၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / June 18, 2025

နေပြည်တော် ဇွန် ၁၇
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အားကစားဥယျာဉ်အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုလာမည့် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ပြီး အောင်မြင်မှုများရရှိနိုင်စေရန် ဂျပန်ဂျူဒိုနည်းပြ ဆရာတစ်ဦးကို နိုင်ငံတော်အစီအစဉ်ဖြင့် နှစ်ရှည်ငှားရမ်း၍ မြန်မာဂျူဒိုအားကစားသမားများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ပဏာမလက်ရွေးစင် အားကစားသမားများနှင့် Judo In School အစီအစဉ်မှ ထွက်ပေါ်လာသည့် မျိုးဆက်သစ်အားကစား သမားလူငယ်များကိုစုပေါင်း၍ အတွေ့အကြုံများရရှိစေရန် နိုင်ငံတကာနှင့် ဒေသတွင်းဖိတ်ခေါ် ပြိုင်ပွဲများကိုလည်းစေလွှတ်၍ ယှဉ်ပြိုင်စေလျက်ရှိကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်မှ အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားပြီး ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ အမျိုးသား၊ အမျိုးသမီးဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အားကစားဥယျာဉ်အတွင်းရှိ ဘောလုံးအားကစားကွင်း၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ တိုင်းဒေသကြီး စားပွဲတင်တင်းနစ် အားကစားရုံနှင့် အားကစားခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် Synthetic ပြေးလမ်းခင်းကျင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3197 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။
