၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို


Ministry of Information/ Naypyitaw / March 12, 2026
image_latest


ရန်ကုန် မတ် ၁၁

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် စာဖြေကျောင်းသား ‌ကျောင်းသူ ၄၉၂၅၆ ဦး ဖြေဆိုခဲ့ပြီး သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင်စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၁၁၁ ခု ဖွင့်လှစ်ထားပြီး ယနေ့မြန်မာစာဘာသာ ဖြေဆိုသူကျောင်းသား ၂၂၂၃၁ ဦး၊ ကျောင်းသူ ၂၇၀၂၅ ဦးဖြင့် စုစုပေါင်း ၄၉၂၅၆ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

“ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာစစ်ဌာန ၁၁၁ ခုရှိပါတယ်။ အဲဒီအထဲမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးက ကျောင်းသား ကျောင်းသူတွေလည်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမှာပါ။ ကျောင်းသားတွေ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်အောင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဦးဆောင်မှုနဲ့လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးကအစ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ထားပါတယ်။ ပြင်ပဖြေဆိုသူတွေအနေနဲ့ စာမေးပွဲ ဖြေဆိုခွင့်ကတ်ကိုပြသပြီး သွားလာရေးအဆင်ပြေအောင် သက်ဆိုင်ရာဌာနတွေက ဆောင်ရွက်ပေးထားပါတယ်။ စာမေးပွဲဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူတွေ အဆင်ပြေချောမွေ့အောင် ဦးဆောင် လမ်းညွှန်မှုပေးတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ သက်ဆိုင်ရာဌာနတွေကို ကျွန်မတို့ပညာရေးဌာနအနေနဲ့ ကျေးဇူးတင်ပါတယ်” ဟု တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။

စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့် ကတ်များမှန်၊ မမှန်စစ်ဆေး၍ လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက်သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

“ကျွန်မ အခု အထက(၂) ဗဟန်းစာစစ်ဌာနမှာ ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ကျွန်မတို့ စာစစ်ဌာနမှာ ဗဟန်းအထက(၁)နဲ့ အထက(၂)၊ အစိုးရကျောင်း နှစ်ကျောင်း၊ ကိုယ်ပိုင် ကျောင်းနှစ်ကျောင်းပါပါတယ်။ ပြင်ပဖြေဆိုသူလည်း ရှိပါတယ်။ အထက(၂)ဗဟန်းမှာ ကျွန်မအပါအဝင် လက်ထောက်ကြီးကြပ်ရေးမှူး ၆၄ ဦးက စာဖြေခန်း ၁၇ ခန်းကို ကြီးကြပ်မှာ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာစာ ဘာသာရပ် စတင်ဖြေဆိုတဲ့နေ့မှာ ပျက်ကွက်က ၃၂ ဦးရှိပါတယ်။ စာဖြေသူဦးရေ ၄၅၄ ဦးရှိပါတယ်။ စာမေးပွဲဖြေဆိုသူ ရာခိုင်နှုန်းကတော့ ၉၃ ဒသမ ၁၄ ရာခိုင်နှုန်းရှိပါတယ်။ စာဖြေသူတွေ အေးအေးချမ်းချမ်းနဲ့ စိတ်အေးသက်သာစွာ၊ ကောင်းမွန်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင် ရွက်ထားပါတယ်” ဟု အထက(၁) ဒဂုံကျောင်းအုပ် ကြီး ဒေါက်တာဒေါ်စန္ဒာမြငြိမ်းက ပြောသည်။

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရာ၌ မတ် ၁၁ ရက်တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက်တွင် သင်္ချာ ဘာသာရပ်၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၅ ရက်တွင် ဖြေဆိုမှု ရပ်နားမည်ဖြစ်ကာ မတ် ၁၆ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက်တွင် ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုမည် ဖြစ်သည်။ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲအတွက် မတ် ၁၈ ရက်တွင် စက်မှုအတတ် ပညာဘာသာရပ်ကို ဖြေဆိုသွားမည်ဖြစ်သည်။

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါး ကုသမှုခံယူနေကြသော ကျောင်းသား ကျောင်းသူ (လူနာ)များအတွက်လည်း ဆေးရုံဖြေစာစစ်ဌာနများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

“ဒီနှစ်စာမေးပွဲမှာလည်း ကျောင်းသား ကျောင်းသူတွေ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်အောင် ကျောင်းတွင်း သန့်ရှင်းသာယာရေးနဲ့ ထိုင်ခုံတွေ သက်သောင့်သက်သာရှိအောင် ကျောင်းအုပ်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ စာမေးပွဲမတိုင်မီကတည်းက ဆောင်ရွက်ခဲ့ပါတယ်။ မနှစ်ကထက် ဖြေဆိုသူတိုးလာပြီး နေရပ်စွန့်ခွာကလေးတွေလည်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အထူးသဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ သွားလာရေး အဆင်ပြေချောမွေ့စေခဲ့တာကြောင့် စာဖြေကျောင်းသားတွေ ပြုံးရွှင်နေတာကို မြင်တွေ့နေရတဲ့အတွက် ကြည်နူးဝမ်းသာရပါတယ်” ဟု ဗိုလ်တထောင် ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က ပြောသည်။

ထို့ပြင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲများ ကျင်းပနေသည့် ကာလအတွင်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများ၊ ကျောင်းသားမိဘပြည်သူ များ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာ အစီအမံများ ဖြစ်သည့် “စာမေးပွဲတာဝန်” သို့မဟုတ် "Car Pass" ကတ်ပြားများကို ကားရှေ့မှန်တွင်ကပ်၍ အသုံးပြု ခွင့်ပြုခြင်း၊ စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသားကြို၊ ပို့ယာဉ်များကို စုံ/မအက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုခြင်း၊ ပြင်ပဖြေ ကျောင်းသားများအနေဖြင့် မိမိတို့၏ “စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား” ပြသ၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်ခြင်းတို့ကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

“ကျွန်တော်တို့ခရိုင်က မြို့နယ် ငါးမြို့နယ်မှာ စာစစ်ဌာနရှစ်ခုရှိပါတယ်။ မြို့ထဲမှာဖြစ်တဲ့အတွက် ယာဉ်ကြောကျပ်တတ်ပါတယ်။ ဒီနှစ်မှာ ကျောင်းသား ကျောင်းသူတွေ အေးချမ်းစွာဖြေ ဆိုနိုင်အောင်နဲ့ သွားလာရေးအဆင်ပြေချောမွေ့အောင် မော်တော်ယာဉ်တွေကို စုံ/မခွဲပြီး ရက်အလိုက် ဆောင်ရွက် ထားပေမယ့် စာမေးပွဲဖြေဆိုသူတွေအတွက် စုံ/မခွဲခြားထားတာမရှိဘဲ အသုံးပြုနိုင်‌အောင် စီစဉ်ပေး ထားပါတယ်။ ယနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆိုတဲ့နေ့မှာ ယာဉ်သွားလာမှု အဆင်ပြေချောမွေ့တယ်လို့ ကျောင်းသားမိဘတွေ ပြောကြားကြတဲ့အတွက် ကလေးတွေ စာမေးပွဲဖြေဆိုရာမှာ သွားလာရေးအဆင်ပြေမှုအပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က ပြောသည်။

၂၀၂၅- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ နှစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ညိမ်းသူ(သတင်းစဉ်)/သီဟ

ဓာတ်ပုံ - ဇော်မင်းလတ်/ကနူး

Newspaper - 3467 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download