၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား နိုင်ငံတော်က ဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်
၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား နိုင်ငံတော်က ဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်
Ministry of Information/ Naypyitaw / August 18, 2025
ရန်ကုန် သြဂုတ် ၁၇
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းဆောင်မှုဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်ခဲ့သည်။
ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်
‘‘ပွဲစဉ်တွေအားလုံး ရှုံးပွဲမရှိကစားနိုင်ပြီး ဗိုလ်လုပွဲကို ထိုက်တန်စွာရောက်ရှိခဲ့လို့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသားအားလုံးအတွက် ဂုဏ်ယူပါတယ်။ စည်းလုံး ညီညွတ်မှုအပြည့်နဲ့ ကြိုးစားခဲ့ကြလို့ အားရကျေနပ်မိပါတယ်။ ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခန်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြဖို့ တိုက်တွန်းပါတယ်။ ချန်ပီယံဆုရရှိတာနဲ့ နိုင်ငံတော်ကလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ရရှိတဲ့အချိန်မှာ ဗိုလ်လုပွဲအတွက် စနစ်တကျ အာရုံစိုက်လေ့ကျင့်ပြင်ဆင်ဖို့ မှာကြားလိုပါတယ်’’ ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းအားပေးမှုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မြန်မာအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း၊ အသင်းတာဝန်ခံ ဒေါ်နွယ်နီဦးနှင့် ကစားသမားများထံ ဆက်သွယ်ပြောကြားခဲ့သည်။
အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်မည်
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကစားသမားများကလည်း အားပေးဂုဏ်ပြုမှုကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗိုလ်လုပွဲစဉ်အား နိုင်ငံ့ဂုဏ်မြှင့်တင်ရန် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။
ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးအသင်းအား ဆုငွေ အမေရိကန် ဒေါ်လာသုံးသောင်းနှင့် မြန်မာငွေကျပ် သိန်းနှစ်ထောင် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲစဉ်ကို ဩဂုတ် ၁၉ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် Lach Tray Stadium ၌ မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
Newspaper - 3488 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
