ ဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၃၀ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၄၄ ဦး အပါအဝင် စုစုပေါင်း အောင်မြင်သူ ၃၅၈ ဦး ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြပါသည်။
Newspaper - 3254 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
