၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုအောင်မြင်သူ ၁၆၇၆၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိ


Ministry of Information/ Naypyitaw / July 28, 2025
image_latest


မန္တလေး ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့တွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း အပြီးထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၃၃၇၉၁ ဦး ရှိသည့်အနက် အောင်မြင်သူ ၁၆၇၆၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီမှစတင်၍ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ်သောကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန်ကျ ဆရာ ဆရာမများကလည်း စည်းကမ်းတကျဖြင့် စနစ်တကျကြည့်ရှုနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

​အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ကျွန်တော်တို့ကျောင်းအနေနဲ့ ဒီနှစ်အောင်ချက်က မနှစ်ကထက်ကောင်းမွန်ပါတယ်။ မန္တလေးမြို့မှာ သဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့ပြီး ဒုတိယအကြိမ်ပြန်လည်ဖြေဆိုတော့ ခြောက်ဘာသာဂုဏ်ထူး၊ ငါးဘာသာနဲ့ လေးဘာသာဂုဏ်ထူးတွေလည်း ထွက်ရှိပါတယ်။ ဒီနှစ်ကတော့ ကျန်တဲ့နှစ်တွေထက် ကို နှစ်ဆလောက် ပိုပြီးဂုဏ်ယူရတဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ Grade - 12 ကျောင်းသား ၁၁၂ ယောက်ရှိပါတယ်။ ဒီ ၁၁၂ ယောက်မှာ ၅၇ ရာခိုင်နှုန်းအောင်ပါတယ်။ စာမေးပွဲကိုပျက်ကွက်မရှိ ပြန်လည်ဖြေဆိုကြပြီး ဒီလိုရာခိုင်နှုန်းရရှိတဲ့အတွက် အင်မတန်ကျေနပ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စသည်ဖြင့် ဘယ်ကျောင်းကပဲ အောင်မြင်ပါစေအရေးကြီးတာက နိုင်ငံတော်ကိုအကျိုးပြုမယ့် ကျောင်းသား ကျောင်းသူတွေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီနေ့ကတော့ အားလုံးအတွက် မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ဖြစ်တယ်လို့ ပြောကြားလိုပါတယ်”ဟု ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မအေးချမ်းပြည့်က “သမီးအနေနဲ့ ဒီလိုဂုဏ်ထူးတွေရရှိအောင် ကျောင်းသင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပုံမှန်လေ့လာကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို သေချာလေ့လာမှတ်သားခဲ့ပါတယ်။ ဒီလိုကြိုးစားခဲ့တဲ့အပေါ်မှာ အခုလိုအကျိုးရလဒ်ရတဲ့အတွက် ကျေနပ်မိပါတယ်။ သမီးအနေနဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒါကြောင့် ဆေးကျောင်းတက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ပြည်သူတွေကို ဆေးကုသပေးမှာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းသင်ခန်းစာတွေကို အားထုတ်ကြိုးစား လေ့လာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ရည်မှန်းချက်ကို ရောက်ရှိမှာဖြစ်ပါတယ်”ဟုပြောသည်။

​မန္တလေးတိုင်းဒေသကြီးအတွင်း ဂုဏ်ထူးရရှိမှုအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် ၄၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၈၀ ၊ လေးဘာသာဂုဏ်ထူး ရှင် ၅၄၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၂၆၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၈၉၆ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၉၉၃ ဦး ထွက်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဆဋ္ဌမအဆင့်ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် မောင်ဟိန်းမင်းကိုက “ကျွန်တော့်အနေနဲ့ ကျောင်းသင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် ကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားတဲ့အချိန်မှာလည်း သေချာဂရုစိုက်နားထောင်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတဲ့ အခါမှာလည်း အကောင်းဆုံးကြိုးစားဖြေဆိုခဲ့ပါတယ်။ အခုလို ဘာသာစုံဂုဏ်ထူးရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ငယ်ငယ်ကတည်းက သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ငယ်စဉ်ကတည်းက ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့်ဆေးကျောင်းတက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ရည်မှန်းထားပါတယ်”ဟု ပြောသည်။

​ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မနန်းရတီထွန်းက “ကျောင်းစဖွင့်ကတည်းက CAE ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ ဆရာမတွေရဲ့ သင်ပြလမ်းညွှန်မှုအောက်မှာ သေချာလေ့လာ မှတ်သားခဲ့ပါတယ်။ ဒါကြောင့် အခုလိုအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် စာမေးပွဲဖြေဆိုတုန်းက အခက်အခဲတချို့ရှိခဲ့ပါတယ်။ ပြီးတော့ သဘာဝဘေးကြောင့် ဒုတိယတစ်ကြိမ် ထပ်ဖြေရမယ်ဆိုတော့ စိတ်ဓာတ်ကျချင်ပေမယ့် ကြိုးစားမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ထပ်ပြီးကြိုးစားဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို ခြောက်ဘာသာဂုဏ်ထူးရရှိတဲ့အတွက် သမီးငယ်ငယ်ကတည်းက ရည်မှန်းခဲ့တဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ သမီးအခုလို အောင်မြင်မှုရအောင် သမီးရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးတဲ့ မိဘတွေနဲ့ သင်ကြားပြသပေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို ကျေးဇူးအများကြီးတင်ရှိပါတယ်”ဟုပြောသည်။

ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မနှင်းအိန္ဒြာကလည်း “သမီး ဒီလိုခြောက်ဘာသာ ဂုဏ်ထူးထွက်အောင် တစ်နေ့စာတစ်နေ့ ကြိုးစားသင်ယူကျက်မှတ်ခဲ့ပါတယ်။ ပထမအကြိမ် စာမေးပွဲဖြေစဉ်က အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒုတိယအကြိမ်ဖြေဆိုရမယ်လို့ သိရတဲ့အခါ စိတ်ဓာတ်မကျဘဲ မလျှော့သောဇွဲလုံ့လနဲ့ ပြန်လည်ကြိုးစားဖြေဆိုခဲ့ပါတယ်။ သမီးအနေနဲ့ ဒီလိုခြောက်ဘာသာဂုဏ်ထူး ရရှိမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ အခုလို ရရှိ ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။ ဒီလိုအောင်မြင်မှုရရှိအောင်ထောက်ပံ့ပေးတဲ့ အဖေနဲ့ အမေကိုကျေးဇူးတင်ပါတယ်။ သေချာသင်ကြားပေးတဲ့ ဆရာ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တက္ကသိုလ်ကတော့ရွေးချယ်နေတုန်းပဲရှိပါတယ်” ဟု ပြောသည်။

ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မကြည်နူးမေက “စာမေးပွဲအောင်စာရင်းမထွက်ခင် အချိန်အထိ အလွန်ကိုစိတ်လှုပ်ရှားနေပါတယ်။ အခုလို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတာတွေကိုလည်း နားထောင်ပြီး လေ့လာကျက်မှတ်ပါတယ်။ ဆရာမတွေ လမ်းညွှန်ပေးထားတဲ့အတိုင်းပဲလုပ်ခဲ့တာပါ။ မနက်အစောထပြီး စာကျက်ခဲ့ရပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေကိုလျှော့ပြီး စာဘက်ကိုပဲ အာရုံစိုက်လုပ်ခဲ့ရပါတယ်။ သမီးကိုပံ့ပိုးပေးတဲ့ ဆရာ ဆရာမတွေ၊ မိဘတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဘယ်လိုအခက်အခဲပဲရှိရှိအရှုံးမပေးဘဲ ကြိုးစားရင် အောင်မြင်မှုရရှိမှာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ခြောက်ဦးဝင်ရောက်ဖြေဆိုခဲ့ကြရာ သုံးဘာသာဂုဏ်ထူးရှင်ငါးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့ပြီး ရာခိုင်နှုန်းပြည့် အောင်မြင်ခဲ့သည်။

မင်းထက်အောင်

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download