၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / August 08, 2025

နေပြည်တော် ဩဂုတ် ၇
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုရက်သတ္တပတ်များ၏ ပထမရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို ‘အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ်’ ဟူ၍ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူအားလုံး ဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတအောင် နေထိုင်စားသောက်တတ်ပြီး အနာရောဂါကင်းရှင်းရေး၊ အာဟာရပြည့်ဝ၍ ကာယ၊ ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေးတို့ အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ကြပြီး ၂၀၂၅ ခုနှစ် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်ဗီဒီယိုနှင့် ပြခန်းငယ်တို့ကို ကြည့်ရှုကြကာ မူကြိုကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အားဆေးများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန/ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ သူနာပြုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အရည်အသွေးပြည့်ဝသော သူနာပြုစုစောင့်ရှောက်မှုပေးနိုင်ရန် သူနာပြု၊ သားဖွားများကို မွေးထုတ်ပေးနေသည့် သူနာပြု၊ သားဖွား/ နှီးနွှယ်သင်တန်းကျောင်းများ၏ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ပြည်သူလူထု၏ အားကိုးမှုကို ပိုမိုရရှိလာသည့်အတွက် လက်တွေ့သူနာပြုစုရာတွင် စေတနာအပြည့် နွေးထွေးချိုသာစွာ ပြောဆိုဆက်ဆံတတ်စေရန် ပြည်သူ့ဆက်ဆံရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ မွန်မြတ်သောစိတ်ထားနှင့် လူနာများကို ပြုစုစောင့်ရှောက်ခဲ့သည့် သမိုင်းမှတ်တမ်းများရှိသကဲ့သို့ စံနမူနာယူ ထိုက်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းက အမှာစကားပြောကြားပြီး တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သူနာပြုစုမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ သူနာပြုအရာထမ်း၊ အမှုထမ်းများ၊ သူနာပြုသားဖွား၊ နှီးနွှယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် သူနာပြုအရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3248 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download